Home 2022 October

Month: <span>October 2022</span>

Post
3575

စိမ်းစိုအော်ဂဲနစ် ဓါတ်မြေသြဇာစက်ရုံနှင့် အထွက်နှုန်းမြင့် GW-11 မျိုးစပါးထုတ်လုပ်နေမှုများကို တောင်သူများလာရောက်လေ့လာ ရွှေမန်း တောင်သူများ သွင်းအားစုအသုံးပြုမှုစနစ်တကျ အသုံးပြုပြီး စိုက်ပျိုးစရိတ်လျော့ချနိုင်ရန်နှင့် စပါးအထွက်တိုးအောင် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရန် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှ တောင်သူနှင့် အရောင်းကိုယ်စားလှယ်ကြီးများ က အောက်တိုဘာ၂၃ ရက် နံနက်ပိုင်းကမန္တလေးမြို့ ၇၃လမ်းနှင့် ၁၀၀လမ်းမကြီးထောင့်ရှိ ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် လာရောက်လေ့လာခဲ့ကြောင်းသိရသည်။ ပဲခူးတ်ိုင်းဒေသကြီး အနောက်ပိုင်း မြို့နယ်များမှ တောင်သူများနှင့် သွင်းအားစု အရောင်း ကိုယ်စားလှယ်များ အဖွဲ့သည် အောက်တိုဘာ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ GW-11 စံပြစပါးစိုက်ကွင်းနှင့် စစ်ကိုင်းမြို့ရှိ စိမ်းစိုအော်ဂဲနစ်မြေသြေဇာစက်ရုံတို့ကို သွားရောက် လေ့လာ ခဲ့ကြောင်းသိရသည်။ လက်ရှိကာလတွင် ဓါတ်မြေသြဇာများ ဈေးနှှုန်းကြီးမြင့်စွာ ဝယ်ယူအသုံးပြုနေရချိန် တောင်သူများ၏ လယ်မြေများနှင့်သီးနှံစိုက်ခင်းများအထွက်တိုးစေရန် အရည်အသွေးပြည့်မီဈေးနှုန်းသင့်တော်သော ပြည်တွင်းထုတ်လုပ်သည့် စစ်ကိုင်းစက်မှုဇုံရှိ စိမ်းစို အော်ဂဲနစ်မြေသြဇာထုတ်လုပ်နေမှုများ...

Post
ပို့ကုန် ပဲ၊ နှမ်းများအား ကုန်သွယ်ရေးမူဝါဒကို အပြောင်းအလဲမပြုလုပ်ဘဲ ဆက်လက်ထားရှိပါက ဈေးကွက်ကောင်းလာမည်မဟုတ်ဟု ဆို

ပို့ကုန် ပဲ၊ နှမ်းများအား ကုန်သွယ်ရေးမူဝါဒကို အပြောင်းအလဲမပြုလုပ်ဘဲ ဆက်လက်ထားရှိပါက ဈေးကွက်ကောင်းလာမည်မဟုတ်ဟု ဆို

ရွှေမန်း ပို့ကုန်ပဲ၊ နှမ်းများအား ကုန် သွယ်ရေးမူဝါဒကို အပြောင်းအလဲ မပြုလုပ်ဘဲ ဆက်လက်ထားရှိပါ က ဈေးကွက်ကောင်းလာစရာမရှိ ကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံက သိရသည်။ ပဲ၊ နှမ်းဈေးကွက်မှာ ဒေါ်လာ ဖြင့်သာ တင်ပို့ရောင်းချရန် သတ် မှတ်ထားရှိခဲ့ပြီးနောက် ပဲ၊ နှမ်းဈေး ကွက်မှာ ဒေါ်လာဈေး အတက် အကျပေါ်မှီတည်ပြီး အရောင်းအဝယ် ပြုလုပ်လာခဲ့တာကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ အရောင်းအဝယ်အေး သွားခဲ့ပြီး ကုန်ပို့ ပဲ၊ နှမ်းများ ဈေးကျဆင်းနေခြင်းသည်။ သို့ဖြစ် ၍ ပို့ကုန်မူဝါဒ ပြောင်းလဲရန် လိုအပ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။ ယခင်သီတင်းပတ်က ဈေး အေးနေသည့် ပို့ကုန်ပဲနှင့် ကုလား ပဲအုပ်စုမှာ ဈေးအနည်း ပြန်လည်...

Post
ထိုင်းဘတ်ငွေဈေးကျဆင်း မတည်ငြိမ်တာကြောင့်ပြည်တွင်းငရုတ် သီးအစိုဈေးကျဆင်းနေ

ထိုင်းဘတ်ငွေဈေးကျဆင်း မတည်ငြိမ်တာကြောင့်ပြည်တွင်းငရုတ် သီးအစိုဈေးကျဆင်းနေ

ရွှေမန်း ထိုင်းဘတ်ငွေဈေးကျဆင်း မတည်ငြိမ်တာကြောင့်ပြည်တွင်းငရုတ် သီးအစိုဈေးကျဆင်းနေကြောင်း သိရသည်။ ပြည်တွင်းငရုတ်အစိုဈေးကွက် မှာ တစ်ပိဿာကျပ် ၃၅၀၀-၄၀၀၀ထိဈေးကျဆင်းနေပြီး တောင်သူများ အတွက် အဆင်မ ပြေဖြစ်နေကြောင်း၊အစိုဈေးကျဆင်း နေတာကြောင့်လည်း ငရုတ် ခြောက်ပြုလုပ်ရောင်းချနေရကြောင်း မြန်မာနိုင်ငံငရုတ်သီးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအဖွဲ့ ငရုတ်အသင်း ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောသည်။ “လက်ရှိမှာငရုတ်ဈေးကွက်က တော်တော်ကျဆင်းနေပါတယ်။ ပြင်ဦးလွင်၊ရမည်းသင်းဝန်းကျင် အနည်းငယ်လက်ကျန်တွေထွက် ရှိနေပါတယ်။အခင်းဈေး တစ်ပိဿာကျပ် ၃၅၀၀ လောက် သာပေါက်ဈေးရှိတော့တယ်။သန့်စင်ပြီးဆိုရင် တစ်ပိဿာကျပ် ၄၀၀၀ခန့်ပေါက်ဈေးရှိပါတယ်။ မြ၀တီဖက်တင်ပို့ရောင်းချဈေးက တစ်ပိဿာကျပ် ၅၀၀၀ လောက်ပဲ ဈေးရတော့ မကိုက်လို့သိပ် မ တင်ဖြစ် ဖြစ်တော့ ဘူး။လက်ရှိမှာ တော့ ဈေးမကောင်းတော့ ၁-၂ စီးလောက်ပဲ သွားတယ်။ အခြောက် ဈေးကွက်အတွက် အဝယ်ကောင်း နေပါတယ်။ ဒီကာလ ကဧရာ၀တီ ငရုတ်စိုက်ဒေသ တွေမှာပျိုးချိန် ပဲရှိ...

Post
ပြည်တွင်း၌ သကြားစက် ၄ ခုအသစ်တိုးချဲ့လည်ပတ်မည်ဖြစ်ရာ စွန့်ထုတ်ပစ္စည်းများမှ စွမ်းအင် ထုတ်ရေး ဆောင်ရွက်သင့်

ပြည်တွင်း၌ သကြားစက် ၄ ခုအသစ်တိုးချဲ့လည်ပတ်မည်ဖြစ်ရာ စွန့်ထုတ်ပစ္စည်းများမှ စွမ်းအင် ထုတ်ရေး ဆောင်ရွက်သင့်

ရွှေမန်း ပြည်တွင်း၌ အသစ်တည်ဆောက်နေသော သကြားစက် ၄ ခုရှိရာ လည်ပတ်မှုစတင်ပါက ယခင်ထက် ကြိတ် ဝါးပြီး ကြံဖတ်များမှ စွန့်ထုတ်ပစ္စည်းတန်ချိန်များစွာရရှိလာမှာဖြစ်၍ ၎င်းစွန့်ထုတ်ပစ္စည်းများမှ စွမ်းအင်ထုတ် လုပ်နိုင်ရေးဆောင်ရွက်သင့်ကြောင်း သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်း ရှင်များ အသင်းမှ ဒုတိယဥက္ကဌ ဦးဝင်းဌေးကပြောသည်။ သကြားစက်ရုံများမှာ ထွက်ရှိလာသည့် စွန့်ထုတ်ပစ္စည်းကြိတ်ဝါးဖတ်များမှ လျပ်စစ်စွမ်းအင်နှင့် စက်သုံးဆီထုတ် လုပ်ရန် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည်ဟုဆိုသည်။ “သကြားစက်တည်ထောင်တာက အရင်းအနှီးများတယ်။ကြံတန်ချိန်များများ ကြိတ်ဝါးနိုင်တဲ့ စက်ရုံဖြစ်ဖို့ အရင်း အနီးက ဒေါ်လာသန်းချီကုန်တယ်။ရှမ်း(မြောက်)မှာ ကြံတန်ချိန် ၁၂၀၀၀ ကြိတ်ဝါးနိုင်မယ့် သကြားစက်အသစ် နဲ့ စစ်ကိုင်းတိုင်း ကသာမှာ သကြားစက်စစ်ကိုင်း တိုင်းမှာ စက်အသစ် ၂ ခု။ရှမ်းမြောက်နောင်ချိုမှာ ၂ ခုပေါ် ထွက် လာမယ်”ဟု ၎င်းကပြောသည်။ ပြည်တွင်း၌ သကြားစက်ပေါင်း ၃၀ခန့်ရှိပြီး...

Post
မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ကော်ဖီအဖြစ်ရပ်တည်နိုင်ရေး ဆောင်ရွက်ရန်လို

မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ကော်ဖီအဖြစ်ရပ်တည်နိုင်ရေး ဆောင်ရွက်ရန်လို

ရွှေမန်း မြန်မာ့ကော်ဖီကို ကမ္ဘာအရပ်ရပ်မှ ကုန်ကြမ်းအဖြစ်ဝယ်ယူပြီး ကုန်ချောထုတ်လုပ်ရောင်းချကြရာ အလားတူ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်၍ ကမ္ဘာ့ဈေးကွက်တွင် မြန်မာIdentity ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံ ကော်ဖီအသင်းမှ ဦးရဲမြင့်ကပြောသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် သဘာ၀ပေးအခြေအနေများကြောင့် ကမ္ဘာတန်းဝင် အဆင့်မြင့်ကော်ဖီကုန်ကြမ်း စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ကော်ဖီဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရ မည်ဟုဆိုသည်။ “ပြည်ပပို့ကုန်အစားထိုးတင်ပို့မှုမှာ ကော်ဖီဈေးကွက်ကြီးမားပြီး မြန်မာ့ကော်ဖီကဈေးကွက်ဝယ်လို အားရှိနေ တယ်။ပြည်ပကသွင်းတဲ့ ကော်ဖီ ဈေးတက်လာတော့ ပြည်တွင်းကော်ဖီထုတ်လုပ်ရောင်းချသူတွေက ပြည်တွင်း ကော်ဖီကိုသုံးစွဲလာကြတယ်။ပို့ကုန်အစားထိုးပြည်ပတင်ပို့မှုမှာ ကော်ဖီလုပ်ငန်းက အောင်မြင်မှုရလာလို့ အရည် အသွေးမြှင့်ထုတ်လုပ်ဖို့လိုတယ်”ဟု၎င်းကပြောသည်။ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် မြန်မာနိုင်ငံထုတ်ကုန်အဖြစ် ရပ်တည်နိုင်ရေးမှာ ဖေါ်ဆောင်ရန် အဓိက လို အပ်နေပြီး မြန်မာနိုင်ငံကော်ဖီ အသင်းမှ နည်းပညာနှင့်ဈေးကွက်ရှာဖွေရေးတို့တွင် ကူညီဆောင်ရွက်ပေးနေ သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူများ ညီညွတ်မှုရှိရေးနှင့် ဌာနဆိုင်ရာက ကူညီထောက်ပံ့ရေးတို့...

Post
သီတင်းကျွတ်ပိတ်ရက်များအလွန် ပဲအမျိုးအစားအလိုက်တစ်အိတ်ကျပ် ၅၀၀၀-၁၀၀၀၀ ခန့် ဈေးကျဆင်းနေသော်လည်း မျိုးဈေးကွက်ကောင်းနေ

သီတင်းကျွတ်ပိတ်ရက်များအလွန် ပဲအမျိုးအစားအလိုက်တစ်အိတ်ကျပ် ၅၀၀၀-၁၀၀၀၀ ခန့် ဈေးကျဆင်းနေသော်လည်း မျိုးဈေးကွက်ကောင်းနေ

ရွှေမန်း သီတင်းကျွတ်ပိတ်ရက်များ အလွန် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေရာ ပဲအမျိုးအစား အလိုက် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀-၁၀၀၀၀ ခန့်ဈေးကျဆင်းနေ သော်လည်း မျိုးဈေးကွက်ကောင်း နေကြောင်း ပဲ၊နှမ်း ကုန်သည်များ ထံမှ သိရသည်။ သီတင်းကျွတ်ပိတ်ရက်တွေ အလွန် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ပို့ကုန်ပဲများအပါအဝင် ပဲအမျိုး အစားအလိုက် သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၅၀၀၀-၁၀၀၀၀ ခန့်ဈေးကျဆင်း၍ အဝယ်အေးနေ ကြောင်း၊ ပို့ကုန်ပဲများမှာ ဒေါ်လာ ဈေးတည်ငြိမ်နေတာကြောင့် အဝယ်အေးသွားခြင်းဖြစ်ကြောင်း ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အဝယ်အေးသွားတာကြောင့် V2 တစ်အိတ်လျှင် ငွေကျပ် ၁၈၈၀၀၀ ခန့်သာ ပေါက်ဈေးရှိတော့ကြောင်း မန္တလေး ပဲ၊ နှမ်းဈေးကွက်မှာ တန်ဆောင်မုန်းလကုန်အထိ ခပ် အေးအေးသာ အရောင်းအဝယ်ရှိ တော့မည်ဖြစ်ကြောင်း မန္တလေး...

Post
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးပဲများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေ

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးပဲများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေ

ရွှေမန်း ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးပဲများ မန္တလေးဈေး ကွက်အတွင်း အရောင်းအဝယ်များကောင်းကာ သွက်လက်မြန်ဆန် နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီသည် သီတင်းကျွတ်လဆန်းမှစတင်၍တန်ဆောင်မုန်းလပြည့်အတွင်းဖြစ်ကာ တောင်သူများစိုက်ပျိုးလျက်ရှိ ကြောင်း၊ အဆိုပါ စိုက်ပျိုးရာသီတွင် အဓိကပြည်ပပို့ကုန်ဖြစ်သည့် မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် မြေထောက်ပဲမျိုးများ မန္တလေးဈေးကွက်အတွင်း၌ အရောင်းအဝယ်များသွက်လက်နေကြောင်း၊ ဈေးနှုန်းများအ နေဖြင့် ကုလားပဲသုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၅၀၀၀၊ မတ် ပဲသုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၀၀၀၀၊ ပဲစဉ်းငုံသုံးတင်းဝင် တစ်အိတ်လျင်ငွေကျပ် ၁၉၀၀၀၀၊ မြေထောက်ပဲသုံးတင်းဝင်တစ် အိတ်လျင်ငွေကျပ် ၂၂၀၀၀၀ ပေါက်ဈေးများဖြစ်ပေါ်နေကြောင်း မန္တ လေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ ” တောင်သူတွေရဲ့ ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီမှာ သီးနှံတွေက ဈေးကောင်းတွေရရှိတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့လို့ ၂၀၂၃ ခုနှစ်မှာလည်း ဈေးကောင်းရရှိမယ်လို့...

Post
တရုတ်ဘက်တွင် ဖရဲသီးများ ဈေးကောင်းမရသည့်အတွက် မိုးဖရဲလက်ကျန်များသာ တင်ပို့နေ

တရုတ်ဘက်တွင် ဖရဲသီးများ ဈေးကောင်းမရသည့်အတွက် မိုးဖရဲလက်ကျန်များသာ တင်ပို့နေ

ရွှေမန်း တရုတ်ဘက်တွင် ဖရဲသီးများ ဈေးကောင်းမရသည့်အတွက် မိုးဖရဲ လက်ကျန်များသာ တင်ပို့နေပြီး တစ်ပတ်လျင်ကုန်တင်ယာဉ် ၃ စီးခန့်သာရှိမူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်ဘက်သို့ တင်ပို့သည် ပြည်တွင်းမှ ထွက်ရှိသော မိုးဖရဲလက်ကျန်များ သာ တင်ပို့မှုရှိနေပြီး တစ်ပတ်လျင် ကုန်တင်ယာဉ် ၃ စီးခန့်ရှိ၍ မိုးဖရဲသီးများမှာ ဈေးမရသည့်အတွက် တင်ပို့သူ နည်းပါးကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်သွယ်စည်ဒိုင်မှ တာဝန်ခံ ဒေါ်ရီရီခိုင်ကပြောသည်။ တရုတ်ပြည်မှ ရွှေလီ၊ ၀မ်တိန်နှင့် ဖရဲသီးအ၀ယ်များသည့် ပြည်နယ်အချို့တွင် ကိုဗစ်ပိုး တွေ့ ရှိမှုကြောင့် မကြာ ခဏလော့ဒေါင်း ရှိနေခြင်းကြောင့် မြန်မာ့ပို့ကုန် သစ်သီးဝလံများဈေးကောင်း မရ၍ ကုန်သွယ်မှု လျော့နည်းရ သည်ဟုဆိုသည်။ “တရုတ်ဘက်မှာ ပိုးတွေ့လိုက် လော့ဒေါင်းလုပ်လိုက်နဲ့ လော့ဒေါင်းအချိန်က ပြောလို့မရဘူး။တွေ့သူများရင် လော့ဒေါင်းချတာပဲ။အရင်ကလို လော့ဒေါင်းရက်က ပြောလို့မရဘူး။ဖရဲသီးအ၀ယ်များတဲ့ ပြည်နယ်မှာ...

Post
ဒေါ်လာဈေးပြန်လည်မြင့်တက်လာမှုနှင့်အတူ ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံးကုလားပဲများ ဈေးအနည်းငယ်ပြန်တက်လာ

ဒေါ်လာဈေးပြန်လည်မြင့်တက်လာမှုနှင့်အတူ ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံးကုလားပဲများ ဈေးအနည်းငယ်ပြန်တက်လာ

ရွှေမန်း အောက်တိုဘာ လဆန်းပိုင်း ရက်များတွင် ဒေါ်လာ ဈေးပြန် လည် မြင့်တက်လာတာနှင့်အတူ ပို့ကုန်ပဲများ အပါအဝင် ပြည် တွင်းသုံး ကုလားပဲများ ဈေး အနည်းငယ်ပြန်တက်လာကြောင်း ပဲ၊နှမ်း ကုန်သည်များထံက သိရ သည်။ စက်တင်ဘာလကုန်ပိုင်းရက် များတွင် ရွှေဈေးငွေဈေး အကျ များခဲ့ရာကနေ အောက်တိုဘာ လဆန်းပိုင်းရက်များတွင် ငွေဈေး ပြန်လည်မြင့်တက်လာတာကြောင့် ဈေးကျဆင်းနေသည့် ပဲနှမ်းဈေး ကွက်မှာ ပြန်လည်ဈေးကောင်း လာခဲ့ရာ ပို့ကုန်မတ်ပဲတစ်အိတ် ငွေကျပ်၁၈၂၀၀၀၊ ကုလားပဲ ဗွီ တူးတစ်အိတ် ငွေကျပ် ၁၉၀၀၀၀ ပြန်လည်ဈေးမြင့်တက်လာကြောင်း၊ မြေပဲဆန် အသစ်ဝင်ရောက်မှု များသလို စားဆီဈေးကျဆင်း လာတာကြောင့် မြေပဲဆန်ဈေး တစ်ပိဿာ ငွေကျပ် ၅၄၀၀ ထိ ဈေး ကျဆင်းသွားကြောင်း ပဲနှမ်း ဈေးကွက်တစ်ခုလုံးကို...

Post
ပြည်တွင်းရွှေဈေး၊ဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံးဈေးကျဆင်းနေ ဈေးကွက်အတွင်းသို့ မြေပဲဆန်အသစ်များ လှိုင်လှိုင်ဝင်ရောက်

ပြည်တွင်းရွှေဈေး၊ဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံးဈေးကျဆင်းနေ ဈေးကွက်အတွင်းသို့ မြေပဲဆန်အသစ်များ လှိုင်လှိုင်ဝင်ရောက်

ရွှေမန်း ပြည်တွင်းရွှေဈေး၊ဒေါ်လာ ဈေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်း ဈေးကွက်တစ်ခုလုံး ဈေးကျဆင်း လာကြောင်း၊ဈေးကွက်အတွင်းသို့ မြေပဲဆန်များ လှိုင်လှိုင်ဝင်ရောက် နေကြောင်း ပဲ၊နှမ်း ကုန်သည်များ ထံက သိရသည်။ စက်တင်ဘာလကုန်ပိုင်းရက် များတွင် ပြည်တွင်းရွှေဈေး သိသိ သာသာကျဆင်းနေသလို ဒေါ်လာ ငွေ လဲလှယ်နှုန်းမှာလည်း ကျဆင်း နေရာ စံချိန်တင်အမြင့်ဈေးများ ရောက်ရှိထားသည့် ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး လိုက်ပါဈေးကျဆင်းနေ ကြောင်း၊ နောက် ပြည်တွင်းက ပဲလက်ကျန်များလည်း နည်းနေပြီး အသစ်ဝင်ရောက်နေသည့် မြေပဲ ဆန် ဈေးကွက်လည်း အနည်းငယ် ဆက်လက်ကျဆင်းနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။ “ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် အေးနေပါတယ်။ပြည်တွင်းသုံးကုလားပဲ အုပ်စုဝင် ပဲတွေက...

  • 1
  • 2