Home 2023 April

Month: <span>April 2023</span>

Post
စပါးအထွက်နှုန်းကောင်းစေရန် ပေါင်းမြက်ကို စနစ်တကျနှိမ်နင်းရန် လိုအပ်

စပါးအထွက်နှုန်းကောင်းစေရန် ပေါင်းမြက်ကို စနစ်တကျနှိမ်နင်းရန် လိုအပ်

ရွှေမန်း စပါးခင်းများတွင် ပေါင်း (စပါးမှလွဲ၍ အခြားမည်သည့် အပင်မဆို) မနှိမ်နင်းနိုင်ပါက စပါးအထွက်နှုန်းကို လျော့ကျစေ သည်။ ပေါင်းမနှိမ်နင်းပါက ပျိုးထောင်စိုက်ခင်းများတွင် အထွက် နှုန်း ၅၀ရာခိုင်နှုန်းအထိ ကျဆင်း နိုင်ပြီး တိုက်ရိုက်စိုက်(အစေ့ချနှင့် ကြဲသားခင်း)များတွင် အထွက်နှုန်း ၄၅-၇၀အထိ ကျဆင်းနိုင်ကြောင်း သိရသည်။စပါးအထွက်နှုန်းကောင်းစေ ရန်အတွက် ပေါင်းနှိမ်နင်းခြင်း သည် အလွန်အရေးကြီးတာကြောင့် ပေါင်းများကို လူ၊ ကြားပေါင်း လိုက် စက်ကိရိယာများနှင့် ပေါင်း သတ်ဆေးများ အသုံးပြုခြင်းဖြင့် နှိမ်နင်းနိုင်သည်။ စပါးခင်းထဲတွင် ရေအနည်း ငယ်သာရှိမည်ဆိုလျှင် ပေါင်း ပြဿနာများနိုင်ပြီး ပေါင်းများ ထွက်ပေါ်လာခြင်းသည် စပါး ပင်ပွားထွက်ခြင်းကို အခက်အခဲ ဖြစ်စေသည်။ စပါးပင်ပွား အား ကောင်းခြင်း၊ မကောင်းခြင်းသည် စပါးအထွက်နှုန်းနှင့်တိုက်ရိုက် ဆက်စပ်နေတာကြောင့် အထွက် နှုန်းမကျဆင်းစေရန်...

Post
အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံး သရက်သီးများ ဈေးကောင်းပေး ဝယ်မည်

အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံး သရက်သီးများ ဈေးကောင်းပေး ဝယ်မည်

ရွှေမန်း အရည်အသွေးကောင်း အိတ် စွပ် စိန်တလုံးသရက်သီးများကို အရည်အသွေးအလိုက်ဈေးကောင်း ပေးဝယ်မည်ဖြစ်ကြောင်း သဇင်နွယ် သရက်ခြံမှ သိရသည်။ ပို့ကုန် စိန်တလုံး သရက်သီး အဖြစ် စင်ကာပူနိုင်ငံသို့ တင်ပို့နိုင်ရန် သဇင်နွယ် သရက်ခြံမှ မန္တလေး၊ စစ်ကိုင်းဒေသများမှ ထွက်ရှိသော အိတ်စွပ် အရည်အသွေးမီ စိန်တလုံး သရက်သီးများကို အရွယ်အစား အလိုက် ၂၅၀-၃၀၀ဂရမ်၊ ၃၀၀-၃၅၀ဂရမ်၊၃၅၀-၄၀၀ဂရမ်၊၄၀၀- ၄၅၀ ဂရမ်အရွယ် သရက်သီး များကို တစ်တန်လျှင် ၁၀ သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူမည်ဖြစ် ကြောင်း သိရသည်။ ယခင်နှစ်က အရည်အသွေး ကောင်း စိန်တလုံးသရက်သီး တစ်တန်လျှင် ငွေကျပ် ၉ သိန်းခွဲ ခန့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် သရက်သီးထွက်နှုန်းကျဆင်းမှု ကြောင့် ယခင်နှစ်ထက် ဈေးပိုမို...

Post
ရာသီဥတုပြောင်းလဲမှုကြောင့် လာမည့်သရက်သီးရာသီတွင် အသီးတင်မှု လျော့ကျနိုင်

ရာသီဥတုပြောင်းလဲမှုကြောင့် လာမည့်သရက်သီးရာသီတွင် အသီးတင်မှု လျော့ကျနိုင်

ရွှေမန်း သရက်ပန်းပွင့်ချိန်တွင် ရာသီ ဥတုပူပြင်းခဲ့တာကြောင့် သရက်ပွင့် များ ခြောက်ကာ အသီးတင်မှုလည်း လျော့ကျနိုင်ကြောင်း သရက်စိုက် တောင်သူများထံက သိရသည်။ ဖေဖော်ဝါရီ၊ မတ်လများတွင် ညအပူချိန် မြင့်မားခဲ့ပြီး သရက် ပန်းပွင့်များ ကြွေကျမှုများခဲ့ ကြောင်း သီတင်းကျွတ်နောက်ပိုင်း မိုးရွာသွန်းမှု မရှိခြင်းကြောင့်လည်း သရက်ပန်းပွင့်မှုအားနည်းခဲ့ကြောင်း၊ ရေသွင်း၊ အစာကျွေးပြုစုစောင့် ရှောက်သည့် သရက်ခြံအချို့သာ အသီးကောင်းကောင်းရနိုင်မည် ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် သရက်တောင်သူတစ်ဦးက ပြော သည်။ “သီတင်းကျွတ်နောက်ပိုင်း မိုးလုံး၀ ရွာသွန်းခြင်းမရှိဘူး။သရက်ပန်းပွင့်ချိန် ရာသီဥတုပူပြင်း တာကြောင့်လည်း သရက်ပန်းပွင့် များ အကြွေ၊ အခြောက်များခဲ့ တယ်။ ဂရုတစိုက်နဲ့ ရေသွင်း၊ မြေဩဇာထည့် ပိုးသတ်ဆေးဖျန်း ပြုလုပ်တဲ့ သရက်ခြံအချို့ပဲ အသီး ကောင်းကောင်းရနိုင်တယ်။ ခြံ တော်တော်များများ ပြုစုနိုင်ခြင်း...

Post
မြေပဲဆီသန့် တစ်ပိဿာ ငွေကျပ် ၅၀၀ ဝန်းကျင် ဈေးမြင့်လာ

မြေပဲဆီသန့် တစ်ပိဿာ ငွေကျပ် ၅၀၀ ဝန်းကျင် ဈေးမြင့်လာ

ရွှေမန်း ပြည်တွင်းစားသုံးသူဈေးကွက် တွင် မြေပဲဈေးတက်လာသည့် အတွက် ဧပြီ ၁ ရက်မှစ၍ မြေပဲ ဆီသန့် တစ်ပိဿာ ငွေကျပ် ၅၀၀ ဝန်းကျင် ဈေးမြင့်တက်လာခဲ့ ကြောင်း မန္တလေးမြို့ဆီစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စားသုံးသူဈေးကွက်တွင် မြေပဲဆီကို စားအုန်းဆီရောနှော ရောင်းချသူအချို့ရှိပြီး ဈေးတန်းမှာ လည်း ဆီသန့်ထက် ဈေးနှုန်း လျှော့ချရောင်းသူများလည်းရှိသည် ဟုဆိုသည်။ “မနေ့ကမှ တစ်ပိဿာ ငွေကျပ် ၅၀၀ ဈေးတက်ရောင်း တာပါ။ ကုန်ကြမ်းဖြစ်တဲ့ မြေပဲ ဈေးတက်လာတယ်။ သူကလည်း ပြီးခဲ့တဲ့ တစ်ပတ်လောက်ကထက် တစ်ပိဿာ ငွေကျပ် ၄၀၀ လောက် ဈေးမြင့်လာတယ်။ ဆီကြိတ်ရာမှာ နထစသမအ မြေပဲကို ကြိတ်တဲ့သူ ရှိသလို တခြားမြေပဲကို ကြိတ်တာ လည်းရှိတယ်´´ဟု ၎င်းက...

Post
သင်္ကြန်ကာလနောက်ပိုင်းမှသာလျှင် ပဲ၊ နှမ်းဈေးကွက်အရောင်းအဝယ် ပြန်သွက်လာမည်

သင်္ကြန်ကာလနောက်ပိုင်းမှသာလျှင် ပဲ၊ နှမ်းဈေးကွက်အရောင်းအဝယ် ပြန်သွက်လာမည်

ရွှေမန်း သင်္ကြန်ကာလနီးလာတာ ကြောင့် ပဲ၊ နှမ်းဈေးကွက်တစ်ခု လုံး အရောင်းအဝယ်အေးနေပြီး သင်္ကြန်ပိတ်ရက်များနောက်ပိုင်းမှ သာလျှင် ပဲ၊နှမ်းဈေးကွက်အရောင်း အဝယ်ပြန်သွက်လာမည်ဖြစ်ကြောင်း ပဲကုန်သည်များထံက သိရသည်။ လက်ရှိအချိန်တွင် အရေ အတွက်အနည်းငယ်သာ အရောင်း အဝယ်ဖြစ်နေပြီး အိတ်ရေ ရာ၊ ထောင်ချီသော အရောင်းအဝယ် မျိုးမရှိသေးဘဲ အရောင်းအဝယ် အေးနေခြင်းဖြစ်သည်။ သယ်ယူ ပို့ဆောင်မှုစရိတ်နှင့် ငွေပေးချေမှု မြန်ဆန်မှုအပေါ်မူတည်ပြီး အရောင်း အဝယ်ဖြစ်နေခြင်းဖြစ်သည်။ “သင်္ကြန်နားနီးတော့ အရောင်း အဝယ်က တစ်ဦးတစ်လေပဲ အဝယ် ရှိတော့တယ်။ ပမာဏအားဖြင့် လည်း အနည်းငယ်လောက်နဲ့ ငွေပေးမြန်မြန်ရှိတဲ့ သူတွေပဲ အရောင်းအဝယ်ဖြစ်နေတာပါ။ သင်္ကြန်ကာလနောက်ပိုင်းမှသာ အိတ်ရေပမာဏများများနဲ့ အရောင်း အဝယ် ပြန်သွက်လာမှာပါ´´ဟု တက်နေလင်းပွဲရုံမှ ဦးဇင်မင်းဦးက ပြောသည်။ ဧပြီလဆန်းပိုင်းရက်များတွင် ပို့ကုန်ပဲ ပဲစင်းငုံတစ်အိတ် ငွေကျပ်...

Post
တရုတ်ဈေးကွက်တွင် ဖရဲ၊ သခွား ရာသီကုန်ချိန်ရောက်ပြီဖြစ်၍ ဈေးကောင်းရ

တရုတ်ဈေးကွက်တွင် ဖရဲ၊ သခွား ရာသီကုန်ချိန်ရောက်ပြီဖြစ်၍ ဈေးကောင်းရ

ရွှေမန်း ပြည်တွင်းမှ တင်ပို့သည့် ဖရဲ၊ သခွားများကို တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိရာ ရာသီကုန်ချိန် ရောက်ရှိပြီဖြစ်၍ ဈေးကောင်းရ နေပြီး အစီးလိုက်ပြတ်ဈေးမှာ တရုတ်ယွမ်ငွေ ၉၀၀၀၀ အထိရရှိ ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီး ၀လံ ဈေးကွက်မှသိရသည်။ဖရဲ၊သခွားမှာ ရာသီကုန်ချိန် ဖြစ်၍ ရှားပါးလာသောကြောင့် မူဆယ် ၁၀၅ မိုင်သို့ ဝင်ထွက်သည့် သစ်သီးကားများမှာ မတ်လဒုတိယ ပတ်နောက်ပိုင်း တစ်ရက်လျှင် အစီး ရေ ၉၀ ဝန်းကျင်သာရှိကာ လျော့ နည်းသွားသည်ဟု ဆိုသည်။ ဖရဲ၊သခွားတွေက ရှမ်းပြည် ဘက်က နောက်ဆုံးထွက်တဲ့ အသီးတွေ ဈေးကွက်ရောက်လာ တယ်။ ရာသီချိန်ကုန်ပြီဖြစ်လို့ မတ်လဆန်းက တစ်ရက်ကို သစ်သီး ကား အစီးရေ ၁၅၀ ဝန်းကျင်...

Post
ဈေးကွက်အာမခံချက်ရှိလာတာကြောင့် အစေ့ကြားကြက်ဆူ စိုက်ပျိုးရန်တောင်သူများ စိတ်ဝင်စားလာ

ဈေးကွက်အာမခံချက်ရှိလာတာကြောင့် အစေ့ကြားကြက်ဆူ စိုက်ပျိုးရန်တောင်သူများ စိတ်ဝင်စားလာ

ရွှေမန်း အခြားသီးနှံများထက် စီးပွားရေး တွက်ခြေကိုက်တာကြောင့် အစေ့ ကြား ကြက်ဆူကို စိုက်ပျိုးရန် တောင်သူများ စိတ်ဝင်စားလာ ကြောင်း စမ်းသပ်စိုက်ပျိုးသည့် တောင်သူများထံက သိရသည်။ ယင်း အစေ့ကြားကြက်ဆူမှာ ယခင်မြန်မာနိုင်ငံမှာ စိုက်ပျိုးခဲ့သော ခြံစည်းရိုးကြက်ဆူနှင့် လုံး၀မတူဘဲ အထွက်နှုန်းမြင့် Hybrid မျိုးဖြစ် သည်။ တစ်ဧကလျှင် အနည်းဆုံး တင်း ၆၀ ထွက်ရှိပြီး သွင်းအားစု နှင့် ပြုစုမှုကောင်းပါက တစ်ဧက လျှင် တင်း ၈၀မှ ၁၀၀အထိ ထွက် ရှိနိုင်ကြောင်း တစ်ဧကလျှင် အကျိုး အမြတ် ငွေကျပ် ၂၄ သိန်းမှ သိန်း ၃၀အထိ ရရှိနိုင်ကြောင်း Greenserve Agri Business Co.,ltd MDမှ အုပ်ချုပ်မှု ဒါရိုက်တာ...

  • 1
  • 2