ရွှေမန်း ဆန်စပါး ဈေးကွက်တွင် ပြီးခဲ့သည့် ဇွန်လက အကျဘက် ရောက်ရှိခဲ့ရာမှာ ဇူလိုင်လကုန်ပိုင်း တွင် မြင့်တက်လာခဲ့ရာ ဆန်စပါး ဈေးတည်ငြိမ်ရေးအတွက် အရန် ဆန်များထုတ်ရောင်းသွားရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က စီစဉ်သွားမည်ဖြစ်ကြောင်း သိရ သည်။ ဆန်စပါးဈေးကွက်တည်ငြိမ် စေရေးအတွက် ပို့ကုန်ကုမ္ပဏီ များ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန် များ၊ အခြားသော အစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များကို ဈေးကွက်အတွင်း အမြန်ဆုံး ရောင်းချမည်ဟုဆိုသည်။ “ကနဦးအစီအစဉ်အနေနဲ့ ၂၅ ရာခိုင်နှုန်းအဆင့် ၅၀ ကီလိုဂရမ် အိတ်ရေ ၅၀၀၀၀ ကို ဦးစွာရောင်း ချမယ်။ လိုအပ်ရင် ထပ်မံဖြည့် ဆည်းရောင်းချဖို့အတွက် စီစဉ် သွားပါမယ်။ဆန်စပါးအသင်းချုပ် အနေနဲ့က ဆန်ဈေးတည်ငြိမ်စေ ရေးနဲ့ စားသုံးသူပြည်သူများ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေဖို့...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
ပြည်တွင်းသကြားဈေးမြင့်တက်လာတာကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် ၁၁၀၀၀၀ ထိ တိုးမြင့်ဝယ်ယူမည်ဟုဆို
ရွှေမန်း ပြည်တွင်းသကြားဈေးမြင့် တက်လာသောကြောင့် လာမည့် ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းနှစ်သောင်းထိ တိုးမြင့် ဝယ်ယူမည်ဖြစ်ကြောင်း သကြား စက်ရုံများက သတင်းထုတ်ပြန် ထားသည်။ ၂၀၂၂-၂၀၂၃ ကြံရာသီတွင် မတ်လပိုင်းက ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ထိတိုးမြင့် ဝယ်ယူခဲ့ရာမှ ယခုပြည်တွင်း သကြားဈေး မြင့်တက်လာခြင်း ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲ သကြားစက်ရုံက ဩဂုတ် ၁ရက် သတင်းထုတ်ပြန် ထားသည်။ လက်ရှိပြည်တွင်းသကြား တစ်ပိဿာဈေး ငွေကျပ် ၃၃၀၀ ပေါက်ဈေးရှိနေပြီး ယခုသီတင်း ပတ်အတွင်း ဈေးမြင့်တက်လာ ခြင်းဖြစ်သည်။ ယခင်နှစ်က ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ထိ သကြားစက် ရုံတွေက ပေးဝယ်ခဲ့သော်လည်း ယခုနှစ်ကြံရာသီမတိုင်မီ ပြည်တွင်း သကြားဈေး မြင့်တက်လာတာ ကြောင့်...
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ် စတင်ကျင့်သုံးမည် ။
ရွှေမန်း နယ်စပ်ကုန်သွယ်မှု၌ ၂၀၂၂ ခုနစ်၊နိုဝင်ဘာ ၁ ရက်နေ့ကစတင်၍ ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရးတွင် ဘဏ် စနစ်ဖြင့် ကနဦးအဆင့် ကျင့်သုံးခဲ့ပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်လည်း၂၀၂၃ ခုနှစ်၊သြဂုတ် ၁ ရက်နေ့မှ စတင်ကာ ဘဏ်စနစ်ဖြင့် ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်နင့် သက်ဆိုင် သည့် သတင်းလွှာ (၁၀/၂၀၂၃)ဖြင့် ထုတ်ပြန်အသိပေးထားသည်ဟုဆိုသည်။ “တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်နစ်ကျင့်သုံးမှာဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံက သွင်းကုန်ပစ္စည်းတွေ တင်သွင်းရာမှာ ပို့ကုန်တင်ပို့မှုက ရရှိတဲ့ ဝင်ငွေ၊ အခြားဝင်ငွေများနင့် ပြည်တွင်း ဘဏ်မှဖြစ်စေ၊ဝယ်ယူရရှိထား သော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ကို အသုံးပြုတင်သွင်းခွင့် ပြုမှာဖြစ်လို့ သက်ဆိုင်ရာ ဘဏ်များကတဆင့် သွင်းကုန်အတွက် ငွေပေးချေရမှာပါ”ဟု ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရာ၌...