Home 2023 June

Month: <span>June 2023</span>

Post
ပဲစင်းငုံအပါအဝင် ပြည်တွင်းသုံးပဲမာ လိုင်းများ စံချိန်တင် အမြင့်ဈေး တန်းဖြင့် အရောင်းအဝယ်သွက် နေ

ပဲစင်းငုံအပါအဝင် ပြည်တွင်းသုံးပဲမာ လိုင်းများ စံချိန်တင် အမြင့်ဈေး တန်းဖြင့် အရောင်းအဝယ်သွက် နေ

ရွှေမန်း ပဲစင်းငုံအပါအဝင် ပို့ကုန် ပဲများနှင့် ပြည်တွင်းသုံးပဲမာ လိုင်းများ စံချိန်တင် အမြင့်ဈေး တန်းဖြင့် အရောင်းအဝယ်သွက် နေကြောင်း ပဲနှမ်းကုန်သည်များ ထံက သိရသည်။ ပြည်တွင်းလက်ကျန် နည်းပါးလာခြင်းနှင့်အတူ အိန္ဒိယ ဝယ်လိုအား ကောင်းလာခြင်း၊ ပို့ ကုန်ပဲများ FOB ပေါက်ဈေး မြင့်တက်လာခြင်း၊ အရောင်း သမားများက ထိန်းရောင်းနေခြင်း တို့ကြောင့် ပဲစင်းငုံမှာ စံချိန်တင် အမြင့်ဈေးဖြစ်လာပြီး သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ကျော်အထိ ပေါက်ဈေးဖြစ်လာ ကာ အခြား ပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။ “ ပဲ၊ နှမ်း ဈေးကွက်မှာ အမြင့် ဈေးတန်းတွေနဲ့ အရောင်းအဝယ် ခပ်သွက်သွက် ဖြစ်နေပါတယ်။ပို့ကုန်ပဲ အပါအဝင် ကုလားပဲမျိုးစုံ...

Post
တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ထားသော ပဲမျိုးစုံတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းကျော် တရုတ်ဗဟိုအစိုးရ သိမ်းယူထား

တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ထားသော ပဲမျိုးစုံတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းကျော် တရုတ်ဗဟိုအစိုးရ သိမ်းယူထား

ရွှေမန်း မြန်မာ-တရုတ်ကုန်သွယ်မှု အခွန်ဆိုင်ရာ ပြဿနာများကြောင့် မြန်မာကုန်သည်များ၏ ပဲမျိုးစုံ တန်ဖိုးကျပ် သိန်းပေါင်းသုံးသိန်း ကျော်ကို တရုတ်ဗဟိုအစိုးရက သိမ်းယူခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ သားကုန်သည်အချို့ ဖမ်းဆီးခံထား ရကြောင်း သိရသည်။ ဧပြီ ၂၃ ရက်က တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဝမ်တိန်သစ် သီးကွင်းအတွင်းရှိ မြန်မာကုန်သည် များပိုင်ဆိုင်သည့် ပဲမျိုးစုံသိုလှောင် ထားရှိသော ဂိုထောင်များနှင့်တရုတ် ကုန်သည်အချို့ကို ဖမ်းဆီးထိန်း သိမ်းမှုများနှင့်အတူ မြန်မာ၊ တရုတ်ပဲမျိုးစုံကုန်သွယ်မှု ရပ်ဆိုင်း သွားခဲ့ရာ ပြည်တွင်း၌လည်း တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဲ၊ နှမ်း အချို့ ဈေးကွက်ကျဆင်းခဲ့ကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။ မြန်မာကုန်သည်များ၏ ကျပ် သိန်းပေါင်း သုံးသိန်းကျော်တန်ဖိုး ရှိ ပဲ၊ နှမ်းများကို တစ်ဖက်တရုတ် နိုင်ငံကုန်သည်များထံသို့ ရောင်းချ ရန်...

Post
ပြည်တွင်းသုံး ကုလားပဲအုပ်စု လက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာ

ပြည်တွင်းသုံး ကုလားပဲအုပ်စု လက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာ

ရွှေမန်း ပြည်တွင်းသုံး ကုလားပဲ အုပ်စုလက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရ သည်။ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးဆက်လက်မြင့်တက်နိုင်ခြင်း မရှိသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ မေလဆန်းပိုင်း ထက် ဈေးမြင့်တက်လာရာ ကု လားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ နီးပါးထိဈေးမြင့်တက် လာကြောင်း ပို့ကုန်မတ်ပဲဈေးမှာ အနည်းငယ်ပြန်လည်အေးသွားပြီး တစ်အိတ်လျှင် ငွေကျပ်၂၂၀၀၀၀ ခန့်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုခါမုန်တိုင်းကြောင့် နှမ်းစိုက်ခင်း အချို့ ပျက်စီးမှုရှိတာကြောင့် နှမ်း မျိုးစုံဈေးကွက် ပြန်လည်မြင့်တက် လာရာ နှမ်းသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အထက် ပြန်လည်ရောက်ရှိလာ ကြောင်း မြေပဲအနီလုံးဆန်မှာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ ၈၅၀၀ခန့်ဖြင့် ဈေးတည်ငြိမ်နေ ကြောင်း ဦးကျော်သွင်(ရွှေစင်...