Home 2021 September

Month: <span>September 2021</span>

Post
စကုမြို့နှင့်မန်းချောင်းလွင်ပြင်နောက်ခံသမိုင်းအကျဉ်း

စကုမြို့နှင့်မန်းချောင်းလွင်ပြင်နောက်ခံသမိုင်းအကျဉ်း

စကုမြို့သည်မကွေးတိုင်း၊ မင်းဘူးခရိုင် အတွင်းတည်ရှိ၍ ရခိုင်ရိုးမတွင်မြစ်ဖျားခံပြီး မန်းရွှေစက်တော်ဘုရားကို ဖြတ်သန်း စီးဆင်းလာသော မန်းချောင်း (ရှေးအခေါ် နမန္တာမြစ်)၏ တောင်ဘက်ကမ်းပါးပေါ်တွင် တည်ရှိပါသည်။ စကုမြို့သည် ကျောက်ခေတ်၊ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ် မှ တိုင် ယခုအချိန်ထိ ယဉ်ကျေးမှုအစဉ်အဆက်ထွန်းကားရာမန်းချောင်းလွင်ပြင်၌ တည်ရှိသော ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပါသည်။ မန်းချောင်းလွင်ပြင်၏ ပထဝီအနေအထားမှာ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၏ အနောက်တောင်ဘက် ရခိုင်ရိုးမတွင်မြစ်ဖျားခံ၍ အရှေ့ဘက်သို့ စီးဆင်းနေပါသည်။ (ရ၈) မိုင်ခန့်ရှည်လျားပြီး စကုမြို့၊ ဆည်တော်ရွာမှစ၍ မြေပြန့်လွင်ပြင်အဖြစ်သို့ စတင်ရောက်ရှိ လာပြီး၊ ထိုနေရာတွင် တမိုင်ခန့် ကျယ်ဝန်းသော်လည်း မြေပြန့် လွင်ပြင် စစ်စစ် မဖြစ်သေးပါ။ဆက်လက်၍စကုမြို့မြောက်ဘက်မှ ကပ်လျက် စီးဆင်းသွားပြီး မင်းဘူးမြို့ အထက် ငါးမိုင်ခန့် တွင်...