Home 2021 December

Month: <span>December 2021</span>

Post

မျက်သား နီတိုင်း၊ အိုမီခရွန် မဟုတ်

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရဲ့ လက္ခဏာများ ဆိုတဲ့ ပညာပေး စာတွေမှာ မျက်သားနီပုံတွေ ထည့်ပြီး တင်လာတာ ခပ်စိပ်စိပ် တွေ့ရလို့ ဒီစာကို ရေးပါတယ်။ မျက်သား နီတိုင်း၊ အိုမီခရွန်ကိုဗစ် မဟုတ်ပါ။ဒါဆို၊ မျက်သားနီစေတဲ့ အကြောင်းအရင်းတွေက ဘာလဲ(၁) ကိုဗစ်အပြင် အအေးမိ၊ တုပ်ကွေး၊ အဆုတ်ယောင်လို ရောဂါမျိုးတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရတဲ့ အခါမှာလည်း မျက်သားနီတတ်ပါတယ်။ ကိုဗစ်တမျိုးထဲမှာ ကွက်နီတာ မဟုတ်ပါ။(၂) ဘတ်တီးရီးယားပိုး (အများသောအားဖြင့် Staphylococcus Aureaus ပိုး) ဝင်ရင်လည်း မျက်သားနီတတ်ပါတယ်။(၃) ဓါတ်မတည့်စေတဲ့ ဖုန်မှုန့်၊ သဲမှုန့်လို တခုခုနဲ့ မျက်လုံး ထိတွေ့မိတဲ့ အခါမှာလည်း မျက်သားနီတတ်ပါတယ်။(၄) မျက်လုံးအိမ်ကို အပျော့စား ထိခိုက်ဒဏ်ရာ ရတဲ့အခါမှာလည်း မျက်သားနီတတ်ပါတယ်။ယုတ်စွအဆုံး ကုန်ကုန် ပြောရရင်၊...

Post

ပဲနှမ်းစျေးကွက်အတွင်း အ၀င်နည်းလာသည့်မြေပဲ စျေးမြင့်တက်လာ ၊နှမ်းနက်မှာ အ၀င်များလာသည့်တာကြောင့် သုံးတင်းတအိတ်လျှင် ကျပ် သုံးသောင်းခန့် ကျဆင်း

ရွှေမန်း ပဲနှမ်းစျေးကွက်အတွင်း အ၀င်နည်းလာသည့်မြေပဲ စျေးမြင့်တက်လာ ၊နှမ်းနက်မှာ အ၀င်များလာသည့်တာကြောင့် သုံးတင်းတအိတ်လျှင် ကျပ် သုံးသောင်းခန့် ကျဆင်း သွား ကြောင်း ကုန်သည်များထံမှသိရသည်။ဒီဇင်ဘာလဆန်းပိုင်းတွင် ပြည်တွင်းပဲနှမ်းစျေးကွက်အတွင်း အသစ်၀င်ရောက်မှုနည်းလာသည့် မြေပဲလုံးဆန်များမှာ တစ်ပိသာကျပ် ၂၀၀ခန့်စျေးမြင့်တက်သွားပြီး ၀ယ်လိုအားကောင်းနေကြောင်း နှမ်းနက်မှာ အက်စစ်လွတ်သည့် ထိပ်စအရည်အသွေးရှိနှမ်းနက် တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၀ခန့်သာ ပေါက်စျေးရှိတော့ပြီး ယခင်သီတင်းပတ်ထက် ငွေကျပ် ၃၀၀၀၀ခန့်စျေးကျဆင်းသွားကြောင်း သို့သော်လည်း စျေးကွက်အတွင်း အခြားပဲများလက်ကျန်မရှိတော့သဖြင့် မြေပဲနှင့်နှမ်းသာ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအ၀ယ်သွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ )က ပြောသည်။ “ နှမ်းနက်တွေက အ၀င်များတာတော့ အက်စစ်လွတ်တဲ့ထိပ်စလောက်ပဲအရောင်းအ၀ယ်သွက် နေတယ်ပြီး ခဲ့တဲ့အပတ်ထက် သုံးတင်း၀င်တစ်အိတ်ကို ကျပ်၃၀၀၀၀လောက် စျေးကျသွားတယ် အခြားပဲတေ ွအရောင်း အ၀ယ်မရှိတော့...

Post

မန္တလေးမြို့တွင် ပထမဆုံး စတင်ရောင်းချသည့် တန်ဖိုးနည်း ၅၀၀ တန် ထမင်းဆိုင်နှစ်ဆိုင်လုံး အလှူရှင် ပေါ်လာသဖြင့် အခမဲ့ကျွေးမွေးလှူဒါန်းခဲ့

ရွှေမန်း မန္တလေးမြို့တွင် ပထမဆုံး စတင်ရောင်းချသည့် တန်ဖိုးနည်း ၅၀၀ တန် ထမင်းဆိုင်နှစ်ဆိုင်လုံး အလှူ ပေါ် လာသဖြင့် အခမဲ့ကျွေးမွေးလှူဒါန်းခဲ့ ကြောင်းသိရသည်။ အခြေခံ ၀င်ငွေနည်း ပြည်သူများ အတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ရောင်းချမည့် တန်ဖိုးနည်း ကျပ် ၅၀၀ ထမင်းဆိုင် နှစ်ဆိုင်ကို မဟာအောင်မြေ မြို့နယ် ၃၇ (A)လမ်း ၊၆၀x၆၁လမ်းကြား ရွှေဘုန်းလူငယ်ပရဟိတအသင်း နှင့် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့်၉၀ လမ်းထောင့် မိဘမေက္ကာ မာလာဟင်း ဆိုင် တို့တွင် စတင်ဖွင့်လှစ်ရောင်းချ ရာ အလှူရှင်များက လာရောက်လှူဒါန်းမှု ရှိတာကြောင့် အခမဲ့ကျွေးမွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ရွှေဘုန်းလူငယ်ပရဟိတ အသင်းအနေဖြင့် လူငယ်များစုပေါင်းပါ၀င်ပြီး လုပ်အား ငွေအားဖြင့် တန်ဖိုးနည်း ထမင်းရောင်းချခြင်းကို...

Post

သခွားပင်လယ်လို့ တင်စားရသည့် ချောင်းဦးနယ် ပေါက်အင်းဒေသ တွင် တရုတ်နယ်စပ်ဂိတ်များ ကနေ အသီးတင်ပို့မှု အခက်အခဲများကြောင့် ဈေးကွက်သေချာသည့် ကုလားပဲကိုပြောင်းလဲစိုက်ပျိုး

ရွှေမန်း သခွားပင်လယ်လို့ တင်စားရသည့် ဧကသောင်းချီစိုက်ပျိုးသည့် ချောင်းဦးနယ် ပေါက်အင်းဒေသ တွင် တရုတ်နယ်စပ်ဂိတ်များ ကနေ အသီးတင်ပို့မှု အခက်အခဲများနှင့်ဈေးကွက်မသေချာ တာကြောင့် ဈေးကွက် သေချာသည့် ကုလားပဲကိုပြောင်းလဲစိုက်ပျိုး ကြရာ သခွားစိုက်ခင်းဧက ၂၀၀ ခန့်သာ စိုက်ပျိုတော့ကြောင်း တောင်သူများထံ မှသိရသည်။တရုတ်နယ်စပ်ဂိတ် မူဆယ် ကျင်စန့်ကျော့ဂိတ်မှ ဖရဲသခွား အဓိကတင်ပို့နေပြီး မနှစ်က လည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများကြောင့် အသီးတင်ပို့ရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရတာကြောင့် ယခုနှစ် နိုဝင်ဘာ လကုန်ပိုင်း ပေါက်အင်း ဒေသတစ်ခုလုံး သခွားစိုက်ရာသီရောက်လာသော်လည်း စိုက်ပျိုးစရိတ်နည်းပြီး ဈေးကွက်သေချာသည့် ကုလားပဲ (V2)ကို ပြောင်းလဲ စိုက်ပျိုးကြခြင်းဖြစ်သည်။စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ချင်းတွင်းမြစ်ရေ၀င်ဒေသ ပေါက်အင်းမှာ အလျား ၁၄ မိုင် အနံ ၆ မိုင်ခန့်ကျယ်ဝန်းသည့်...