ရွှေမန်း ပြင်ဦးလွင်မြို့နယ်၊စည်ကားရွာမှ တောင်သူ ဦးချစ်သောင်း၏ စိုက်ကွင်းတွင် အမယ်သစ်သီးနှံတစ်မျိုးဖြစ်သည့် Zucchini (ဖရုံသခွား)စိုက်ပျိုးမှုသုတေသန ပြုလုပ်ချက်များအရ နွားချေးမြေဆွေးနှင့် နွားချေးနှင့် ကြက်ချေးမြေ ဆွေးရောစပ်အသုံးပြုခြင်းသည် ဓာတ်မြေသြဇာသုံးစွဲမှုလျှော့ချနိုင်သော အသင်အသင့်တော်ဆုံးနည်း စနစ်ဖြစ် ကြောင်းတွေ့ရှိခဲ့ရသည်ဟုသိရသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် တောင်သူပူးပေါင်းကာ တောင်သူအခြေပြု သုတေသနစခန်းများဖြင့် စမ်းသပ်မှုများဆောင်ရွက်လျက်ရှိပြီး Zucchini (ဖရုံသခွား)သီးနှံကို သဘာ၀မြေသြဇာအမျိုးမျိုးထည့် သွင်း စမ်းသပ်စိုက်ပျိုး ခဲ့ရာမှ ယင်းကဲ့သို့ ဓာတ်မြေသြဇာလျှော့ချနိုင်သည့် နည်းလမ်းကိုတွေ့ရှိခဲ့ရသည်ဟုဆိုသည်။ “ဓာတ်မြေသြဇာသုံးစွဲမှုလျှော့ချနိုင်မယ့် နည်းလမ်းရှာဖွေဖေါ်ထုတ်တာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စတင် စမ်းသပ်စိုက်ပျိုးခဲ့ရာမှာသဘာ၀မြေသြဇာအသုံပြုတဲ့ နည်းလမ်း ၆ ခုနဲ့ စမ်းသပ်ခဲ့တယ်။အဲဒီစမ်းသပ်ချက် ၆ ခုကိုပဲ ထပ်ပြုကြိမ် ၃ ကြိမ်စမ်းသပ်စိုက်ပျိုးတော့ Zucchini ရဲ့အထွက်နှုန်းဆိုင်ရာ လက္ခဏာတွေကို မှတ်တမ်း ယူပါတယ်”ဟု ယင်းဌာနမှ တာဝန်ရှိသူကပြောသည်။ သုတေသနပြုလုပ်သည့်...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
သင်္ကြန်ကာလာမတိုင်မီထိ ပို့ကုန်ပဲများနှင့်ပြည်တွင်းသုံးပဲမျိုးစုံ အမြင့်ဈေးအတိုင်း အရောင်းအဝယ်သွက်နေမည်
ရွှေမန်း အမြင့်ဈေးဖြင့်တည်ငြိမ်နေသည့်ပို့ကုန်ပဲများဈေးမြင့်တက် အဝယ်သွက်လာ သလို ပြည်တွင်းသုံးပဲများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း လက်ရှိဖြစ်ပေါ်နေသောပဲ၊နှမ်းပေါက်ဈေးများမှာသင်္ကြန်ကာလမတိုမီထိ အရောင်းအဝယ် ကောင်းနေမည်ဖြစ်ကြောင်း ပဲကုန်သည်များထံက သိရသည်။မတ်လဆန်းပိုင်းမှစတင် တဖြေးဖြေးပဲအသစ်အဝင်များနှင့်အတူ ပို့ကုန်ပဲများ ဈေးမြင့်တက်လာရာမှ ရွှေဈေးတက်လာချိန်မှာ ဈေးအမြင့်ဆုံးဈေးများဖြစ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် ပဲဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြစ်နေကြောင်း ၊သင်္ကြန်ကာလာမတိုင်မီ ငွေပေး ၊ငွေယူ မြန်ဆန်နိုင်မည့် အရောင်းအဝယ်မျိုးကိုသာ ပြုလုပ်ကြကြောင်း၊ သို့ဖြစ်၍ လက်ရှိသီတင်းပတ်တွင်လည်း ပဲ၊နှမ်းဈေးကွက်တစ်ခု ဝယ်လိုအားကောင်းနေကြောင်း၊ အထူးသဖြင့် ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးကုလားပဲမှာ အရောင်းအဝယ်အကောင်းဆုံးဖြစ်နေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) ကပြောသည်။ “ ပဲဈေးကွက် ဒီသီတင်းပတ်မှာ အရောင်းရောအဝယ်ရော ခပ်သွက်သွက်ဖြစ်နေပါတယ်။ ပြည်တွင်းသုံး V2 ကုလားပဲဆိုရင် ၂၁၀၀၀၀ ထိပေါက်ဈေးရှိဖြစ်လာတယ်။ အရင်ပတ်ထက် တစ်အိတ် ကျပ် ၈၀၀၀ လောက် ဆက်လက်မြင့်တက်လာတာပါ။ မတ်ပဲနဲ့ပဲစင်းငုံလည်း ဈေးဆက်တိုက်တက်လာပါတယ်။ ရန်ကုန်အဝယ်ထက် မန္တလေးစက်ပိုင်အဝယ်တွေက...
ပြည်တွင်းဆန်/စပါးဈေးနုန်းမြင့်တက်နေမှုကြောင့် အကန့်အသတ်စနစ်(Quota)ဖြင့် ပြည်ပသို့ ဆန်တင်ပို့မည် ဟုဆို
ရွှေမန်း ပြည်တွင်း၌ ဆန်/စပါးဈေးနှုန်းမြင့်တက်လာနေမှုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုတွင် အကန့်အသတ်စနစ် (Quota)ဖြင့် တင်ပို့ရမည်ဖြစ်ပြီး ဆန်တင်ပို့မှုလိုင်စင်ဟောင်းများကိုလည်း စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ယင်းစနစ်အရ တစ်လလျင် ဆန်တန်ချိန် တစ်သိန်းခွဲခန့်သာ တင်ပို့ရမည်ဖြစ်ပြီး ဆန်တင်ပို့ရန် လိုင်စင်သစ် လျှောက်ထားမှုရရှိရန်မလွယ်ကူတော့ဟုဆိုသည်။ “ပြည်ပကို ဆန်တင်ပို့မှုမှာ Quota စနစ်ပြန်လုပ်ထားတာဖြစ်ပြီး တစ်လကို ဆန်တန်ချိန် တစ်သိန်းခွဲလောက်ပဲ တင်ပို့ပါမယ်။လိုင်စင်သစ်လျှောက်ထားမှုလောလောဆယ်မလွယ်ဘဲ ခက်နေသလို လိုင်စင်ဟောင်းတွေလည်း စီစစ်နေတာလုပ်နေပါတယ်”ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပဆန်တင်ပို့မှုတွင် တစ်လလျင် ဆန်တန်ချိန်တစ်သိန်းခွဲ(အိပ်ရေ သုံးသန်း)သတ်မှတ်ထားသော်လည်း ဈေးနှုန်းကွာဟနေမှုကြောင့် ဆန်ကုန်စည်ဒိုင်များသို့ ဆန်ဝင်ရောက်မှု နည်းခြင်းနှင့် ဝယ်ယူရရှိမှုခက်ခဲခြင်းများရှိနေကြောင်းသိရသည်။ “ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေက တင်ပို့ ပါတယ်။တရုတ်ဆိုရင် နယ်စပ်လမ်းကြောင်းက အဓိကတင်ပို့ပြီး ပင်လယ်ရေကြောင်းကဆိုရင် အာဖရိက၊...
ကြက်သွန်နီဈေးကွက် ပြည်ပတင်ပို့မှုရှိနေ၍ ပုံမှန်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ
ရွှေမန်း ကြက်သွန်နီသစ်များ ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်ပြီး ပြည်ပတင်ပို့မှုရှိနေ၍ ဈေးကျဆင်းခြင်းမရှိဘဲ မတ်လ ဒုတိယပတ်ထက် တစ်ပိသာလျင် လက်ကားဈေးငွေကျပ် ၁၀၀ ဝန်းကျင် ဈေးမြင့်တက်ခဲ့ပြီး ပုံမှန် အရောင်း အဝယ်ဖြစ်နေ ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရသည်။ ယခုကာလတွင် ဒေသစုံမှ ကြက်သွန်နီသစ်များ ဈေးကွက်သို့ ဝင်ရောက်နေပြီး တောင်သူအများစုက လှောင် ထားခြင်းမရှိဘဲ ရောင်းချနေခြင်းဖြစ်သည်ဟုဆိုသည်။ “မတ်၊ဧပြီဆိုရင် အထွက်များလို့ ပွဲရုံနဲ့ ဈေးကွက်ထဲမှာ ကြက်သွန်နီအဝင်များလာတယ်။ဟိုအရင်နှစ်တွေမှာ ဒီလိုအချိန်ဆိုရင် တစ်ပိသာ ၃၀၀ လောက်ထိရောက်ခဲ့ဖူးပေမယ့် ပြည်ပဝယ်လိုအားကြောင့် အဲဒီဈေးမျိုး ဖြစ်မလာတော့ဘူး။အနိမ့်ဆုံးက တစ်ပိသာ ၇၀၀ ဝန်းကျင်မှာ ရှိတယ်။ဈေး အတက်အကျ သိပ်မရှိဘူး”ဟု မန္တလေးကြက်သွန်ပွဲရုံတစ်ခုကပြောသည်။ လက်ရှိကြက်သွန်နီတစ်ပိသာပေါက်ဈေးများအရ မြစ်သားထိပ်စမှာ ငွေကျပ် ၁၈၀၀ ဝန်းကျင်၊အကြမ်းအသေးမှာ ငွေ ကျပ် ၁၀၀၀အောက်၊အလတ်မှာ...
မြေပဲဆန်အသစ်များစျေးကွက်အတွင်း အဝင်များလာ သဖြင့် ပဲဆီဈေးနှုန်းကျဆင်းလာ
ရွှေမန်း ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်ထဲသို့ နယ်စုံဒေသမှ မြေပဲ ဆန်များ လှိုင်လှိုင်ဝင်ရောက်လာသဖြင့် ပြည်တွင်းစားသုံးနေ သည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျင်ငွေကျပ် ၁၂၀၀၀ ဈေးထိ လျော့နည်းကျဆင်းလာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရ သည်။ မြေပဲဆန်များသည် မန္တလေးဈေးကွက်အတွင်းသို့ နယ်စုံ ဒေသအသီးသီးမှ လှိုင်လှိုင်ဝင်ရောက်လာကြောင်း၊ ယခင်လက ပြည်တွင်းစားသုံးနေသည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျင် ငွေကျပ် ၁၄၀၀၀ ဈေးအထိရှိခဲ့သော်လည်း၊ လက်ရှိအချိန်တွင် ပဲဆီ တစ်ပိဿာလျင်ငွေကျပ် ၁၂၀၀၀ ဈေးအထိကျဆင်းလာကြောင်း၊ ယင်းပဲဆီဈေးနှုန်းနှင့်အတူ ကျန်ဆက်စပ်သည့် ဆီဈေးများလည်း အသီးသီးကျဆင်းလာကြောင်း သိရသည်။ ” ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ထဲကို နယ်စုံက မြေပဲ ဆန်တွေ လှိုင်လှိုင်ဝင်ရောက်နေတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က မြေပဲဆန်ဈေးနှုန်းက အမြင့်ဆုံးဈေးထိရောက်ရှိခဲ့တယ်။ မြေပဲလုံး ဆန် (အနီ )က တစ်ပိဿာကိုငွေကျပ် ၇၆၀၀...
ဆန်ဈေးကွက် အနည်းငယ်လှုပ်လာပြီး တစ်အိတ်လျှင် ငွေကျပ်တစ်ထောင်ဝန်းကျင် ဈေးမြင့်လာ
ရွှေမန်း ပြည်တွင်းစားသုံးမှု ဆန် ဈေးကွက် ယမန်နေ့ကစ၍ အနည်း ငယ်လှုပ်လာပြီး တစ်အိတ်လျှင် ငွေကျပ် တစ်ထောင်ဝန်းကျင် ဈေး မြင့်လာသည်ဟု ဆန်ဈေးကွက်မှ သိရသည်။ ပြီးခဲ့သည့် မတ်လဆန်းမှ စ၍ ဆန်ဈေးကွက် အကျဘက်သို့ ရောက်ရှိသွားခဲ့ရာက ယခုကဲ့သို့ ဈေးပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။ “ဖေဖော်ဝါရီ တတိယပတ် လောက်ထိ ဆန်ဈေးအမြင့်ပိုင်းမှာ ဝယ်ထားသူတချို့ ပွဲရုံတွေက ဈေး ချမရောင်းနိုင်ဘူးဖြစ်နေတယ်။ တချို့ကလည်း လက်ရှိပေါက်ဈေး နဲ့ ရောင်းတာလည်း ရှိတာပေါ့။ ဆန်ကြမ်းရော ဆန်ချောရော နှစ် မျိုးလုံး ဈေးလှုပ်လာတာပါ”ဟု မန္တလေး ဆန်ပွဲရုံတစ်ခုထံမှ သိရ သည်။ ဆန်ဈေးမြင့်တက်ခြင်းမှာ စပါးဈေးပေါ်အခြေခံပြီး စပါး ထွက်ရှိမှုအခြေအနေပေါ်မူတည် ခြင်းကြောင့် နယ်စပ်မှ ပြည်ပ ဆန်တင်ပို့မှုတွင် ကုန်သွယ်ရေး...