Home 2023 March

Month: <span>March 2023</span>

Post
ပို့ကုန်ပဲများ အမြင့်ဈေးဖြင့်တည်ငြိမ်နေသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းမအျား ဆက်လက်ဈေးမြင့်တက်နေ

ပို့ကုန်ပဲများ အမြင့်ဈေးဖြင့်တည်ငြိမ်နေသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းမအျား ဆက်လက်ဈေးမြင့်တက်နေ

ရွှေမန်း ယခင်သီးတင်းပတ်က ဈေးမြင့်တက်လာသည့် ပို့ကုန်ပဲများမှာ အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ရန်ကုန်အဝယ်ကောင်းနေတာကြောင့် ဆက်လက်ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။ပို့ကုန်ပဲများမှာ အမြင့်ဈေးဖြစ်လာတာကြောင့် အဝယ်သမားများ ထိန်းဝယ်ယူနေတာကြောင့်လည်း ဈေးဆက်မတက်နိုင်ဘဲ ဈေးတည်ငြိမ်နေခြင်းဖြစ်ကြောင်း ၊ ပြည်တွင်းသုံးကုလားပဲများမှာ ဒေသအစုံမှ အသစ်ဝင်ရောက်မှုအားကောင်းလာသလို အဝယ်ဈေးမှာလည်း ကျဆင်းသွားခြင်းမရှိဘဲ ဈေးကွက်အတွင်း ဈေးအကောင်းဆုံးဖြစ်လာကြောင်း ၊တရုတ်လိုင်း အဝယ်ကောင်းလာသည့် မြေပဲအနီလုံးဆန်မှာ လည်း ဈေးမြင့်တက်လာကြောင်း ၊ ဈေးကွက်အတွင်း ပဲထောပတ်နှင့်၊စွန်တာနီ၊ပဲဇီးကွက် တို့မှာ ရန်ကုန်အဝယ်ကောင်းနေကြောင်း နှင့် မြေထောက်ပဲမှာ တောင်သူလက်ဝယ်မရှိတော့ကြောင်း တက်နေလင်းပွဲရုံမှ ဦးဇင်မင်းဦးက ပြောသည်။ “ ပို့ကုန်ပဲတွေကတော့ အရင် တက်ထားတဲ့ ဈေးအမြင့်အတိုင်း တည်ငြိမ်နေပါတယ်။ ဒီရက်ပိုင်း ရွှေဈေးတွေလှုပ်လာတော့ ပဲဈေးကွက်မှာလည်း အဝယ်သွက်နေတာ အမြင့်ဈေးတွေဖြစ်နေတာတောင် အဝယ်လိုက်နေပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေက...

Post
သကြားစက်ရုံများကလာမည့်ကြံရာသီတွင် ကြံဈေးတိုးမြှင့်ဝယ်ယူမည်

သကြားစက်ရုံများကလာမည့်ကြံရာသီတွင် ကြံဈေးတိုးမြှင့်ဝယ်ယူမည်

ရွှေမန်း ကြံကိုကြိတ်ဝါး၍ သကြားထုတ်လုပ်သည့် သကြားစက်ရုံများက ၂၀၂၃-၂၄ ကြံရာသီတွင် ကြံစိုက်တောင်များ ထံမှ ဈေးမြှင့်ဝယ်ယူမည်ဖြစ်ရာ ဒေသနှင့်စက်ရုံအလိုက် ကြံတစ်တန်လျင် ယခင်နှစ် ကြံဝယ်ဈေးထက် ဈေးပိုပေးလာခြင်းဖြင့် ကြံဈေးမြင့်တက်လာကြောင်းသကြားစက်ရုံထုတ်ပြန်ချက်များအရ သိရသည်။ ၂၀၂၃ ခုနှစ်ဆန်းပိုင်းမှ စ၍ ပြည်တွင်းသကြားဈေးမြင့်တက်ခဲ့သဖြင့် သကြားစက်ရုံများက ကြံတစ်တန်လျင် စက်ရုံအလိုက် ငွေကျပ် ၅၀၀၀ နှင့် အထက်ဝယ်ဈေးမြင့်လာသည်ဟုဆိုသည်။ “မနှစ်က ရာသီမှာ နောက်ပိုင်းမိုးခေါင်သွားလို့ ကြံအထွက်နှုန်းကခန့်မှန်းရင် ၁၀ရာခ်ိုင်နှုန်းကျော် လျော့သွား တယ်။ပြည်ပကို ကြိုတင်ရောင်းထားတာရော ပြည်တွင်းလိုအပ်ချက်မြင့်လာပြီးသကြား ဈေးမြင့် လာတော့ စက်ရုံတွေရဲ့ ကြံတစ်တန်ဝယ်ဈေးလည်း ပိုပေးလာကြတယ်” ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။ ပြည်တွင်းသကြားစက်များမှ ကြိတ်ဝါးကြံတစ်တန်ဝယ်ယူမည့်ဈေးနှုန်းများမှာ ငွေရည်ပုလဲသကြားစက်မှ ငွေကျပ် ၉၅၀၀၀ ၊မြဘုရင် သကြားစက်မှ ငွေကျပ်...

Post
ဂရိတ်ဝေါလ်စိုက်ပျိုးရေး သုတေသနခြံသို့ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ လာရောက်လေ့လာ

ဂရိတ်ဝေါလ်စိုက်ပျိုးရေး သုတေသနခြံသို့ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ လာရောက်လေ့လာ

မန္တလေး မတ် ၁၂ မန္တလေး၊ ချမ်းမြသာစည် မြို့နယ်၊ ၇၃လမ်းနှင့် ၁၁၀လမ်း ထောင့်ရှိ ဂရိတ်ဝေါလ်စိုက်ပျိုးရေး သုတေသနခြံသို့ မတ် ၁၀ ရက် နံနက်ပိုင်းက စစ်ကိုင်းခရိုင် စိုက် ပျိုးရေးဝန်ထမ်းများနှင့် တောင်သူ များ လာရောက်လေ့လာခဲ့သည်။ မွေးမြူရေးအစားအစာ အဲဗား ဂရင်းမြက်၊ကြီးမြန်သစ်ပင်၊ ပြည်လုံး ချမ်းသာသစ်ပင်များကို တစ်သျှူး ကာချာလ်နည်းဖြင့် စမ်းသပ် အောင်မြင်ဖြစ်ထွန်းနေမှုများကို လည်းကောင်း၊ စက်မှုကုန်ကြမ်း သီးနှံအဖြစ် ဖြစ်ထွန်းအောင်မြင် နေသည့် G-3 ကြက်ဆူစိုက်ခင်း ကိုလည်းကောင်း၊ အထွက်တိုး ဂျုံ၊ စပါးမျိုးများကို စိုက်ပျိုးနည်း စနစ်မျိုးစုံဖြင့် စမ်းသပ်စိုက်ပျိုး အောင်မြင်နေမှုများကို ဂရိတ် ဝေါလ်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင်က ရှင်းပြသည်။ ထို့နောက် လာရောက်လေ့လာ ကြသော စိုက်ပျိုးရေးဝန်ထမ်းများ က သိရှိလိုသည်များကို...

Post
ရင်ပူရဦးမယ့် နွေ

ရင်ပူရဦးမယ့် နွေ

ကောင်းဇော် တနွေပြီး တနွေ ရင်ပူရင်း၊ ရင်မောရင်း ဖြတ်သန်းနေရတယ်။ ရီမောရတဲ့နွေ ကြုံရမှာပါဆိုတဲ့ အတွေးကို နှစ်စဉ် တွေးရင်း ဆိုပါတော့။ရီနိုင်တဲ အခါမှာလည်း မောခဲ့ရတဲ့ကာလတွေကို မေ့မရပဲ ရီမောရသူတွေဖြစ်မှာ တွေးမိတော့လည်း ခုထဲက ကြိုပြီး ရင်တွေ ပူမိတယ်။လေပွေတွေ ဖုန်တွေကြားက တွေးရတဲ့ အနာဂါတ်က မှုန်ဝါးဝါးဖြစ်နေပေမယ့်၊ လေငြိမ်တဲ့အခါ ဖုန်တွေ အမှိုက်တွေ ဝပ်ဆင်းသွားတဲ့အခါ ကြည်လင်တဲ့ ဝန်းကျင်ကို မြင်ရမှာဆိုပေမယ့် အရိုးပြိုင်းပြိုင်းကျနေတဲ့ လောကကြီးဖြစ်နေလောက်ရဲ့လို့ တွေးပူမိတယ်။ ချစ်ခင်မြတ်နိုးသူနဲ့ ကွေကွင်းရခြင်းဒုက္ခကို ခံနေရတဲ့ ဥဩငှက်တွေရဲ့အသံတွေကိုလည်း ရင်ထဲ မချိအောင်ကြိုပြီးကြားယောင်ခံစားရတယ်။လွမ်းရေးထက် ဝမ်းရေးခက်တဲ့။ဝမ်းရေးထဲပါတဲ့ စိုက်ရေး၊ ပျိုးရေးကလည်း ပိုပို ခက်လာတယ်။မကွေးတိုင်းထဲက တောင်သူလယ်သမားအများစုရဲ့ အခြေအနေကလည်း တနိုင်ငံလုံးက တောင်သူ လယ်သမားတွေရဲ့ အခြေအနေနဲ့ သိပ်မကွာပါဘူး။မကွေးတိုင်းပွင့်ဖြူနယ်က လယ်သမားတဦးက “နေ့စားခက...

Post
ဆန်ဈေးကွက်ကျဆင်းခဲ့ရာမှ ဈေးအတက်ဘက်သို့ ရောက်လာနိုင်

ဆန်ဈေးကွက်ကျဆင်းခဲ့ရာမှ ဈေးအတက်ဘက်သို့ ရောက်လာနိုင်

ရွှေမန်း ပြည်တွင်းစားသုံးမှုဆန်ဈေးကွက်တွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီတတိယပတ်က ဈေးနှုန်းများထက် ဆန်အိတ် တပိုင်းလျင် ပျမ်းမျှငွေကျပ် တစ်သောင်းဝန်းကျင်ကျဆင်းခဲ့ရာက လာမည့် ရက်များ၌ တက်ရိပ် ဘက်သို့ ရောက် လာနိုင်သည်ဟု ဆန်စပါးကုန်သည်အချို့က သုံးသပ်ကြသည်။ ဖေဖေါ်ဝါရီ ၂၀ ရက်နောက်ပိုင်းမှ ဆန်နှင့် စပါးဝယ်သူနည်းလာသကဲ့သို့ ဘုရင့်နောင် ကုန် စည်ဒိုင်တွင်လည်း ဆန်ဝင်ရောက်မှုလျော့နည်းကာ အရောင်းအ၀ယ်အေးခဲ့ပြီး မတ်လဆန်းမှစ၍ ဆန်နှင့်စပါးအရောင်းအ၀ယ်ဖြစ် လာသည် ဟုဆိုသည်။ “ ပြီးခဲ့တဲ့ရက်တွေမှာ ဈေးချခံရတာလို့ ပြောရမှာပဲ။ နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ဝင်ငွေနဲ့ ပတ်သက်လို့65-35 သတ်မှတ်လိုက်တာကို အကြောင်းပြပြီး စောင့်ကြည့်သဘောနဲ့ အရောင်းအ၀ယ်နားကြတဲ့ အခြေအနေဖြစ်သွား တယ်။ခုတောင် ခပ်ပါးပါးဈေးမြင့်လာပြီး ဈေးတက်ဖို့ အလားအလာ ရှိတယ်”ဟု ဆန်စပါးကုန်သည် ဦပြည့်ဖြိုးက ပြောသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုတွင် နိုင်ငံခြားငွေလဲလှယ်ရာ၌ နိုင်ငံခြား...

Post
ပြည်တွင်းထောပတ်သီးဈေးကွက်တွင် ဒေသမျိုးလက်ကျန်သီးများသာကျန်ရှိတော့ပြီး ဈေးရနေ

ပြည်တွင်းထောပတ်သီးဈေးကွက်တွင် ဒေသမျိုးလက်ကျန်သီးများသာကျန်ရှိတော့ပြီး ဈေးရနေ

ရွှေမန်း ပြည်ပတင်ပို့သည့် ပြည်ပမျိုးဖြစ်သော Hass ထောပတ်သီးနင့် ဒေသမျိုးထောပတ်သီးများမှာ ရာသီချိန်ကုန် ဆုံးသွားပြီဖြစ်၍ ထောပတ်သီး ဈေးကွက်တွင် ဒေသမျိုးလက်ကျန်ထောင်ပတ်သီးများအရောင်း အ၀ယ် ဖြစ်နေပြီး ဈေးကောင်းရသည်ဟု မန္တလေးထောပတ်သီးဈေးကွက်မှ သိရသည်။ ထောပတ်သီးတစ်လုံးလျင် အရွယ်အစားနှင့် အရည်သွေးပေါ်မူတည်၍ ငွေကျပ် ၂၀၀ မှ ၈၀၀ ကျပ်ဝန်းကျင်ဖြင့် လက်လီရောင်းချ နေသော်လည်း ဈေးနိမ့်သော အသီးများမှာ ပျက်စီးမှုများပြားသော်လည်း ၀ယ်လိုအားနှင့် အသီးလက်ကျန် နည်းပါးသဖြင့် ဈေးကောင်းရရှိကြောင်း သိရသည်။ “ တကယ်တော့ ထောပတ်သီးရာသီက တုန်းသွားပြီ။ဖေဖေါ်ဝရီလဆိုရင် ဒေသမျိုးလက်ကျန်နည်းနည်း ပဲရှိ တော့တယ်။ ဒေသမျိုးထောပတ်သီးတွေက ပြည်ပမျိုးဖြစ်တဲ့ Hass ထောပတ် သီး ထက်သုံးပုံ ၂ ပုံလောက် ဈေးလျော့တယ်။Hass တစ်လုံး ငွေကျပ် ၁၅၀၀ ဆိုရင် ဒေသသီးက...

Post
နယ်စုံမှအသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေ

နယ်စုံမှအသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေ

ရွှေမန်း ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံး ပဲမာလိုင်းများအားလုံး မတ်လဆန်း ပိုင်းတွင် နယ်စုံမှ အသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်း အဝယ်သွက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။ ဖေဖော်ဝါရီလကုန်များက ပြည်တွင်းသုံးကုလားပဲများ ပမာဏ များများ ဝင်ရောက်မှုရှိလာသော် လည်း ဈေးကျဆင်းမှုမရှိဘဲ ဈေးကောင်းနေသလို လက်ရှိ မှာလည်း ပဲမာလိုင်းများ နယ်စုံ မှ ဝင်ရောက်လာမှုရှိလာရာ ပဲ၊ နှမ်းဈေးကွက်မှာ အရောင်းအဝယ် မြိုင်ဆိုင်နေသည့် ကာလဖြစ် ကြောင်း၊ ယခင်နှစ်များလို ပဲ အသစ်တွေ အဝင်များချိန် ဈေးကျ ဆင်းလေ့ရှိသော်လည်း ယခုနှစ် တွင် ပဲတီစိမ်း၊မတ်ပဲမှာ ပဲထွက်ရှိမှု နည်းပါးခြင်းနှင့် မိုးလေ၀သမမှန် တာကြောင့် အချို့တောင်သူတွေ ပဲထွက်ချိန် နှစ်ပိုင်းကွဲသလို ဖြစ် ခဲ့တာကြောင့်လည်း ပဲအသစ်ဝင် ရောက်မှုက...