Home 2023 June

Month: <span>June 2023</span>

Post
အမြင့်ဈေးတွင်ရှိနေသည့် ငရုတ်သီးခြောက်ဈေးကွက်

အမြင့်ဈေးတွင်ရှိနေသည့် ငရုတ်သီးခြောက်ဈေးကွက်

ရွှေမန်း ပြည်တွင်းစားသုံးမှု ပုံမှန်ရှိနေ သည့်အတွက် ငရုတ်သီးခြောက် အမြင့်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း ငရုတ်သီးဝယ်ရောင်းလုပ်ကိုင်သူ များထံမှ သိရသည်။ ပြည်ပဝယ်ယူ မှု လျော့နည်းနေသော်လည်း ပြည်တွင်းထွက်ရှိမှုမှာ ပြည်တွင်း စားသုံးမှုနှင့်တင် လုံလောက်မှု ရှိနေသည့်အတွက် ဈေးနှုန်းမှာ အမြင့်ဈေးတွေငြိမ်နေခြင်းဖြစ် ကြောင်း သိရသည်။ “ ငရုတ်သီးခြောက်ဈေးက အတက်ဈေးနဲ့ ငြိမ် နေကြပြီး ပုံမှန်ပဲသွားနေတယ်။ အရောင်းအဝယ်တော့ အနည်းလေး အေးတယ်။ ပြီးခဲ့တဲ့နှစ်လောက် ဈေးကွက်မဖြစ်လောက်ဘူး။ ဆက် တက်ရင်လဲ ငွေကျပ် ၁၇၀၀၀၊ ၁၈၀၀၀ မကျော်ဘူး။ ပြီးခဲ့တဲ့နှစ် က ၂၀၀၀၀ ကျော်အထိရခဲ့တာ။ တောင်သူအတွက်တော့ ဒီဈေးက တွက်ခြေကိုက်တယ်။ လှောင်ကုန် ထားတဲ့သူတွေကတော့ ဒီဈေးနဲ့ မကိုက်ဘူး ´´ဟု ငရုတ်စိုက်ပျိုး ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ လက်ရှိ ငရုတ်သီးခြောက်...

Post
အသစ်ဝင်နှမ်းများ ဈေးမြင့်တက်နေပြီး လက်ကျန်နည်းလာသည့် မြေပဲဆန် ဈေးမြင့်တက်လာ

အသစ်ဝင်နှမ်းများ ဈေးမြင့်တက်နေပြီး လက်ကျန်နည်းလာသည့် မြေပဲဆန် ဈေးမြင့်တက်လာ

ရွှေမန်း အသစ်ဝင်နှမ်းမျိုးစုံ ဈေးမြင့် တက်နေပြီး ပြည်တွင်းလက်ကျန် နည်းလာသည့် မြေပဲဆန်မှာ ဈေး ပြန်မြင့်တက်၊ အရောင်းအဝယ် သွက်နေကြောင်း ပဲနှမ်းကုန်သည် များထံက သိရသည်။ စံချိန်တင်ဈေးမြင့်တက်နေ သည့် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ မှာ အတက်ဈေး ရပ်တန့်သွားပြီး ပုံမှန်သာ အရောင်းအဝယ်ရှိနေ သည်။ လက်ရှိ ပဲနှမ်းဈေးကွက် တွင် တရုတ်လိုင်းတင်ပို့ရန် အဝယ် ရှိနေတာကြောင့် အသစ်ဝင် နှမ်း မျိုးစုံနှင့် လက်ကျန်နည်းလာသည့် မြေပဲဆန်မှာ ခပ်သွက်သွက် အရောင်းအဝယ်ဖြစ်နေသည်။ မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးပြန် ကျဆင်းသွားကြောင်း၊ ပြည်တွင်း သုံး ကုလားပဲအုပ်စုမှာ အရောင်း ထိန်းနေတာကြောင့် ဈေးရပ်တန့် နေကြောင်း၊ အသစ်ဝင်နှမ်းမျိုးစုံမှာ အထွက်နှုန်းနည်းပါးခြင်း၊ စိုက်ခင်း များပျက်စီးမှုရှိခြင်းတို့ကြောင့် နှမ်း ပေါက်ဈေးမှာ ပြန်လည်မြင့်တက်...

Post
ပို့ကုန် ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု စံချိန်တင် ဈေးမြင့်တက်နေ

ပို့ကုန် ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု စံချိန်တင် ဈေးမြင့်တက်နေ

ရွှေမန်း ပို့ကုန် ပဲစင်းငုံနှင့် ပြည်တွင်း သုံး ကုလားပဲအုပ်စုသာ စံချိန်တင် ဈေးမြင့်တက်နေသော်လည်း အခြား ပဲမာလိုင်းများမှာ ပုံမှန်သာအရောင်း အဝယ်ရှိကြောင်း ပဲနှမ်းကုန်သည် များထံက သိရသည်။ ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အရောင်းသမားများ ထုတ်ရောင်းသည့် ပမာဏလောက် စောင့်ဝယ်ယူရသည့် အခြေအနေ ဖြစ်တာကြောင့် စံချိန်တင် ပေါက် ဈေးတွေဖြစ်လာကြောင်း၊နှမ်းမျိုးစုံ ဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀ç၀၀၀ အထိ အမြင့်ဈေးဖြင့် အရောင်း အဝယ်သွက်နေကြောင်း ပို့ကုန်ပဲ များတွင် ပဲစင်းငုံဈေးမှာ ဆက်လက် မြင့်တက်နေသော်လည်း မတ်ပဲ ဈေးမှာ ပုံမှန်သာအရောင်းအဝယ် ရှိကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။ “ပြည်တွင်းသုံးကုလားပဲ ပေါက်ဈေးတွေက ပဲဈေးကွက်မှာ မကြားဘူးတဲ့ ပေါက်ဈေးတွေ ဖြစ်လာတယ်။ လက်ကျန်နည်း...

Post
“သတင်းဌာနတွေရဲ့ စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်တွေ ဖြန့်ဝေပါ”

“သတင်းဌာနတွေရဲ့ စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်တွေ ဖြန့်ဝေပါ”

အရင်ဆုံး လူထုအကျိုးပြုလှုံ့ဆော်ချက် (Public Service Announcement- PSA) က ဘာလဲဆိုတာရှင်းပြပါရစေ။ အများပြည်သူအကျိုးရှိစေမယ့်၊ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်တွေကို ကြိုတင်ကာကွယ်နိုင်မယ့် အသိပညာ၊ ဗဟုသုတတွေကို ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်ခြင်းတွေဟာ လူထုအကျိုးပြုလှုံ့ဆော်ချက် Public Service Announcement ပါပဲ။အဲဒီ Public Service Announcement တွေက အများပြည်သူအတွက် ဘာကြောင့်အရေးပါသလဲဆိုတာကိုလည်း ဆက်ရှင်းပြပါမယ်။ဥပမာအားဖြင့်ပြောရရင် မိုင်းဘေး၊ စစ်ကျန်လက်နက်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် စတဲ့ သဘာဝဘေး၊ လူလုပ်ဘေး မျိုးစုံကနေ ကြိုတင်ကာကွယ်နိုင်ကြဖို့ဆိုရင် ကာကွယ်ပုံ၊ ကာကွယ်နည်းလမ်းတွေကို ပြည်သူတွေ သေချာ သိထားဖို့လိုပါတယ်။ အဲဒီလိုသိထားဖို့ဆိုရင် PSA တွေနဲ့ ပြည်သူကို ပညာပေးလှုံ့ဆော်ရပါတယ်။ ဒါမှသာပဲ ထိခိုက်၊ သေဆုံး၊ ဆုံးရှုံးမှုတွေကို လျှော့ချကာကွယ်နိုင်မှာပါ။ အလားတူပဲ...

Post
မိုခါ မုန်တိုင်းအပြီး ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းခဲ့ရာမှ အတက်ဘက်သို့ ဦးတည်လာ

မိုခါ မုန်တိုင်းအပြီး ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းခဲ့ရာမှ အတက်ဘက်သို့ ဦးတည်လာ

ရွှေမန်း ကြက်သွန်နီဈေးကွက်တွင် မိုခါမုန်တိုင်းအပြီးဈေးအနည်းငယ်ကျဆင်းခဲ့ရာ လက်ရှိအခြေအနေတွင် ဈေးကွက် အေးနေသော်လည်း လာမည့်ရက်များတွင် အတက်ဘက်သို့ ဦးတည်လာနိုင်ကြောင်း မန္တလေးဈေးချိုကြက် သွန်နီဈေးကွက်မှသိရသည်။ ပြည်ပဝယ်လိုအားအဖြစ် ဗီယက်နမ်နှင့် တရုတ်ဘက်မှ အဝယ်ပုံမှန်နီးပါးရှိနေသည့်အတွက် ကြက်သွန်နီဈေး ကွက်မှာ တစ်ပိဿာလျင် ငွေကျပ် ၁၆၀၀ အောက်ကျဆင်းခြင်းမရှိဘဲ ငွေကျပ် ၂၀၀၀ ဝန်းကျင်တွင် အတက်အ ကျဈေးကစားနေသည်ဟုဆိုသည်။ “မိုခါမုန်တိုင်းနောက်ပိုင်းမိုးရွာတော့ ကြက်သွန်တွေ စိုထိုင်းပြီး အရည်အသွေးကျဆင်းလို့ ဈေးကျရာက ဈေးပြန် မြင့်လာသလို အတက်ဘက်ဦးတည်နိုင်တယ်။နေပူတဲ့အခါမှာလည်း ကြက်သွန်တွေ အခွံကျွတ်များပြီး အလေး ချိန်လျော့တာမျိုးလည်းရှိတော့ လျော့သွားတဲ့အပေါ် တစ်ပိဿာ ငွေကျပ်၂၀၀ လောက်ဈေးတင်ကြတယ်”ဟု ဈေးချို (ကိုင်းတန်းဈေး)ရှိ ကြက်သွန်နီပွဲရုံတစ်ခုမှ ပြောသည်။ မန္တလေးကြက်သွန်နီဈေးကွက်တွင် ဆောင်းရာသီ၌ မြစ်သားဘက်မှ ကြက်သွန်နီများဝင်ရောက်မှု များပြား ကာ နွေရာသီတွင် မြစ်သားကြက်သွန်ရှားပါးသွားသဖြင့် မြင်းခြံ၊...

Post
စင်ကာပူသို့အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန် ၁၀၀ တငိပို့သွားမည်

စင်ကာပူသို့အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန် ၁၀၀ တငိပို့သွားမည်

ရွှေမန်း စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းကနေ အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန်ချိန် (၁၀၀) ခန့် တင်ပို့ သွားမည်ဖြစ်ကြောင်း သဇင်နွယ် ကုမ္ပဏီ က သိရသည်။ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က သဇင်နွယ်သရက်ခြံထွက် သရက်သီးတွေအပြင် ဒေသထွက် စိန်တလုံးသရက်သီးတွေကို စင်ကာပူဈေးကွက်ဆီ ဇွန်လ ဆန်းပိုင်း ကတည်းက စတင် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ တစ်ရက်ကို သရက်သီး (၇-၈) တန် ဝင်ဆံ့သည့် ကွန်တိန်နာတွေနဲ့ စိန်တလုံးသရက် တန် ၄၀ ခန့်ကို ကွန်တိန်နာ ၅ စီးနဲ့ တင်ပို့ပြီးပြီးဖြစ်ကြောင်း ယခုနှစ်တွင် အသီး အထွက်နှုန်းနည်းပါးတာကြောင့် အရည်အျသွးမီ စိန်တလုံးသရက်သီးစျေး တိုးမြင့်ပေးဝယ်ရကြောင်း သဇင်နွယ် ကုမ္ပဏီ မှ မန်နေဂျာ ဦးဌေးအောင်ကပြောသည်။ ‘‘ယခုနှစ် သရက်သီးရာသီမှာ ဇွန်လလယ်အထိ...

Post
စပါးဈေးမြင့်ပြီး တောင်သူလက်ဝယ် စပါးမရှိသလောက် နည်းပါးပြီး ဆန်ဈေးအတက်ဘက် ဦးတည်နိုင်

စပါးဈေးမြင့်ပြီး တောင်သူလက်ဝယ် စပါးမရှိသလောက် နည်းပါးပြီး ဆန်ဈေးအတက်ဘက် ဦးတည်နိုင်

ရွှေမန်း စပါးဈေးမှာ ယခင်လများ ထက် အမြင့်ပိုင်းသို့ ရောက်ရှိနေပြီး တောင်သူလက်ဝယ်၌ စပါးလက် ကျန်မရှိသလောက် နည်းပါးခြင်း ကြောင့် ဆန်ဈေးအတက်ဘက် ဦးတည်နိုင်ကြောင်း ဆန်ကုန်သည် အချို့က သုံးသပ်ကြသည်။ ဆန်၊စပါးဈေးမြင့်တက်ခြင်း မှာ လှောင်လက်များပြားပြီး စပါး ရှားပါးချိန် ဈေးအမြင့်နှင့် ရောင်း ချခြင်းမှာ အဓိကဖြစ်သည်ဟု ဆို သည်။ “စပါးက တောင်သူလက်ထဲ မှာ မရှိသလောက်နည်းပါးသွားပြီး လှောင်လက်တွေထဲ ရောက်ကုန် တော့ ဈေးကိုင်တဲ့အနေအထား တွေဖြစ်လာတယ်။စပါးတင်း ၁၀၀ ကို ငွေကျပ် သိန်း ၂၀ ပေးတာ တောင် စပါးရောင်းသူမရှိဖြစ် နေတာ။စပါးမရှိတော့ ဆန်ဈေး လည်း မြင့်လာတယ်။ခြုံငုံသုံးသပ် ရင် ဆန်ဈေးက အတက်ဘက် ဦးတည်နေတာပေါ့´´ဟု ဆန်ပွဲစား တစ်ဦးက ပြောသည်။...