Home 2023 March

Month: <span>March 2023</span>

Post
ကြက်သွန်နီအဝင်များသည့်အတွက် မန္တလေးဈေးကွက်တွင် အတက်အကျမရှိဘဲ ပုံမှန်အနေအထားတွင်ရှိနေ

ကြက်သွန်နီအဝင်များသည့်အတွက် မန္တလေးဈေးကွက်တွင် အတက်အကျမရှိဘဲ ပုံမှန်အနေအထားတွင်ရှိနေ

ရွှေမန်း ယခုလပိုင်းတွင် ကြက်သွန်နီထွက်အားကောင်းနေပြီး တောင်သူများက လက်ဝယ်မထားတော့ဘဲ ရောင်းချ နေခြင်းကြောင့် မန္တလေးဈေးကွက်သို့ အဝင်များကာ အတက်အကျမရှိဘဲ ယခင်လက ဈေးများအတိုင်း ပုံမှန်အနေ အထားတွင်ရှိနေကြောင်း မန္တလေးကြက်သွန်ဈေးကွက်မှ သိရသည်။ အထွက်နှုန်းများချိန် ဈေးကျဆင်းသည်ဆိုသော်လည်း လက်ရှိတွင် ကြက်သွန်နီကို ဗီယက်နမ်၊တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်တင်ပို့ရန် ဝယ်ယူမှုများကြောင့် ကြက်သွန်နီတစ်ပိဿာလျင် ငွေကျ ၁၀၀၀ အထက်တွင် ဈေးငြိမ်နေ သည်ဟုဆိုသည်။ “ကြက်သွန်ပေါပြီဆိုရင် တစ်ပိဿာ ၂၀၀-၃၀၀ တောင် ဝယ်သူမရှိဖြစ်ခဲ့တဲ့နှစ်မျိုးရှိခဲ့ဖူးတယ်။ကြက်သွန် ထွက် အားကောင်းတဲ့ ခုလိုချိန်မှာ ပြည်ပက ဝယ်တာရှိနေလို့ ဈေးက အကျနှေးတာပါ။ပြည်ပဝယ်ယူမှုက လည်း ခြောက်တာနဲ့ ကောင်းတာပဲဝယ်တော့ ခုဝင်လာတာက အသစ်ဖြစ်လို့ ကြက်သွန်က စိုနေတာ။ သူတို့ဝယ်လို့ လည်းဈေးက တင်းခံနေတဲ့သဘောပဲ”ဟု မန္တလေးမြို့ ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံပိုင်ရှင် ကိုမောင်က...

Post
ပြည်ပဈေးကွက်၌ ငရုတ်သီးစိမ်းကျဆင်းသော်လည်း ငရုတ်သီးခြောက်ဈေးကွက် အလားအလာ ကောင်းလာနိုင်

ပြည်ပဈေးကွက်၌ ငရုတ်သီးစိမ်းကျဆင်းသော်လည်း ငရုတ်သီးခြောက်ဈေးကွက် အလားအလာ ကောင်းလာနိုင်

ရွှေမန်း ပြည်တွင်းမှ ထွက်ရှိသော ငရုတ်သီးစိမ်းများမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ယခင်နှစ်များက ဝယ်လိုအား ကောင်းခဲ့၍ ဈေးကောင်း ရရှိခဲ့ပြီး လက်ရှိတွင် ပြည်ပဝယ်လိုအားမရှိဘဲ ဈေးကျဆင်းလျက် ရှိသော်လည်း ငရုတ်သီးခြောက်ဈေးကွက် အလားအလာ ကောင်းနိုင် ကြောင်း ငရုတ်သီးအစုအဖွဲ့မှ ဒေါ်ဥမ္မာက ပြောသည်။ငရုတ်သီးစိမ်းများကို တရုတ်ဘက်မှ ဝယ်လိုအားမရှိဖြစ်နေပြီး ထိုင်းဘက်တွင် ဝယ်လိုအားအနည်းငယ်သာရှိ၍ ဖေဖေါ်ဝါရီ ၂ ရက်က နယ်စပ်ပေါက်ဈေးမှာ တစ်ကီလိုလျှင် ယိုးဒယားငွေ ၂၈ဘတ်ထိကျဆင်း သွားသည်ဟု ဆိုသည်။ “ငရုတ်သီးစိမ်းက ထိုင်းဈေးကွက်မှာ တစ်ကီလို ဘတ်ငွေ၅၀ ကျော်ထိ ရခဲ့ကြတယ်။ ခုပေါက်ဈေးက ဘတ်၃၀ကနေ ၂၈ဘတ်ဖြစ် သွားတော့ ဈေးထပ်ကျသွားတယ်။ ပြည်တွင်းက ငရုတ်သီးစိမ်းတွေ ရောင်းပေးတဲ့ ထိုင်းနယ်စပ်မှာ ပွဲရုံတွေ အများကြီးရှိခဲ့ရာက ခုဆို တစ်ခုထဲရှိတော့တာကိုကြည့်ရင် ထိုင်းငရုတ်...

  • 1
  • 3
  • 4