ရွှေမန်း တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်၊မူဆယ်နယ်စပ်ကုန်သွယ်မှုတိုးတက်လာစေရေးနှင့် လွယ်ကူချောမွေ့ စေရေး အတွက် တရုတ်ဘက်မှ ကိုဗစ်ကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းစဉ်များဖြေလျှော့ပေးရန်အပါအဝင် အခြား လုပ်ငန်းစဉ်များကို နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများ ညှိနိုင်းခဲ့ကြောင်းသိရသည်။ မြန်မာ့ပင်ရင်းထုတ်ကုန်များကို တရုတ်နိုင်ငံတင်ပို့ရာ၌ အကောက်ခွန်သက်သာခွင့်အတွက် CO Form RECP ကို နိုဝင်ဘာ ၁ ရက်မှ စတင်လျှောက်ထားနိုင်ပြီး အောက်တိုဘာတတိယပတ်တွင် ကုန်သွယ်မှုတိုးတက်ရေး အတွက်နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ “တရုတ်ဘက်မှာ နယ်ဒေသတွေထိ လော့ဒေါင်းချတာတွေရှိနေတယ်။ဂိတ်တွေလည်း ပိတ်ထားတာရှိတော့ ကုန်သွယ်မှု ထိခိုက်ပြီ။ပို့ကုန်ရငွေနဲ့ ပြည်တွင်းတင်သွင်းတဲ့ သူတွေလည်း အဆင်မပြေဘူး။ကိုဗစ်စည်းကမ်းတွေ ကြောင့် ဂိတ်တွေက စစ်ဆေးမှုတွေများတယ်၊အချိန်လည်းကြံ့ကြာတော့ ကိုဗစ်စည်းကမ်းတွေလျှော့ချဖို့ လိုတယ်”ဟုမူဆယ်(၁၀၅) မိုင်၊သစ်သီးဝလံပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလွယ်ကူပြီး တိုးတက်လာရေးအတွက် အောက်တိုဘာ ၁၈ ရက်က နှစ်နိုင်ငံဖက်မှ တာဝန်ရှိသူများသည် အွန်လိုင်းဖြင့် ဆွေးနွေးခဲ့ကြရာတရုတ်ဘက်မှ...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
တရုတ်ဘက်မှ ကြံတစ်တန်လျင် ငွေကျပ် နှစ်သိန်းကျော်ဈေးဖွင့်ဝယ်ယူမှုကြောင့် ဈေးကောင်းရ ရွှေမန်း မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် စိုက်ပျိုးထုတ်လုပ်သည့် ကြံများကို တရုတ်ဘက်မှ ဝယ်လိုအားကောင်းမွန်ပြီး နှစ်စဉ်တင်ပို့လျက်ရှိရာ ယခုနှစ် ကြံရာသီ၌ ကြံတစ်တန်လျင် ယွမ်ငွေ ၄၅၀ (မြန်မာငွေ နှစ်သိန်းကျော်) ဈေးဖွင့် ဝယ်ယူမည်ဖြစ်ရာ ဈေးကောင်းရရှိကြောင်း ကြံ၊သကြား လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။ ပြည်တွင်းမှ အချို့သကြားစက်များမှ ကြံတစ်တန်ဝယ်ယူဈေးကို ငွေကျပ် ၉၀၀၀၀ ဝန်းကျင်ဈေးဖွင့်ထားရာ နယ်စပ် ဒေသများမှ ကြံစိုက်တောင်သူများဈေးပိုမိုရရှိသော်လည်း သယ်ယူပို့ဆောင်စရိတ်လည်း ပိုမိုသည်ဟုဆိုသည်။ “နယ်စပ်တွေမှာ ကြံအထွက်နှုန်းကောင်းတယ်။ တရုတ်ဘက်ကလည်း သူနဲ့ နီးတဲ့ ဒေသတွေဖြစ်လို့ ထွက် သမျှဝယ်တယ်။ငွေလဲနုန်းအရ ဈေးပိုရတဲအနေအထားပါ။သပိတ်ကျင်း၊ ပျဉ်းမနား၊ကသာ ၊နောင်ချို ဒေသ တွေက ထွက်တဲ့ ကြံတွေကို တရုတ်ဘက်တင်ပို့ဖို့ မလွယ်တော့ ပြည်တွင်းက နီးတဲ့သကြားစက်တွေမှာပဲ ရောင်းကြတယ်”ဟု...
ဘဝခရီး၊ အသက်မွေးဝမ်းခရီးနဲ့ ကိုဗစ်
ကောင်းဇာ် လူတွေက အသက်ရှင်သန် ရပ်တည်ရေးအတွက် နေ့စဉ်သွားလာ လှုပ်ရှား ရုန်းကန်နေကြရတယ်။ကိုဗစ် 19 ကလည်း ဘဝရှင်သန်ရေးနေ့စဉ်ဖြေရှင်း နေရတဲ့ လူတွေကို မျိုးကွဲအသစ်အသစ်တွေနဲ့ တိုက်ခိုက်ဖို့ အမြဲချောင်းမြောင်းနေသလိုပါပဲ။ကိုဗစ်လှိုင်းတလှိုင်း တိုက်ခိုက်လိုက်တာနဲ့ လူတွေရဲ့ နေ့စဉ်ဘဝ၊ အလုပ်အကိုင်နဲ့ အသက်ရှင်ရေးကို ထိခိုက်သွားတယ်။ လှိုင်းတွေရဲ့အစမှာ လူအများအပြားရဲ့ အသက်တွေထိခိုက်ခဲ့တယ်။ တဘဝလုံးမှာ ဒါဏ်ရာအမာရွတ်တွေလို ကျန်းမာရေးတွေ ထိခိုက်ပြီး ကုသနေကြရတယ်။ကိုဗစ်လှိုင်းတွေက ပျော့လာသလို ဖြစ်လာတယ်။ ရာသီတုပ်ကွေးနဲ့ ဆင်တူလာတယ်။ ကိုဗစ်ရဲ့အန္တရာယ် ကြားမှာ ရှင်သန်ရင်း လုပ်ကိုင်ရှာဖွေသွားလာနေကြရတယ်။ကိုဗစ်လှိုင်းတွေပေါ်လာလည်း အလုပ်အတွက် နေ့စဉ် ခရီးသွားနေရတယ်။ ပိုကောင်းတဲ့အလုပ်အကိုင်ရဖို့ ခရီးပိုသွားနေရတယ်။ မိမိအိမ်က ထွက်ပြီး ပြည်တွင်းက မြို့ကြီးပြကြီးတွေဆီ သွားပြီး အလုပ်အကိုင် ရှာရတယ်။ နိုင်ငံခြားတိုင်းပြည်တွေဆီ ခရီးသွားပြီးလည်း အလုပ်အကိုင်ရှာရတယ်။ထိုင်းနိုင်ငံတရားဝင် အလုပ်သွားလုပ်သူ အမျိုးသမီးငယ်တဦးက သူတို့ထဲက...