Home 2023 December

Month: <span>December 2023</span>

Post
အတက်အကျဈေး မတည်ငြိမ်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် နှမ်းနက်ဈေးကွက်

အတက်အကျဈေး မတည်ငြိမ်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် နှမ်းနက်ဈေးကွက်

ရွှေမန်း သီတင်းပတ်အတွင်း အတက်  အကျဈေးမတည်ဘဲ အရောင်း အဝယ်ကောင်းနေသည်မှာ နှမ်း နက်တစ်မျိုးသာရှိကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။ လက်ရှိနယ်စပ်တင်ပို့နိုင်မှု အခြေအနေအရ နှမ်းနက်ဈေး ကွက်မှာ အမြင့်ဈေးမှာ ကျဆင်း သွားသော်လည်း  ပေါက်ဈေး အတိုင်း အရောင်းအဝယ်ကောင်း နေသည့် သီးနှံအမယ်တစ်ခုဖြစ် နေပြီးကျန်ပဲများမှာ အရောင်း အဝယ် ခပ်အေးအေးသာ ရှိနေ ခြင်းဖြစ်သည်။  ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး အရောင်းအဝယ်ခပ်အေးအေးသာ ရှိနေကြောင်း နှမ်းတစ်မျိုးသာ  ဈေးကွက်ပေါက်ဈေး အတက် အကျအတိုင်း အရောင်းကောင်း နေကြောင်း တရုတ်လိုင်း အဝယ် မရှိတာကြောင့် မြေပဲဆန်မှာ ဈေး ကျဆင်းနေကာ ပြည်တွင်းဆီစက် ပိုင်များသာ အဝယ်ရှိနေကြောင်း၊ လက်ရှိကာလ ကထိန်ရာသီဖြစ် တာကြောင့် လက်လီဈေးကွက် ကုလားပဲအုပ်စုအရောင်းကောင်း နေကြောင်း...