Home 2022 December

Month: <span>December 2022</span>

Post

ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည်ပြီးပို့ကုန်ပဲများ ဈေးကောင်းရရှိလာနိုင် ရွှေမန်း ၂၀၂၃ခုနှစ် ပဲရာသီအသစ်တွင် ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည် ပြီး ပြည်တွင်းမှပို့ကုန်ပဲ ဈေးကောင်း လာနိုင်ကြောင်းနှင့် ပြည်တွင်း ပဲရာသီအသစ်မှာထွက်ရှိလာသည့် ပဲများ အရည်အသွေးကောင်းရန် လိုအပ်ကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။ လက်ရှိပဲသစ်ရာသီအတွက် မိုးရေကောင်းတစ်ချက်လိုအပ်နေသေး ကြောင်း၊ ထွက်ရှိလာသည့်ပဲအရည် အသွေးကျဆင်းမရှိ​အောင် တောင် သူများဂရုပြုသင့်ကြောင်း ပဲကုန် သည်တစ်ဦးက ပြောသည်။ ဒီဇင်ဘာ လကုန်ပိုင်း တွင် ပို့ကုန်ပဲအသစ်များဖြစ်သည့် မက်ပဲနှင့်ပဲစင်းငုံဈေးကွက်မှာ မန္တလေး ဈေးကွက်အတွင်း အဝင်မများသေးသော် လည်း နယ်ဈေးကွက်မှာ အရောင်း အဝယ်ကောင်းနေကြောင်း မန္တလေး ဈေးကွက်အတွင်း ရောက်ရှိလာပါ က ဈေးပိုမိုမြင့်တက်လာစရာရှိ ကြောင်း၊ အရောင်းအဝယ်ကောင်း နေသည့်နှမ်းမျိုးစုံဈေးကွက်မှာ တစ် အိတ် ငွေကျပ် ၁၀၀၀၀- ၁၅၀၀၀ ခန့် ဈေးကျသွားကြောင်း၊...

Post

ကုလားပဲမှာ ယခင်နှစ်ထက် ဈေးကောင်းရလာ တာကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးလာ

ရွှေမန်း ကုလားပဲမှာ အဓိကအားဖြင့် ပြည်တွင်းဝယ်လိုအားကောင်းသောကြောင့် ၂၀၂၁ ခုနှစ်က သုံးတင်ဝင် တစ်အိတ် လျင် ငွေကျပ် ၁၅၀ ၀၀၀ ၀န်းကျင်ရှိရာက၂၀၂၂ ခုနှစ်၊နှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ဈေးမြင့်လာပြီး လက်ရှိ တွင် ငွေကျပ် ၁၉၀ ၀၀၀ ၀န်းကျင်ပေါက်ဈေးရှိရာ ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများလာကြောင်း ပဲကုန်သည် တစ်ဦးက ပြောသည်။ ကုလားပဲသီးနံကို မန္တလေးတိ်ုင်း ဒေသကြီး အတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ကုလားပဲ စိုက်ပျိုးမှုတွင် ၂၀၂၂-၂၀၂၃ ခုနှစ် လျာထားချက်မှာ ဧကပေါင်း ၂၂၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ “ဆောင်းသီးနှံကုလားပဲက အောက်တိုဘာ၊နိုဝင်ဘာမှာ စိုက်နေကြပြီ။ကုလားပဲ ၀ယ်လိုအားကောင်းလို့ ဈေးမြင့်လာတာပါ။ဒီနှစ်မှာ ကုလားပဲဈေးက သုံးတင်းတစ်အိတ်ကို ငွေကျပ် ၁၈၀၀၀၀ ၀န်းကျင် ရှိနေတော့ ဈေးကောင်းရလို့...

Post

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့တွင်ကိုဗစ်စစ်ဆေးမှုများနှင့် ရှန်တိန်ကားချိန်းစနစ်ဖျက်သိမ်း

ရွှေမန်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုလျင်မြန်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများအဆင်ပြေစေရေး အတွက်နယ်စပ်မှ ကုန်သွယ်ရေးဂိတ်အချို့၌ ကိုဗစ်စစ်ဆေးမှုများနှင့် ရှန်တိန်ကား ချိန်း စနစ်ကို ဒီဇင်ဘာ ၁၁ ရက်က စ၍ ဖျက်သိမ်းလိုက်ကြောင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယခုလုံချွမ်လွယ်ဂျယ်ိတ်ပေါက်တွင် ပိုးသတ်ခြင်း၊စစ်ဆေးခြင်းနှင့် ရှန်တိန်စနစ်အားလုံးဖျက်သိမ်းလိုက်ခြင်း ဖြစ် ပြီး ကျင်စန်းကျော့ဂိတ်တွင်လည်း မကြာမီအလားတူဖျက်သိမ်းသွားမည်ဟု ဆိုသည်။ “ရှန်တိန်မရှိတော့တဲ့အတွက် တရုတ်ဘက်ကို ကိုယ့်ကားကို တိုက်ရိုက်မောင်းသွားလို့ရပြီ။ Export ကုန်တင် ကား တွေလည်း ဆေးဖြန်းတာမရှိတော့ဘူးဆိုတော့ ကားတွေ ၀င်ထွက်မြန်လာလို့ ကုန်သွယ်မှုလျင်မြန်သွက် လက်လာတယ်။ကုန်တင်ကားတွေလည်း ရက်တွေအများကြီးစောင့်ရလို့ သီးနှံတွေ ပျက်စီးတာမရှိသလို ကိုယ့် တောင်သူတွေရဲ့ သစ်သီးတွေဈေးကောင်းရလာမယ်”ဟု ၎င်းကပြောသည်။ အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ဖြတ်သန်းယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်းမပြုတော့၍ ဆေးဖျန်းပြီး ၁၂ နာရီစောင့်ဆိုင်းရန်မလိုတော့ခြင်း၊စစ်ဆေးရေးဂိတ်တွင် အထောက်အထားနှင့် ၀င်ခွင့်ကတ်မလိုတော့ခြင်း၊ ရှန်တိန်စနစ်မရှိတော့ခြင်း၊တရုတ်သို့ ပို့ကုန်စာရင်း ကြိုတင်ပေးရန်မလိုတာ့ခြင်းစသည်တို့ကြောင့်...

Post

လာမည့်ကြံရာသီတွင် သကြားတန်ချိန် ငါးသောင်းကို ဗီယက်နမ်သို့ တင်ပို့ရန် သဘောတူညီထား။

ရွှေမန်း လာမည့်ကြံရာသီအသစ်တွင် ပြည်တွင်းမှ ထုတ်လုပ်သော သကြားတန်ချိန် ငါးသောင်းကို ဗီယက်နမ်နိုင်ငံသို့ ကြိုရောင်းစနစ်ဖြင့် တင်ပို့ရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။ ဗီယက်နမ်သို့ တင်ပို့ရန် FOB ဈေးနုန်းမှာ သကြားတစ်တန်လျင် အမေရိကန်ဒေါ်လာ ၆၀၀ ၀န်းကျင်ဖြစ်နိုင်ပြီး ၂၀၂၁ ခုနှစ်က မြန်မာသကြားနှင့် သကြားထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရရှိခဲ့သည်ဟု ဆိုသည်။ “ကြံကြိတ်ဝါးတဲ့ ရာသီရောက်ပြီဆိုတော့ ပြည်တွင်းသကြားစက်အချို့ လည်ပတ်နေပြီ။တချို့လည်း လည်ပတ်ဖို့ စတ်နေပြီဆိုတော့ သကြားက ဈေးကွက်ထဲ ရောက်လာတော့မယ်။ဗီယက်နမ်ကို တင်ပို့ဖို့ကတော့ လာမယ့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလောက်မှာဖြစ်မယ်”ဟု ၎င်းကပြောသည်။ ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာ ၂၅၀၀ ၀န်းကျင်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး သကြားစက်ရုံသစ်များလည်း ပေါ်ပေါက်လာပြီဖြစ်၍ သကြားထုတ်လုပ်မှုမှာယခင်နှစ်များထက် ပိုမိုလာမည်ဖြစ်ကြောင်း၊ပြည်တွင်းစားသုံးမှုနှင့် လုံလောက်မှုရှိနေပြီး ဗီယက်နမ်သို့...

Post

အသစ်ဝင် ပဲစင်းငုံဈေးကွက်နှင့်အတူ ပို့ကုန်ပဲများအရောင်းအဝယ်သွက်လာ၊ ပြည်တွင်းသုံးပဲမာလိုင်းများဈေးတည်ငြိမ်နေ

ရွှေမန်း အသစ်ဝင် ပဲစင်းငုံဈေးကွက် နှင့်အတူ ပို့ကုန်ပဲများပြီး အရောင်း အဝယ်သွက်လာ၊ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးတည်ငြိမ်နေ ကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံက သိရသည်။ ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံ ဈေးကွက်ကျဆင်းနေရာမှ အသစ် ဝင်ပဲဈေးကွက်နှင့်အတူ အရောင်း အဝယ်ပြန်လည်ကောင်းမွန်လာ ကြောင်း၊ ပဲစင်းငုံအသစ်များမှာ နယ်ဈေးကွက်တွင် အရောင်း အဝယ်ခပ်သွက်သွက်ရှိနေသော် လည်း အသစ်ဝင်ရောက်မှု ပမာဏ နည်းသေးကြောင်း၊ မြေပဲဆန်ဈေး ကွက် ပုံမှန်သာရှိပြီး နှမ်းမျိုးစုံထိပ်စ အရည်အသွေးများသာ အရောင်း သွက်လျက်ရှိကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။ “ကုလားပဲအုပ်စုကတော့ ဈေးအတက်အကျ သိပ်မပြောင်း လဲဘဲ ပုံမှန်အမြင့်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ လဆိုင်းပေးစနစ်ဆိုရင် တစ်အိတ် ငွေကျပ် ၃၀၀၀ခန့် ပိုမိုဈေးရ တယ်။ မြေပဲဆန်ဈေးကတော့...

Post

ကိုဗစ်စည်းကမ်းချက်များဖြေလျှော့ပေးမှုကြောင့် ဖရဲ၊ သခွားဈေးကွက် အရောင်းအဝယ်သွက်လာ

ရွှေမန်း တရုတ်နိုင်ငံမှ ကိုဗစ်စည်း ကမ်းချက်များကြောင့် ဖရဲ၊ သခွား အပါအဝင် ကုန်သွယ်မှုကျဆင်းနေ ခဲ့ရာ ဒီဇင်ဘာ ၂ ရက်မှစတင်ပြီး ကျင်စန်းကျော့ဂိတ်မှ ဝမ်တိန်အသီး ကွင်းသို့ အသီးကားများ ဝင်ရောက် မှုကို ဖြေလျှော့ပေးခဲ့သည်။ ဒီဇင်ဘာ ၈ ရက်၊ ၉ ရက် များတွင် အဝေးအသီးဝယ်လက်များလာပြီး ဖရဲ၊ သခွားအသီးဈေး ကွက်မှာ၊အစေ့မဲ့ဖရဲ 3.6၊ရွှေ သခွား မွှေး4.3၊ ဖရဲဗမာ ဖရဲ 2.4ယွမ်855 ရှမ်းသီး ဖရဲ 2.6 ယွမ်နှင့် သခွားတစ်ကီလိုလျှင် ၃ ဒသမ ၅ ယွမ်ထိ ပေါက်ဈေးဖြစ်လာခဲ့ သည်။ နေ့စဉ် ဖရဲ၊ သခွားစီးရေ ၅၀ ကျော် တင်ပို့နေပြီး ၁ ယွမ် မြန်မာငွေကျပ်...

Post

ကြေမွဥယျာဉ်ထဲက ပင်ပျိုလေးတွေရဲ့ ကျန်းမာရေး

ကောင်းဇော် ကလေးတွေဆိုတာ သစ်ပင်ပေါက်စလေးတွေလိုပါပဲ။အကြောင်းအမျိုးမျိူးက သူတို့ရှင်သန်ရပ်တည်ဖို့အခက်အခဲ‌ဖြစ်နိုင်တယ်။မြေဆီမြေနှစ်တွေကြားက ထိုးထွက်လာပြီဆိုကတည်းက ရာသီဥတုမျှတဖို့၊ အဟာရအပြည့် ရဖို့၊ နှစ်စဉ်ကျရောက်တတ်တဲ့ပိုးမွှားဘေးက ကင်းဖို့၊ တောမီးအန္တရာယ်က ဝေးဖို့ စတဲ့ အချင်းအရာတွေရဲ့ ရန်တွေ ကျမလာဖို့လည်း လိုတယ်။ကလေးတွေက သစ်ပင်ပေါက်ကလေးတွေနဲ့ တူပေမယ့် သက်ရှိလူသားတွေဆိုတော့ ပတ်ဝန်းကျင်ရဲ့ ကူညီပံ့ပိူမှု ရနိုင်တယ်။ မိဘတွေရဲ့ ချစ်ခင်စောင့်ရှောက်မှု ရှိနိုင်တယ်။ ကျန်းမာရေးတစုံတရာ ချို့ယွင်းရင်လည်း ချက်ခြင်းစောင့်ရှောက်မှု ရနိုင်တယ်။မိဘနဲ့ ပါတ်ဝန်းကျင်ရယ် နိုင်ငံတော်ရယ်က ကလေးတွေရဲ့ ကျန်းမာရေးကို ကြိုတင်ကာကွယ်စောင့်ရှောက်တာ၊ ကျန်းမာရေးချို့တဲ့ ချိန်မှာ ကုသပေးတာကို သတိမပြတ် လုပ်ပေးနေရမှာဖြစ်တယ်။အချိန်နဲ့ တပြေးညီ ကာကွယ်ကုသစောင့်စောင့်မှု လုပ်နိုင်ဖို့က သတင်းအချက်အလက်အမှန်တွေကို အချိန်နဲ့ တပြေးညီ ပြည်သူလူထုကို အသိပေး၊ ထုတ်ပြန်နေဖို့လိုတယ်။အချိန်နဲ့တပြေးညီ up date မသိရတဲ့အခါ သတင်းမီဒီယာတွေက ခိုင်မာတဲ့ ၊...

Post

မကွေးနယ် ပညာရေး အစ၊ ဇီးကျွန်းက

မကွေးမှာ အမျိုးသားကျောင်းတစ်ကျောင်း ရှိခဲ့တယ်။ အဲ့တာ ဘယ်ကျောင်းလဲ။ မြို့ပေါ်ကျောင်း တစ်ကျောင်းဖြစ်မယ်လို့ ခန့်မှန်းခဲ့တယ်။ အဲ့ဒီကျောင်းက မြို့မကျောင်းလို့ခေါ်တဲ့ အလက(၂)လား။ သူက ၁၃၀၀ပြည့်ရေနံမြေသပိတ်နဲ့ ဆက်နွယ်နေတဲ့ မဲထီးကျောင်းတိုက် ဧရိယာထဲကဆို့တော့ ဖြစ်ဖို့များတယ်။ မြို့မကျောင်းလို့ ထင်မြင်ချက်ပေးကြတယ်။အမှန်တရားဆိုတာက ခန့်မှန်းချက်တို့၊ ထင်မြင်ချက်တို့၊ ဆက်နွယ်ချက်တို့နဲ့ ကောက်ချက်ဆွဲလို့မရဘူး။အချက်အလက် ရှာရတယ်။အချက်အလက်အမှန်တွေကသာ အမှန်ကိုပြတယ်။ ‌စာအုပ်တွေ မှတ်တမ်းတွေ ရှာရတော့တယ်။ စာအုပ်ထဲက အချက်အလက်တွေရတိုင်း အမှန်ဖြစ်ရောလား။အချက်အလက်အမှားတွေကို ရည်ရွယ်ချက်နဲ့ ထဲ့ထားတဲ့ သမိုင်းတွေ၊ မှန်တမိးတွေ ရှိတယ်။ အချက်အလက်အမှန်ရဖို့ စာအုပ်အများအပြားထဲက ရေးထားတာတွေကို တိုက်ဆိုင်လေ့လာရတယ်။အဲ့ဒီတော့ မကွေး အမျိုးသားကျောင်းက ဘယ်ကျောင်းလဲ သိပြီလား။ခန့်မှန်းလို့ပဲ ရပါတယ်။ ဇီးကျွန်းရွာက ကျောင်းပါလို့။ဘာလိုဆို ကျွန်တော်ရဲ့ အချက်အလက်ရှာဖွေလို့ရတဲ့ ဘောင်က နည်းနည်းလေးဖြစ်တာကြောင့်ပါ။ဦးမြဟန်ရဲ့ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်ထဲက အမျိုးသားကျောင်းများစာရင်းဆိုတဲ့ ခေါင်းစဉ်မှာ ၂၀။...