မကွေးတိုင်းပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဘဏ္ဍာရေးးလည်းဖြစ် မကွေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အမှတ်(၈) နယ်မြေမှနေ၍ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံမည့် ဦးကြည်ထွန်းနှင့် မကွေးဂျာနယ်တို့အင်တာဗျူးခဲ့သည်။ မေး – ၂၀၂ဝမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရာထားတာကို ဘယ်လိုရှိပါသလဲ ကိုယ်စားလှယ် လျာထားမှု စုစုပေါင်း (၈၈)ဦး အတွေ့အကြုံရှိပြီးသူ (၄၄) ဦး အသစ်လျာထားသူ (၄၄)ဦး လူငယ် (၂၆) ဦး အမျိုးသမီး (၅) ဦး ပါရဂူဘွဲ့ရ (၂) ဦး မဟာဘွဲ့ရ (၄)ဦ ဘွဲ့ရ (၆၆) ဦး အထက်တန်းဆင့် (၁၄)ဦး အလယ်တန်းဆင့် (၁) ဦးကိုယ်စားလှယ် လျာထားမှု စုစုပေါင်း (၈၈)ဦး အတွေ့အကြုံရှိပြီးသူ (၄၄) ဦး အသစ်လျာထားသူ (၄၄)ဦး လူငယ် (၂၆) ဦး အမျိုးသမီး (၅)...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
Year: <span>2020</span>
အာဏာရှင်ဆိုတဲ့ အခါးကို ဒီမိုကရေစီဆိုတဲ့ သကြားနှင့်ဖုန်းထားရင် ဝါးကြည့်တော့ သိမှာပါ
တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဦးမင်းသိန်းနှင့်တွေ့ဆုံမေးမြန်းမှုအား ဖော်ပြပါသည်။ မေး ။ ကိုယ်ရေးအကျဉ်းနှင့်နိုင်ငံရေးစွမ်းဆောင်ခဲ့တဲ့အကျဉ်းလေးသိပါရစေ?ဖြေ ။ကိုယ်ရေးအကျဉ်းကတော့ နိုင်ငံရေးနှင့်ပတ်သက်လိမ့်မယ် ၁၉၇၄ ခုနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်တက်ခဲ့ရတယ်၊၁၉၇၄ ဇွန် အလုပ်သမားအရေးခင်းမှာစပြီးတစ်ပါတီအာဏာရှင်တို့ရဲ့တပ်မတော်ကို အသုံးချပြီးနှိမ်နင်းခဲ့တာတွေကို ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရတယ်၊၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်းမှာ ပညာရေးတက္ကသိုလ်ကနေ ကျိုက္ကစံကွင်းချီတက်ခဲ့တာတွေ ဘွဲ့နှင်းသဘင်ခန်းမမှာ ဦးသန့်ရဲ့ခေါင်းကို ဘေးထားပြီး တရားဟောခဲ့တာတွေ နှိမ်နင်းခဲ့တာတွေဟာ ဒီနေ့ပြန်ပြောရင် ဒီနေ့အသစ်ပါဘဲ မျက်စေ့ထဲကမထွက်နှိုင်ပါဘူး၊ဒီနောက် ၁၉၇၆မှိုင်ရာပြည့် သခင်ကိုယ်တော်မှိုင်းအုတ်ဂူထိ ချီတက်ခဲ့တာတွေ၊ဒီလိုလှုပ်ရှားခဲ့တာတွေကြောင့် ပညာရေးတက္ကသိုလ်က (၂)နှစ်ကျောင်းထုတ်ခံခဲ့ရတယ်၊တောင်တွင်းကြီးမှာစက်မှုတက္ကသိုလ်ကျောင်းသားတွေဆိုရာသက်ပန်အထုတ်ခံရတာတွေရှိတယ်၊ကိုယ်ကတော့ပြန်တက်ခွင့်ရပြီး B.E.D ဘွဲ့ရအထက်တန်းပြဆရာဖြစ်( ၁၉၈၈)အရေးခင်းရောက်ပြန်တော့ တောင်တွင်းကြီး ဆရာသမဂ္ဂမှာပါဝင်ပြီးနောက် (၁၉၈၉)ဇန်နဝါရီ လထဲမှာအလုပ်ကဖြုတ်တာခံခဲ့ရတယ်၊ဒီလိုနဲ့ နိုင်ငံရေးပါတီတွေထောင်တော့(NLD)ကိုဝိုင်းရံအားပေးခဲ့သူပါ၊စာရေးဆရာ၊ကဗျာဆရာ၊တစ်ယောက်အနေနှင့် (၁၉၉၀)ရွေးကောက်ပွဲ ၊(၂၀၁၀)ရွေးကောက်ပွဲတွေမှာလိုက်လံဟောပြောခဲ့တယ်၊၂၀၁၂ရောက်တော့NLDပါတီကိုဝင်ခဲ့တယ်၊၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့တာပါဘဲ။ မေး ။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့(၅)နှစ်တာကာလဆောင်ရွက်ခဲ့တာများသိပါရစေ ?ဖြေ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနှင့်မြို့နယ်အရေး၊ပြည်ထောင်စုအရေး၊ဒီ(၂)ရေးလုံးတွက်မေးရတာတွေ၊ဆွေးနွေးရတာတွေ၊အဆိုတင်ရတာတွေအများကြီးပါ၊ကိုယ်ကပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဖြစ်တော့ ဥပဒေကြမ်းတွေကိုစီစစ်ရတာပါ၊ကိုယ်တို့ဥပဒေကြမ်းကော်မတီကစီစစ်ပြီးမှလွှတ်တော်ကိုတင်ရ၊လွှတ်တော်ရဲ့အဆုံးဖြတ်ယူရတာလေ၊ဒီတော့ဥပမာတင်ပြရရင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဥပဒေကအစနောက်ဆုံး...
ကျေးရွာကိုပြန်လာကြ သော ရန်ကုန်ပြန် အလုပ်သမားများရှိနေတဲ့အတွက် ရပ်ရွာနေပြည်သူများ စိုးရိမ်ထိတ်လန့်
မကွေးမြို့နယ် ကြာကန်ကျေးရွာ ကျေးလက်မြေ ပရဟိတအဖွဲ့မှ ကိုဇော်မင်းထိုက်အား မကွေးဂျာနယ်မှအင်တာဗျူးRADIO
မကျီးသုံးပင်ကျေးရွာကို ၀န်ကြီးချုပ်နဲ့အဖွဲ့မဲဆွယ်”
မင်းဘူး စက်တင်ဘာလ ၁၂ “၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရှုံးခဲ့တဲ့ မင်းဘူးမြို့နယ် မကျီးသုံးပင်ကျေးရွာပြည်သူလူထုနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းအောင်နိင်ရေးဥက္ကဌ ဦးတာ နဲ့ တိုင်းလွှတ်တော်ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းတို့ တွေ့ဆုံမဲဆွယ်စည်းရုံးခဲ့ပါတယ်။ မဲဆွယ်ပွဲကို စက်တင်ဘာလ (၁၀)ရက်နေ့က မင်းဘူးမြို့နယ် မကျီးသုံးပင်ကျေးရွာ ပါတီဝင်ဦးကြည်လေးအိမ်မှာ ပြုလုပ်ခဲ့တာပါ။ တွေ့ဆုံပွဲမှာ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြည်တွင်းပြည်ပ ကိစ္စအမျိုးမျိုးကိုဖြေရှင်းနိုင်ဖို့ ခိုင်မာအားကောင်းပြီး ဒေါင်ဒေါင်မည် အစိုးရဖြစ်ဖို့လိုတယ်လို့ကြောင်း၊ ဒါအပြင် အရင်အစိုးရ (၅)နှစ်သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ၊ လမ်း တံတား ဆောင်ရွက်ခဲ့တဲ့အခြေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် (၅)နှစ် ူအတွင်း ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ၊ လမ်း တံတား ဆောင်ရွက်ခဲ့တဲ့အခြေအနေတွေကို နှိုင်းယှဥ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို...
စည်းရုံးလှုံ့ဆော်ရေး ( Advocacy and lobby) online သင်တန်းကို အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ကျေးရွာတွင် ပြုလုပ်
ကြာကန်၊စက်တင်ဘာ(၁၁) ကျေးရွာ လူငယ်၊ လူကြီးများ စွမ်းရည်မြှင့်ရန်အတွက် Covid 19 ကာလ ဖြစ်သောကြောင့်ကျေးရွာ လူထုနှင့် အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ပြုလုပ်ခြင်း ဖြစ်သည် ဟုကျေးလက်မြေမှ ပြောသည်။ online zoom သင်တန်းကို ၄ ရက်နေ့မှ ၉ ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၂၀ ခုနှစ်တွင် ၆ ရက်တာ သင်တန်းပြုလုပ်ခဲ့သည်။ ကျေးရွာ လူငယ်၊ လူကြီးများ စွမ်းရည်မြှင့်ရန်အတွက် ကျေးလက်မြေနှင့် ညီမျှခြင်း မြန်မာတို့မှ The United Natons Democracy Fund (UNDEF) ထောက်ပံ့မှုဖြင့်ပြုလုပ်ခြင်းဖြစ်သည်။ မိမိတို့ ရပ်ရွာတွင်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် အခြားအကြောင်းအရာများ အရေးဆိုမှုနှင့် လူထုပါဝင်မှု လုပ်ဆောင်နိုင်ရန်တွက် မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်ရှိ ကျေးရွာ...
၂၀၂၀ရွေးကောက်ပွဲ အောင်နိင်ရေး
“၂၀၂၀ရွေးကောက်ပွဲ အောင်နိင်ရေးအတွက် မကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိင်ရေးဥက္ကဌ ဦးတာ၊တိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတို့ ဦးဆောင်သောအဖွဲ့သည် ယနေ့ စက်တာဘာလ ၁၀ရက်နေ့ နေလည်ပိုင်းက မင်းဘူးစကုမြို့နယ် မကျည်းသုံးပင်ကျေးရွာတွင် ပါတီဝင်လျှောက်လွှာများပေးအပ်ကာ ပြည်သူများနှင့် တွေ့ဆုံ မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်
“စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်ပိုးတွေ့လူနာ(၃) ဦးရှိ”
မကွေး စက်တင်ဘာ ၁၀ “စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်(၁၉)ပိုးတွေ့လူနာ(၃)ဦးရှိတယ်လို့ သိရပါတယ်။ “နတ်မောက်မြို့နယ်မှ(၂)ဦး၊ မြိုင်မြို့နယ်မှ(၁)ဦးဖြစ်ပါတယ်၊ နတ်မောက်မြို့နယ်က အသက်(၂၀)အရွယ်အမျိုးသားတစ်ဦး၊ (၁၈)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး မြိုင်မြို့နယ်မှအသက်(၂၃)အမျိုးသားတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ “နတ်မောက်မြို့နယ်မှ (၂)ဦးမှာရန်ကုန်မှပြန်လာသူတွေဖြစ်ပြီး ကိုဗစ်ပိုးတွေ(KTV)ကို သွားလာခဲ့သူတွေပါ၊ မြိုင်မြို့နယ်မှ တစ်ဦးမှာ ရခိုင်ပြည်နယ်အမ်းမြို့မှပြန်လာသူဖြစ်တယ်လို့ မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ “နတ်မောက်မြို့နယ်မှ ပိုးတွေ့သူ(၂)ဦးကို မကွေးသင်ကြားရေးဆေးရုံကြီးကိုပို့ဆောင်ကုသပေးမှာဖြစ်ပြီး မြိုင်မြို့နယ်မှပိုးတွေ့သူကို ပခုက္ကူဆေးရုံကြီးကိုပို့ဆောင်ကုသပေးမှာဖြစ်ကြောင်း မကွေးတိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောပါတယ်။ “မကွေးတိုင်းမှ Quarantine ထားရှိထားသူ(၁၀၀၀) ကျော်ရှိပြီး ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲဦးရေ (၂၀၀)ကျော်ရှိတယ်လို့သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်
“ကိုဗစ်(၁၉)ကာလအနှိပ်ခန်းမှ ဖမ်းမိသူ(၁၃)ဦးကို သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေဖြင့်အရေးယူ”
မကွေး စက်တင်ဘာ ၄ “Covid 19 ပြည်တွင်းကူးစက်မှုမြင့်မားနေသည်အချိန် ယနေ့ စက်တင်ဘာလ ၄ရက်နေ့ နံနက်၂နာရီ၃၀မိနစ်ခန့်က မကွေးမြို့၊ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ဝင်းအတွင်း ဖွင့်ထားသည့် (BMB Beauty Spa)အနှိပ်ခန်းမှဖမ်းမိသူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားကြောင်း မကွေးမြို့မရဲစခန်းက သိရပါတယ်။ “မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး သတင်းအရ ဝင်ဖမ်းခဲ့ကြောင်း သိရပြီးဖမ်းဆီးမှုမှာ (Beauty Spa) မန်နေဂျာအပါအဝင် အမျိုးသား(၁၀)ဦးအမျိုးသမီး(၃)ဦး စုစုပေါင်း(၁၃)ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ “အနှိပ်ခန်းမှာ တွေ့ရှိသူအကုန်လုံးကိုဖမ်းဆီးခဲ့တာပါ၊ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နဲ့ အရေယူဖမ်းဆီးခဲ့တာပါလို့ မကွေးမြို့မြို့မရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။ “ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ရေးအမိန့်နှင့်ညွန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပြီး ဘေးအန္တရာယ်တစ်စုံတရာကျရောက်နိုင်သည်ကိုသိလျှက် အနှိပ်ခန်းဖွင့်လှစ်ဆောင်ရွက်နေတာကို တွေ့ရှိခဲ့ရတယ်၊အဲ့ဒီအတွက်အနှိပ်ခန်းမှာ တွေ့ရှိရတဲ့မန်နေဂျာ၊ အနှိပ်သမားနဲ့ လာရောက်တဲ့ဧည့်သည်တွေ၊ အနှိပ်ခန်းဖွင့်လှစ်ရာမှာအသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သက်သေအဖြစ်ဖမ်းဆီးခဲ့ကာ ဒုရဲအုပ်သန့်ဇင်ထွန်းမှ တရားလိုပြုလုပ်တိုင်တန်းအမှူဖွင့်ထားပါကြောင်း စခန်းမှူးဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။ ၎င်းတိုင်တန်းမှုကို (၂၀၁၃) နှစ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)ဖြင့်...
“မင်းလှမြို့တွင် ကျောက်ကပ်အားနည်း၊အမောဖောက်၊ချောင်းဆိုးသွေးပါရောဂါဖြင့် Qဝင်နေသူတစ်ဦးသေဆုံး”
မင်းလှ စက်တင်ဘာ ၄ “Covid 19ရောဂါ ပြည်တွင်းကူးဆက်မှုမြင့်မားနေသည့်အချိန် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ မြို့နယ်ခန်းမ FQ Center တွင် Qဝင်နေသော ထိုင်းပြန်တစ်ဦး သေဆုံးမှု စက်တင်ဘာလ ၃ရက် ညနေ ၆နာရီက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးစက်ရုံတွင်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်သို့ပြန်လည်ရောက်ရှိလာသော အထက်မင်းလှမြို့နယ် ပနီဆုံကျေးရွာနေထိုင်သူ ဦးချောင်(၂၃)နှစ်ကို သြဂုတ်လ ၃၀ရက်နေ့က စတင်ကာ Quarantine ဝင်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ “၎င်းသည် စက်တင်ဘာလ၃ရက် နံနက် ၁၁နာရီ ၅၀မိနစ်အချိန်တွင် Quarantine ဝင်နေရာမှ အမောဖောက်ပြီး အသက်ရှုမဝဖြစ်လာ၍ မကွေးတိုင်းပြည်သူ့ဆေးရုံသို့ နေ့လယ် ၁နာရီခွဲအချိန်ခန့် ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ပါတယ်။ “မကွေးတိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည့် အဆိုပါနေ့ ညနေ ၆နာရီအချိန်တွင် ကျောက်ကပ်အားနည်းရောဂါ၊ အမောဖောက်၊ ချောင်းဆိုးသွေးပါရောဂါတို့ဖြင့်သေဆုံးသွားခဲ့ကြောင်း...
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ
မကွေး စက်တင်ဘာ ၂ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဓါတ်လှေကားတည်ဆောက်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားအောင်မြေ ရင်ပြင်တော်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ရွှေစက်တော်ဘုရား ဩဝါဒ စရိယ ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဉာဏိက၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်မှတ်ထားသော နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပန္နက်တိုင်းအား ၉...