ရွှေမန်း ၂၀၂၂ ခုနှစ် ပဲရာသီအတွက် အသစ်ထွက်ရှိလာသည့် ထောပတ်ပဲများ မန္တလေးဈေးကွက်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ဝင်ရောက်လာကာ အဖွင့်ဈေးမှာလည်း ယခင်နှစ်ကာလတူထက် တစ်စကျော်မြင့်တက်နေကြောင်း စံချိန်တင်အမြင့်စျေးဖြစ်လာကြောင်းမန္တလေးပဲကုန်သည်များထံမှ သိရ သည်။ပဲရာသီအသစ်၏ ထောပတ်ပဲများကို မတ္တရာ၊ စဉ့်ကူးနယ်များမှ အဓိကဝင် ရောက်လာပြီး၊ ယခင်နှစ်ကာလတူက ထောပတ်ပဲ(အပြားကြီး) သုံး တင်းဝင်တစ်အိတ်လျင်ငွေကျပ် ၈၀၀၀၀ ဈေးနှုန်းဖြင့် အဖွင့်ဈေးစခဲ့ သော်လည်း၊ ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲ(အပြားကြီး) သုံး တင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အလတ်)မှာ ၁၆၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထော ပတ်ပဲ(အသေး)မှာ ၁၁၀၀၀၀ ဈေးနှုန်းတို့ဖြင့် ပေါက်ဈေးရှိနေပြီး ယ ခင်နှစ်အဖွင့်ဈေးထက် တစ်ဆကျော်မြင့်တက်နေကြောင်း မန္တလေး မြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။” ထောပတ်ပဲဈေးနှုန်းက စပေါ်ပေါ်ခြင်းမှာပဲ စံချိန်တင်မြင့်တက်ပြီး ဈေးကောင်းရရှိနေပါတယ်။ လက်ရှိချိန်မှာ ထောပတ်ပဲက...
FlashNews:
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
အိုမီခရွန် နဲ့ နှာခေါင်းစီး
ကိုဗစ်-၁၉ ကူးဆက်ပြန့်ပွားရောဂါပိုးဟာ အခုဆိုရင် အသွင်ပြောင်း အိုမီခရွန်(Omicron) အဖြစ်နဲ့ ရောရိှလို့လာနေပါပြီ။ ကူးဆက်ပြန့်ပွားမှု မရိျစေဖို့ လူတိုင်းနှာခေါင်းစီး(Mask)အကာအကွယ်ကို ,ူကြရမှာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေအရှိန်အဟုန်ရပ်တန့်ခဲ့သလို တနိုင်တပိုင်စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ တွေလည်းအပါဝင်ဖြစ်ပါတယ်။ အိုမီခရွန်ကာကွယ်ဖို့ ဝယ်ယူသုံးစွဲရတဲ့ တစ်ခါသုံးနှာခေါင်းစီး (Mask)တွေအစား အဝတ်ပိတ်စနဲ့ နှာခေါင်းစီးတွေ ချုပ်လုပ်သုံးစွဲလာကြတယ်လို့ပြောပါတယ်။
ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း မြေပဲ ၊နှမ်း ၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ
ရွှေမန်း ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း မြေပဲ ၊နှမ်း ၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ ကြောင်း ပဲ၊နှမ်းကုန်သည်များ ထံမှသိရသည်။ ပြည်တွင်းမှာ ဒေါ်လာငွေပေါက်ဈေးမှာ အမြင့်ဆုံး တစ်ဒေါ်လာလျှင် ကျပ် ၁၇၈၀ ဖြင့် ၁၀ရက် အတွင်း တည်ငြိမ်နေကြောင်း ဈေးကွက်ပေါက်ဈေးအရပြီး ပို့ကုန်ရငွေ ဒေါ်လာပေါက်ဈေးမှာလည်း ကွာခြားမှုမရှိတာကြောင့် ပဲ၊နှမ်းဈေးကွက်၏ ပို့ကုန်ပဲဈေးများ အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ပြီး ပစ္စည်းအဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။ ပို့ကုန် မတ်ပဲ၊ပဲစင်းငုံ ပေါက်ဈေးမှာ တက်ဈေးကနေ အနည်းငယ်ကျသွားတာကြောင့် ဇန်နဝါရီ လကုန်ပိုင်းတွင် မတ်ပဲသုံးတင်းဝင် တစ်အိတ်ကျပ် ၁၂၆၀၀၀ ၊ ပဲစင်းငုံ တစ်အိတ် ကျပ် ၁၂၉၀၀၀ ပေါက်ဈေးဖြစ်သွားသည်။ မြေပဲဆံဈေးကွက်မှာ အမျိုးအစားအလိုက် တစ်ပိသာကျပ် ၅၀-၁၀၀ ကြားဆက်လက်ဈေးမြင့်လာသည်။...
ကာကွယ်ဆေး ထိုးကို ထိုးမှရမယ်
တန်ခူးမေ ဟိုတစ်နေ့က အွန်လိုင်းမှာ ခေတ်စားနေတဲ့ သမီးရဲ့ကာစတန်မာတွေ ယူကိုယူရမယ်ဆိုတဲ့ တစ်တော့စ်က စနောက်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်နေရင်းက ပြုံးမိရယ်မိတဲ့ စာရေးသူခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ဝူဟန်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကကမ္ဘာကို ကိုင်လှုပ်ခဲ့တာ နှနှစ်ပြည့်ခါနီးပြီ။သေဆုံးခဲ့ရသော ကိုဗစ်ဒဏ်သင့်လူနာအရေတွက် သိန်းဆယ်ဂဏန်းတစ်ခုနီးပါးကျော်လာပြီဖြစ်ပြီး လက်တလောမှာ မျိုးရိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးစတွေ့နေတဲ့ ဥရောပနိုင်ငံကြီး အချို့မှာလူသေဆုံးမှုး အချို့ပြန်ရှိလာတယ်လို့သတင်းတွေအရ သိနေကြပြီးဖြစ်မှာပါ။ပြည်တွင်းမှာလည်း ရောဂါပိုးစိတ်သစ်အိုမီခရွန်ပိုးတွေ့နေရပြီဖြစ်ပြီး အတည် ပြု သတင်းများ အရ တိုင်းနဲ့ ပြည်နယ် အချို့မှာ တစ်ရက်ရာဂဏန်းကျော်စစ်ဆေးတွေ့ရှိနေရပါတယ်။ပြည်တွင်းမှာ Covid-19 တွေ့ခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးမှာ နိုင်ငံရေးအပြောင်းလဲ ဖြစ်ခဲ့ရသော မြန်မာနိုင်ငံရေးအခြေနေကြောင့် တတိယလှိုင်းမှာဖရိုဖယဲ အလဲအကွဲ ဖြစ်ခဲ့ရပါတယ်။နိုင်ငံရေးအခြေနေကြောင့် ပြည်သူတွေကြားမှာ ယခင် အစိုးရလက်ထက် က တည်းက စီမံထားတဲ့ ကာကွယ်ဆေးစီမံကိန်း(လည်းစနေပြီ)ကို စကစ လက်...
၁၈.၁. ၂၀၂၂ အောင်လံစျေး ဖုန်းဖြင့်ဝယ်ရောင်း ခန့်မှန်းဈေးများသာ
#အထူးသတိ mask တပ်ပါ။ လက်ဆေးပါ။ အိမ်ထဲနေပါ။ လူစုလူဝေးထံမသွားပါနှင့် ။ ၆ပေအကွာနေပါ ။ ရေချိုးမမှားစေနှင့်။မဖျားစေနှင့်။ ၁။နှမ်းစမှုံနက် (၄၅ပိသာ) ၁၅၀/ ၁၆၀/ ၁၇၀၀၀၀ ၂။နှမ်းပြာ (၄၅ပိသာ) ၁၂၅၀၀၀ ၃။နှမ်းဖြူ (၄၅ပိသာ) ၁၃၀၀၀၀ ၄။နှမ်းနီ (၄၅ပိသာ) ၁၃၀၀၀၀ ၅။ပဲစင်းငုံနီ(၂၀ပိသာ) ၄၂၀၀၀ ၆။ပဲစင်းငုံဖြူ (၂၀ပိသာ) ၇။ပဲဒီစိမ်း(၂၀ပိသာ) ၄၂၀၀၀ ထိပ် ၃၇၀၀၀ လတ် ၃၅၅၀၀ ဂျွန် ၈။ပဲနောက် (၂၀ပိသာ)၄၈၀၀၀ ၉။မတ်ပဲ(၂၀ပိသာ)၄၃၅၀၀၁၀။ကုလါးပဲ HL(၂၀ပိသာ) ၄၅၅၀၀၁၁။ကုလါးပဲမြကြေး(၂၀ပိသာ)၁၂။ဘိုကိတ်ပြာ(၂၀ပိသာ) ၃၇၀၀၀၁၃။ဘိုကိတ်ဖြူ(၂၀ပိသာ) ၂၈၀၀၀၁၄။ပဲကြီး(၂၀ပိသာ)၁၅။လုံးဆံနီ (၁ပိသာ)၂၈၅၀ ၂၈၂၅၁၆။လုံးဆံဖြူ(၁ပိသာ) ၃၁၅၀၁၇။ဆီဆံဓါးကွင်း (၁ပိသာ)၁၈။ဝါ (၁ပိသာ)၂၁၀၀ ၂၀၇၅၁၉။၆လတောင့်(၁ပိသာ) ၁၆၇၅၂၀။ပဲတောင့်စို (၁တင်း)၂၁။ဆန်အချိန်နှင့်အမျှစျေးပြောင်းလဲနိုင်ပါသည်။ ဈေးမေးရန် ၀၆၉ ၂၀၀၇၇၈ ၀၉၅၃၃၀၁၃၄
- 1
- 2