မန်းတော်ဝင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်အသစ်အရ ပြည်ပမှမတ်ပဲတန်ချိန်တစ်သိန်းငါးသောင်းတင်သွင်းခွင့်ပြုမည်ဟု အိန္ဒိယအစိုးရကထုတ်ပြန်ပြီးနောက်မြန်မာနိုင်ငံတွင်မတ်ပဲမျိုးဈေးနှုန်းများမြင့်တက်သွားကြောင်း ပွဲရုံအချို့ကသိရသည်။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏၂၀၁၅-၂၀၂၀ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒအရ မတ်ပဲအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တန်ချိန် တစ်သိန်းခွဲးတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အန္ဒိယအစိုးရမှ အောက်တိုဘာ ၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ယင်သို့ထုတ်ပြန်ပြီးနောက်တွက် မတ်ပဲမျိုးစေ့နှုန်းများမြင့်တက်လာပြီး အချိန်ခြောက်ဆယ်ပါသုံးတင်း၀င်မျိုးစေ့တစ်အိပ်လျင် ကျပ် ၁၂၀၀၀၀ခန့်ဖြစ်လျက်ရှိကြောင်းရွှေစင်သိန်းပွဲရုံပိုင်ရှင်ဦးကျော်သွင်ကပြောသည်။ ” အိန္ဒိယက၀ယ်မယ်လို့သတင်းထွက်ပြီးနောက်မှာဈေးတွေကပိုပြီးတော့တက်သွားတယ်။ အရင်ရက်က တစ်သိန်းကျော်တစ်သိန်းလောက်ရှိတာကအခုဆို တစ်သိန်းနှစ်သောင်းလောက်ဖြစ်သွားတယ်။ မနှစ်ကဒီအချိန်ဆို တစ်သိန်းအောက်ပါပဲ။ ကိုဗစ်ကြောင့်၊ ရာသီဥတုဖောက်ပြန်မှုများကြောင်း အိန္ဒိယဘက်ကလည်းလိုအပ်ချက်ကအများကြီးရှိတယ်။ ခုကဈေးကြီးပေးပြီးစိုက်ရမယ်။ မျိုးဈေးကြီးလို့မစိုက်ဘူးလို့တော့မနေပါနဲ့။ စိုက်လို့ရသမျှစိုက်ပေးပါ” ဟု ၄င်းကကပြောသည်။ အိန္ဒိယနိုင်ငံ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့သည့်အမိန့်ကြော်ငြာစာအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထပ်မံတင်သွင်းခွင့်ပြု...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
Year: <span>2020</span>
“မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ(၁၆) ဦး ထပ်မံတွေ့ရှိ၊ တိုင်းအတွင်း ပို့တွေလူလာ (၆၇)ဦးရှိပြီဖြစ်”
မကွေးအောက်တို့ဘာ ၄ “ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ယနေ့ အောက်တိုဘာလ ၄ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ(၁၆)ဦး ထပ်မံတွေ့ရှိပြီး တိုင်းအတွင်းပိုးတွေ့လူနာ (၆၇)ဦးရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ “ယနေ့ညနေ ထပ်တိုးပိုးတွေ့လူနာများမှာ သရက်မြို့နယ်မှ ၂၈နှစ်အရွယ် အမျိုးသမီးတဦး (ထိုင်းပြန်)၊ ပခုက္ကူမြို့နယ်မှ ၁၈နှစ်အရွယ် အမျိုးသားတဦး(မန္တလေးပြန်)၊ ဆင်ပေါင်ဝဲမြို့နယ်မှ ၂၂နှစ်နှင့်၃၄နှစ် အမျိုးသား(၂)ဦး (ထိုင်းပြန် ၁၊ ရန်ကုန်ပြန် ၁)၊ မကွေးမြို့နယ်မှ ၄၇နှစ်၊၂၅နှစ်၊၂၃နှစ်အရွယ်အမျိုးသား(၃)ဦးနှင့် ၃၄နှစ်အရွယ်အမျိုးသမီးတဦး၊ ရေနံချောင်းမြို့နယ်မှ ၄၀နှစ်နှင့်၂၀နှစ်အရွယ် အမျိုးသား(၂)ဦး၊ ၂၈နှစ်နှင့်၂၂နှစ်အရွယ် အမျိုးသမီး(၂)ဦး၊မင်းဘူး မြို့နယ်မှ၂၃နှစ်နှင့်၃၆နှစ်အရွယ် အမျိုးသမီး(၂)ဦး၊ နတ်မောက်မြို့နယ်မှ၂၀နှစ်အရွယ် အမျိုးသမီးတဦး၊ မြို့သစ် မြို့နယ်မှ ၂၀နှစ်အရွယ် အမျိုးသမီးတဦးတို့ဖြစ်ပြီး ၎င်းတို့မှာ ရန်ကုန်ပြန်များဖြစ်ကြောင်း မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်က သတိကြီးကြီး...
“Covid 19ရောဂါပိုးကူးစက်ပြန့်ပွားနိုင်သည့် ငြိမ်းစုစည်းဥပဒေဖြင့်ပါ ငြိစွန်းနိုင်မည့် မဲဆွယ်စည်းရုံးနေမှုများကို စီစစ်တင်ပြသွားမည်”
မကွေးအောက်တိုဘာ ၄ “မကွေးတိုင်းဒေသကြီးအတွင်း၌ ငြိမ်းစုစည်းဥပဒေနှင့် ငြိစွန်းနိုင်သည့်လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးလျက်သွားလာမှုအပေါ် စီစစ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းရွေးကောက်ပွ ကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။ “လက်ရှိကိုဗစ်ရောဂါကူးစက်မှုကာလအတွင်း၌ ပါတီအသီးသီးမဲဆွယ်စည်းရုံးလျက်ရှိကြရာတွင် ပါတီဝန်ရံသူတွေအနေနဲ့ ကော်မရှင်၏ခွင့်ပြုချက်မလိုဘဲ ဆောင်ရွက်ခွင့်ရှိသော်ငြားလည်း ကိုဗစ်ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် အထက်ပါငြိမ်းစုစည်းဥပဒေနှင့် ငြိစွန်းနိုင်မည့် လူစုလူဝေးသွားလာမှုများကို ကြပ်မတ်စီမံဆောင်ရွက်နိုင်ရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။ “ပါတီဝန်ရံသူတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ယူစရာမလိုဘဲ မဲဆွယ်ဆောင်ရွက်နိုင်ကြတယ်ဆိုပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ငြိမ်း/စု/စည်း တို့နဲ့ ငြိကောင်း ငြိနိုင်ပါတယ်၊ အမှန်တကယ်က ပါတီဝန်းရံသူတွေအနေနဲ့ ငြိမ်းစုစည်းဥပဒေနဲ့မငြိစွန်းအောင် လူစုလူဝေးနဲ့ သွားလာလှည့်လည်မယ်ဆိုရင် စီတန်းလှည့်လည်ခွင့်ကိုအရင်တင်ရမယ်၊ အဲဒီလိုတင်ကြတာမျိုးလည်းမရှိဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ COVID ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်နေတဲ့ဖြစ်စဉ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဒီလိုဖြစ်စဉ်လေးတွေတော့ ဖြစ်နေတယ်၊ ဒါလေးတွေကို သိရှိပြီး လိုအပ်သလို စီမံဆောင်ရွက်နိုင်ပါရန်ဆိုတဲ့ အသိပေးစာ တင်ပြဖို့ရှိပါတယ်လို့ မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး...
2020 Election Bus DVB & Magwayjournal
မကြေးျမို့ခံ ျပည်သူတြေ ရြေးကောက္ပြဲနဲ့ပတ္သက္ပီး ဘာတြေျေပ ာခဲ့ျကလဲ
“NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်းဆိုင်းဘုတ်အား ဖျက်စီးယူဆောင်သွားသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်၁ဦးကို အမှုဖွင့်”
“မကွေးတိုင်း စလင်းမြို့နယ် ဆည်ကန်အုပ်စု ဆည်ကန်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးသည်ဟုဆိုကာ တစ်ရွာထဲနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်တဦးကို စက်တင်ဘာ ၁၇ရက်နေ့က လင်းဇင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရပါတယ်။ “ဆည်ကန်ကျေးရွာက Nldပါတီဝင်ဦးစိုးဝင်းအိမ်ဝိုင်းထဲမှာ စက်တင်ဘာ ၁၆ရက်နေ့ နံနက်စိုက်ထူမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်း ၄ပေ-၈ပေရှိ ဆိုင်းဘုတ်ကိုတစ်ရွာတည်း မျက်နာခြင်းဆိုင်နေသူ မောင်ပိုင်ဆိုသူက သူအိမ်ထဲဝင်ဖျက်ဆီးတယ်လို့ လာတိုင်တာပေါ့၊ စက်တင်ဘာ၁၇ရက်နေ့မှာ (ပ)၄၁/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ၄၂၇/၄၄၇နဲ့ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်လို့ စလင်းမြို့နယ် လင်းဇင်းနယ်မြေရဲစခန်း စခန်းမှူးရဲအုပ်သိန်းမြင့်က ပြောပါတယ်။ “ဆည်ကန်ကျေရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်၁ဦးဖြစ်တဲ့ ဦးစိုးဝင်းရဲ့နေအိမ်က NLD ဆိုင်းဘုတ်ကို အိမ်ထဲဝင်ရောက်ပြီး ဖျက်ဆီးသွားကြောင်း၊ စက်တင်ဘာ ၁၆ရက်မနက် စည်းရုံးရေးသွားမဲ့နေ့ ကိုယ်စားလှယ်ဆိုင်းဘုတ်ထောင်မယ်ဆိုပြီး ကလေးတွေ ညမှလုပ်တာဖြစ်ကြောင်း၊ အိမ်ထဲမှာဘဲထောင်ထားတာဖြစ်ပြီး အိမ်ဝိုင်းထဲဝင်ပြီး...
ရပ်တန့်အစစ်ဆေးခံခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူပေါင်းရဲတပ်ဖွဲ့ များကပိတ်ဆို့ဖမ်းဆီ;
တောင်တွင်းကြီး စက်တင်ဘာ (၁၆) နေပြည်တော်ဘက်မှ တောင်တွင်းကြီးဘက်သို့ဦးတည် မောင်းနှင်လာသောမော်တော်ယာဉ်(၂)စီးမှာ ပူပေါင်းပိတ် ဆို့စစ်ဆေးရေးဂိတ်များတွင် ရပ်တန့်အစစ်ဆေးခံခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူပေါင်းရဲတပ်ဖွဲ့ များကပိတ်ဆို့ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရပါတယ်။ုဖြစ်ပုံကဒီလိုပါ ၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅နာရီ ၁၂ မီနစ်အချိန်ခန့်က တောင်တွင်းကြီးမြို.နယ်၊ ဆတ်သွားနယ်မြေရဲစခန်းပိုင် ဝံအော်ကြီးရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယရဲအုပ် ထွန်းထွန်းနိုင် ဦးစီးသောရဲတပ်ဖွဲ့ဝင်များက ဝံအော်ကြီးရဲကင်းရှေ့ နေပြည်တော် – ချောင်းနက်ကာလမ်းပေါ်တွင် ပိတ်ဆို့စစ် ဆေးဆောင်ရွက်နေစဉ် နေပြည်တော်ဘက်မှမောင်းနှင် လာသော YGN 9H 5905 Honda airwave ခဲရောင် မော်တော်ယာဉ်နှင့်YGN 5k 3185 Advan အဖြူရောင် မော်တော်ယာဉ်တို့အားရပ်တန့်စစ်ဆေးရန်အချက်ပြခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ချောင်းနက်လမ်းဆုံရဲကင်းရှေ့တွင်ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေသည့် ဒုတိယရဲအုပ် ကိုကိုမင်း ဦးစီးသောရဲတပ်ဖွဲ့...
ရွေးကောက်ပွဲ အရှုပ်တော်ပုံများ
မန်မာနိုင်ငံအတွက် ပထမအကြိမ် ပါလီမာန်လွှတ်တော် အထွေထွေရွေးကောက်ပွဲကို၁၉၅၁-၁၉၅၂ မှာ (၃)ကြိမ်ခွဲပြီး လုပ်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရ တစ်ပြိုင်တည်းမကျင်းပနိုင်ခြင်းဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေကတော့ အာဏာရ ဖဆပလအဖွဲ့ချုပ်ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ရဲ့ (ဆိုရှယ်ဦး) ဗမာပြည်အလုပ်သမားလယ်သမားပါတီ၊ ဗိုလ်ချုပ် အစ်ကိုဦးအောင်သန်းရဲ့ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ၊ဗိုလ်ထွန်းစိန်ရဲ့ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ၊၊ သခင်မစိန် ရဲ့ ဗမာပြည် ဒီမိုကရက် တစ်ပါတီ၊ဒေါက်တာဘမောင်ရဲ့ မဟာဗမာအဖွဲ့၊ ဘကြီး ဘဘေရဲ့ပြည်ချစ်မဟာမိတ် အဖွဲ့၊ ရခိုင်အမျိုးသားအဖွဲ့၊ရှမ်း၊ မွန်၊ ကချင်ဒေသခံများပါတီ၊ မဟာမူဆလင်ကွန်ကရာဇ်၊ ဗိုလ်ချုပ်အောင်ဆန်းအဖွဲ့၊ အောင်ပါတီ၊အင်ဒီပင်းဒင့်ပါတီစတဲ့ပါတီများ ယှဉ်ပြိုင်ကြရတယ်။ လွှတ်တော်အမတ်(၂၃၃)နေရာမျာ အာဏာရ ဖဆပလ (၁၈၀)နေရာ အတိုက်အခံတွေက(၅၃)နေရာ ရတယ်လို့ စာနယ်ဇင်မှတ်တမ်းများအရ သိရပါတယ်။ ဘားအံအမတ်လောင်း ဦးဘဆက်၊ရွှေဘိုက ကိုယ်စားလှယ်၊ ပခုက္ကူအတိုက်အခံ ကိုယ်စားလှယ် (၂)ယောက်၊ မိတ္ထီလာအတိုက်အခံ (၇)ယောက်၊ အင်းစိန် အမတ်လောင်း ဦးထွန်းမြင့်၊ ရခိုင်အမတ်...
“ယနေ့ နံနက်ထုတ်ပြန်ချက်အရ မကွေးတိုင်းတွင် ပိုးတွေးလူနာ၂ဦးရှိ၊ စုစုပေါင်းပိုးတွေ့လုနာ၁၅ဦးရှိပြီဖြစ်”
မကွေး စက်တင်ဘာ ၁၇ ” “Covid 19ရောဂါ ပြည်တွင်းကူးဆက်မှုမြင့်မားနေသည့်အချိန်စက်တင်ဘာ(၁၇)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်(၁၉)ပိုးတွေ့လူနာ(၂)ဦးရှိတယ်လို့ သိရပါတယ်။ “မကွေးမြို့နယ်၊ မိကျောင်းရဲ ၊ တောင်ခွင်အုပ်စု ၊ မကျီးကန်ရွာ မှ အသက်၂၁ နှစ်အရွယ် ၊ ရန်ကုန်ပြန် အမျိုးသမီး ၁ဦး၊ပေါက်မြို့နယ်မှ ၂၄ နှစ်အရွယ် ရန်ကုန်ပြန်အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးထပ်တွေ့ ရှိတယ်လို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောပါတယ်။ “မိကျောင်းရဲနှင့် ပေါက်မြို့နယ်တို့တွင် Facality Quarantineထားရှိပြီးနှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ် ပို့ဆောင် စစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် Positive အဖြေ ထွက်ခဲ့ကြောင်း၊ မကွေးမြို့နယ် မိကျောင်းရဲမှ လူနာကို မကွေးငါးထပ်ဆောင်ဆေးရုံ၊ ပေါက်လူနာကို ပခုက္ကူပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန က...
“ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကူညီတာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့ သွားရောက်”
မကွေး စက်တင်ဘာ ၁၄ “Covid 19ရောဂါပြည်တွင်းကူးစက်မှုမြင့်မားနေချိန် ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကပ်ရောဂါဘေး ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ တာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီး ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့သည် စက်တင်ဘာလ ၁၄ ရက် ယနေ့ နံနက်ပိုင်းက သွားရောက်နေပါပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ထံက သိရသည်။ရန်ကုန်ကို အားဖြည့် …. “ဒီမနက် ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကူညီတာဝန်ထမ်းဆောင်ဖို့ မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်များမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/အထက်တန်းသူနာပြု (၁၉) ဦး သွားရောက်နေပါပြီ၊ နိုင်ငံ့အရေး ကမ္ဘာ့အရေးမို့ အားတင်းပြီး တာဝန်ထမ်းဆောင်ပေးနေကြတဲ့...
“ရန်ကုန်ကနေ မကွေးကို ဝင်လာတဲ့ကုန်တင်ကားတွေကို ယာယီရပ်နားစခန်းမှာပဲ ကုန်တင်ကုန်ချခွင့်ပြုမည်”
မကွေး စက်တင်ဘာ ၁၄ “Covid 19ပိုး ပြည်တွင်းကူးစက်မှုမြင့်မားနေတဲ့အချိန်အခါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မကွေးမြို့ကိုဝင်လာမယ့် ရန်ကုန်ကလာတဲ့ကုန်တင်ကားတွေကို မြို့ထဲထိအဝင်မခံဘဲ ယာယီရပ်နားစခန်းမှာ ကုန်တင်ကုန်ချခွင့်ပြုမှာဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းသုံးယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။ “ကုန်တင်ကားတွေအတွက် ယာယီရပ်နားစခန်းကို မကွေးမြို့နယ် မကြီးကန်ကျေးရွာအထက(ခွဲ)ကျောင်းဝန်းထဲမှာ ထားရှိတာဖြစ်ပါတယ်၊ ဒါ့အပြင်ရန်ကုန်ကနေ ကုန်ကားမောင်းနှင်လာတဲ့ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေအနေနဲ့လည်း မကွေးမြို့တွင်းကိုဝင်ခွင့်မရှိဘဲ မကွေးဒေသခံဖြစ်နေရင် Q(၁၄)ရက်ဝင်ပြီးမှသာ ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။ “မကွေးမြို့မှာ ကုန်စည်စီးဆင်းမှုမရပ်တန့်စေဖို့၊ ရောဂါကြိုတင်ကာကွယ်ဖို့အတွက် ယာယီရပ်နားစခန်းမှာဘဲ ကုန်တင်ကုန်ချပြုလုပ်ရမှာဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းသုံးယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌဦးမြင့်စိုးကပြောပါတယ်။ “ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့အတွက် ကုန်ကားအဝင်အထွက်ကိုတော့ပိတ်သွားမှာမဟုတ်ဘဲ မကွေးတိုင်းပြင်ပခရီးသည်ယာဥ်လိုင်းတွေကတော့စက်တင်ဘာ၁၄ရက်နေ့မှ စတင်ကာယာယီရပ်နားထားဖို့ တိုင်းဒေသကြီးကို ဗစ်၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စာထုတ်ထားတာဖြစ်ပါတယ်၊ မကွေးတိုင်းအတွင်းပြေးဆွဲနေတဲ့ယာဥ်လိုင်းတွေကတော့ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးက ချမှတ်ထားတဲ့စည်းကမ်းတွေနဲ့အညီပြေးဆွဲရမှာလို့ သိရပါတယ်။ “Covid 19ပိုး ပြည်တွင်းကူးဆက်မှုမြင့်မားနေချိန် တိုင်းပြင်ပပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေပိတ်လိုက်တဲ့အတွက် စိတ်ပူပန်မှုအနည်းငယ်လျော့ကျသွားတယ်လို့ မကွေးမြို့ဒေသခံဦးနေမိုးဆွေကျော်က ပြောပါတယ်။ “မကွေးမြို့ကိုဝင်ရောက်မယ့်...