Home 2023 January

Month: <span>January 2023</span>

Post

ကန်စွန်းဥ စိုက်တောင်သူများ ယခင်နှစ်ထက် ဈေးကောင်းရရှိလာ

ရွှေမန်း ကန်စွန်းဥဈေးကွက်မှာ ယခုနှစ်တွင် တစ်ပိဿာကျပ် ၉၀၀ အခင်းဈေးရရှိတာကြောင့် ယခင်နှစ်ထက် နှစ်ဆ ဈေးကောင်းလာရာ ဧရာဝတီမြစ်ကျွန်းစိုက်ခင်းများတွင်စိုက်ပျိုးသော တောင်သူများ အဆင်ပြေ ကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာတောင်သူများထံ ကသိရသည်။ ဧရာဝတီမြစ်ရေစတင်ကျဆင်းသည့် သီးတင်းကျွတ်လ ကတည်းက ကုန်စွန်းဥက်ို စတင်စိုက်ပျိုးပြီးသုံးလ ခွဲခန့်ကြာ ဇန်နဝါရီလတွင် ကန်စွန်းဥ လှိုင်လှိုင်ပေါ်လေ့ပြီး ယခင်က တစ်ပိဿာ ကျပ် ၄၅၀-၅၀၀ ခန့်သာ ပေါက်ဈေးပြီး ယခုနှစ်တွင် တစ်ပိဿာကျပ် ၉၀၀ ထိအခင်းဈေးရရှိကြောင်း သံဘ်ိုကျွန်းကျေးရွာ မှာ ဦးခင်မောင်ရင်က မန္တလေးနေ့စဉ်ကို ပြောသည်။ “ ဒီနှစ်က ကန်စွန်းဥဈေးက မမျှော်လင့်ဘဲ ဈေးကောင်းနေတော့ ကန်စွန်းဥစိုက်တောင်သူတွေ ပိုအဆင်ပြေလာပါတယ်။ မနှစ်ကထက် ဈေးကတစ်ပိဿာ ၉၀၀-၁၀၀၀ နှစ်ဆဖြစ်လာတော့ တွက်ခြေပိုကိုက်တယ်။တစ်ဧကကို ကုန်ချိန် ၃၀၀၀ -၄၀၀၀...

Post

ပြည်ပသို့ မြန်မာ့ထောပတ်သီး တင်ပို့မှုအဆင်ပြေလာ

ရွှေမန်း နှစ်လကျော်ကြာရပ်တန့်ခဲ့သည့် ထောပတ်သီးပြည်ပတင်ပို့မူ ပြန်လည်တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ကိုဗစ်အလွန်ကာလ တွင် ကမ္ဘာ့ထောပတ်သီးစျေးကွက် အကျဘက်ကို ဦးတည်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် စည်းမျဥ်း၊ စည်းကမ်းဥပဒေများ အစရှိသော အခက်အခဲများကြောင့် တရားဝင်တင်ပို့နိုင်ရန် ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။ “၁၀လပိုင်းကတည်းကဆိုတော့ နှစ်လလောက်ကြာသွားတယ်။ ဘယ်လိုအခက်ခဲတွေလဲဆိုတော့ လိုအပ်ချက်တွေအရမ်းများတယ် ၆၅ /၃၅ ကိစ္စတွေရယ်၊ တစ်ရာရာခိုင်နှုန်း paymentတွေရယ်၊ တွက်ခြေ မကိုက်ဘူး။ အခုက မလေးက တောင်သူတွေဆီက တိုက်ရိုက်ဝယ်တယ်။ တောင်သူတွေကို အားပေးတဲ့ ကုမ္မဏီတွေဖြစ်တဲ့အတွက် စျေးပိုပေးလာလို့ တင်ပို့ခြင်းဖြစ်တယ်” ဟု မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦး က ပြောသည်။ လက်ရှိပြည်ပသို့ အဆင်ပြေပြေတင်ပို့နိုင်ပြီး စျေးကောင်းပေးသော်လည်း ပြည်တွင်း၌ ငွေစျေးနှုန်း ၂၁၀၀ကျပ် နှုန်းဖြင့် တွက်ချက်သည့်အတွက်...

Post

ပဲ၊ပြောင်း၊နှမ်းများကို ဒေါ်လာဖြင့်ရောင်းချရမည့် တင်ပို့မှုဆိုင်ရာ မူဝါဒ သက်မှတ်ချက်များကြောင့် ပဲသစ်ရာသီပို့ကုန်ပဲများ ဈေးကျဆင်းနေ

ရွှေမန်း ပို့ကုန်ပဲအုပ်စုများအပါအဝင် ပဲ၊ပြောင်း၊နှမ်းများကို ဒေါ်လာဖြင့်ရောင်းချရမည့် တင်ပို့မှုဆိုင်ရာ မူဝါဒ သက်မှတ်ချက်များကြောင့် ပဲသစ်ရာသီပို့ကုန်ပဲများ ဈေးဆင်းနေ ပြီး တရုတ်န်ိုင်ငံတင်ပို့မှုထက် အိန္ဒိယနိုင်ငံသို့ အဓိကထားရောင်းချသွားရမည်ဖြစ်ကြောင်း ပဲကုန်သည်များ သုံး သပ်ထား ကြောင်းသိရသည်။ ပဲ၊ပြောင်း၊နှမ်း အပါအဝင်ပို့ကုန်ပဲများ အတွက် ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲရှိလာမှ ပြည်တွင်းဈေးကွက် ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း ၊လက်ရှိမှာ ပို့ကုန်ပဲဈေးကွက်မှာ ဒေါ်လာဖြင့်သာရောင်းချရမည့် မူဝါဒကြောင့် တရုတ်နိုင်ငံတင်ပို့ရာမှာ အခက်အခဲဖြစ်နေကြောင်း ၊ ပဲသစ်ပေါ်လာချိန်မှာ ပို့ကုန်ပဲတွေ အိန္ဒိယနိုင်ငံကို အဓိကထားရောင်းချသွားရမည်ဖြစ်ကြောင်း၊ လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေကြောင့် တရုတ်လိုင်း တင်ပို့နေသည့် ပဲတီစိမ်း နှမ်းနှင့်မြေပဲဆန်များ အရောင်းအဝယ်သွက်လာကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။ “ လက်ရှိမှာ မန္တလေးပဲဈေးကွက်မှာတော့ ပွက်ကာသီကာအခြေအနေနဲ့ ရောင်းဝယ်နေကြတာမျိုးပါ။ ပို့ကုန်ပဲတွေက ဝယ်ဈေးနဲ့...

Post

ရွေ့ရုံဆိုလည်း လှမ်း

ကောင်းဇော် စားဝတ်နေရေးကို ဖူလုံစေတဲ့ စီးပွားရေးတွေက လူးရုံလှိမ့်ရုံဖြစ်နေတယ်။ စီးပွားရေးက မပြေလည်ကြတော့ လူမှုရေးတွေလည်း ပြုံးပြနှုတ်ဆက်ရုံ။ကိုဗစ် ၁၉ ကူးစက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားပေမယ့် အခုအခါ ထိန်းချုပ်လာနိုင်ပါပြီလိုလည်း ဆိုကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ပဉ္စမလှိုင်းလာနေပြီဆိုတဲ့အသံကိုလည်း မီဒီယာတွေမှာ ကြားနေရပါပြီ။ဖြစ်လာခဲ့ရင် ဒေသအလိုက် ကူးစက်ပြန့်နှံ့တဲ့ အနေထားအဖြစ် ရှိနေပါတယ်။ မြန်မာရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီး သတိထားနေရဦးမှာဖြစ်ပါတယ်။ကိုဗစ်တတိယလှိုင်းမှာ ဆိုင်ကယ်ဝပ်ရှော့တစ်ခုက မိတ်ဆွေတစ်ဦးနဲ့ စကားလက်ဆုံဖြစ်တော့ အခုက အလုပ်တွေက ပါးတယ်။ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားရတော့ ကျောင်းသားတွေရဲ့ဝယ်လိုအားကို အဓိကထားနေရတော့ အလုပ်သိပ်မဖြစ်ဘူး။ ဈေးတွေ၊စားသောက်ဆိုင်တွေ ခဏခဏပိတ်ထားရတော့ လူတွေက အပြင်သိပ်မထွက်ကြဘူး။ ဓါတ်ဆီဈေးက တက်လာတော့ အတတ်နိုင်ဆုံးအပြင်မထွက်ကြဘူး။ အပြင်မထွက်ကြတော့ ဆိုင်ကယ်တွေက သိပ်မပျက်တော့ဘူး။...

  • 1
  • 2