ဂန့်ဂေါ အောက်တိုဘာ ၂၅ ဂန့်ဂေါမြို့နယ်တွင် မြေပဲကို ဆောင်းရာသီသီးနှံအဖြစ် ယခင်နှစ်ကထက် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးထားသော ဆောင်းမြေပဲစိုက်ခင်းများတွင် ပိုးမွှားရောဂါကာကွယ်နှိမ်နင်း နိုင်ရေးအတွက် ပိုးမွှားရောဂါ ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ကြရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းများသည် အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက မောက်လင်းကျေးရွာရှိ ဆောင်းမြေပဲစိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေးပြီး တောင်သူများအား ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နှိမ်နင်းရေး ပညာပေးဆွေးနွေးကြသည်။ ဂန့်ဂေါမြို့နယ်အတွင်း ဆောင်းမြေပဲတွင် ဆင်းပဒေသာ(၆)၊ ဆင်းပဒေသာ(၁၁)နှင့် မကွေး(၁၆) မြေပဲမျိုးများကို စိုက်ပျိုးလေ့ရှိပြီး ယခင်နှစ်က ဆောင်းမြေပဲ (၅၃၃၃) ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် ယခုနှစ် ဆောင်းရာသီတွင်...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
Year: <span>2020</span>
ဂန့်ဂေါမြို့နယ် ယာယီပျံကျဈေးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ
ဂန့်ဂေါ အောက်တိုဘာ ၂၃ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ယာယီပျံကျဈေးတွင် ယနေ့နံနက်က ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းပြသသည်။ အဆိုပါနံရံကပ်စာစောင်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာလအတွင်း မိမိ၏ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များကို လိုက်နာရန်၊ သင်ဟာ အသက်(၁၈)နှစ်ပြည့်ပြီးသူဆိုရင် မဲဆန္ဒရှင်စာရင်းတွင် သင့်နာမည်ပါ/ မပါ စစ်ဆေးပြီးပြီ လား၊ မဲဆန္ဒရှင်စာရင်း သွားရောက်စစ်ဆေးရန် သင့်မှာအချိန်မရှိ/ မလုံလောက်ဖြစ်နေပါက အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊ QR ကုတ်ကို အသုံးပြု၍ ဝက်ဘ်ဆိုက်ကို လွယ်ကူစွာဝင်ရောက်နိုင်ရန် အသုံးပြုနည်းများစသည့်...
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ယုံကြည်ရတဲ့တရားဝင် သတင်းရင်းမြစ်များကနေ အချိန်နဲ့တပြေးညီ သတင်းများဖတ်ရှုပါ
https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fweb.facebook.com%2Fmagwayjournal%2Fvideos%2F3241192176009765%2F&show_text=false&width=560
သားငါးရောင်းချနေတဲ့ ဈေးသည်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ။
https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fweb.facebook.com%2Fmagwayjournal%2Fvideos%2F641798966500408%2F&show_text=false&width=560
ကိုရိုနာဗိုင်းရပ်က လက်တစ်ကမ်းမှာရှိနေပါတယ်
https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fweb.facebook.com%2Fmagwayjournal%2Fvideos%2F376165106835863%2F&show_text=false&width=560
ကိုဗစ်ရဲ့ ဇစ်မြစ်
https://www.facebook.com/plugins/video.php?height=346&href=https%3A%2F%2Fweb.facebook.com%2Fmagwayjournal%2Fvideos%2F1283534851983514%2F&show_text=false&width=560
#မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၁၀ ဦး ထပ်တိုးတွေ့ရှိ
#မကွေး အောက်တိုဘာ ၁၁ #မကွေးတိုင်းဒေသကြီးတွင် အောက်တိုဘာ ၁၁ ရက် ယနေ့နံနက်ပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၁၀ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ #အဆိုပါပိုးတွေ့လူနာများမှာ ရန်ကုန်ပြန် FQ ထားရှိသူများဖြစ်ပြီး၊ မြို့သစ်မြို့နယ်မှ ၈ ဦး၊ ပွင့်ဖြူမြို့နယ်မှ ၁ ဦးနှင့် မင်းဘူးမြို့နယ်မှ ၁ ဦးတို့ဖြစ်ကာ PCR စစ်ဆေးတွေ့ ရှိသူများဖြစ်သည်။ #မကွေးတိုင်းဒေသကြီးမှာ ယနေ့ထိ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၇၇ ဦးရှိသွားပါပြီ၊ NHL ဓါတ်ခွဲနမူနာ ရလာဒ် အဖြေစောင့်ဆိုင်းနေသူ ၁၀၀ ကျော် ကျန်ရှိပါသေးတယ်၊ ပိုးတွေ့သူတွေဟာ ရန်ကုန် လှိုင်သာယာနဲ့ စက်ရုံပြန်တွေပါ၊ ရန်ကုန်မှာ ဒီလ ၅ ရက်နေ့ကပို့ထားတဲ့...
#မင်းဘူး(စကု)မြို့နယ် မကျီးပင်ကျေးရွာရှိ တောင်သူတစ်ဦး၏ ယာမြေမှာ ရှေးဟောင်းပစ္စည်းများ တူးဖော်မှုများရှိနေ
#မင်းဘူး အောက်တိုဘာ ၁၁ #မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွာပုလဲကျေးရွာအုပ်စု မကျီးပင်ကျေးရွာရှိ ကွင်းအမှတ်(၁၄၃၃)၊ ဦးပိုင်အမှတ် (၅၈/၅) တောင်သူ ဦးအောင်မိုး၏ ယာမြေပေါ်တွင် ရွာအနီးဝန်းကျင်ရှိ ဒေသခံများက ရှေးဟောင်းပစ္စည်းများကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ အုပ်စုလိုက် လာရောက်တူးဖော်မှုများရှိနေကြောင်း ဒေသခံတစ်ဦး ထံမှ သိရသည်။ #မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက မကျီးပင်ကျေးရွာသို့ သွားရောက်ကွင်းဆင်း၍ မှတ်တမ်းများရယူကာ စိစစ်မှုများပြုလုပ်ခဲ့ကြောင်း၊ မြေပြင်အခြေ အနေအား အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာမှ သိရသည်။ #သွားရောက်ကွင်းဆင်းရာတွင် “ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာတော့ တူးနေတဲ့ လူတွေရော ဘာမှမတွေ့ရတော့ဘူ။ လက်ရှိ ကွင်းဆင်းခဲ့တဲ့အနေအထားတစ်ခုအရ သူတို့ ရိုက်ကူးထားတဲ့ ပုံအရဆိုရင် ရှေးဟောင်းနေရာလို့တော့ သတ်မှတ်ယူဆရမှာပါ။...
မကွေးတိုင်းမှာ ကိုဗစ်ထိန်းဖို့ နေရပ်ပြန်တွေကို စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်နေ
ဇော်တူး■ မကွေးတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့နှုန်းများလာတဲ့အတွက် တခြားတိုင်းနဲ့ပြည်နယ်တွေက ပြန်လာတဲ့သူတွေ သီးခြားခွဲနေထိုင်ဖို့ ဆိုတဲ့ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ လိုသလို၊ အဲဒီလူတွေကို စနစ်တကျကူညီဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ မကွေးတိုင်းတခုလုံး (၁၇) မြို့နယ်မှာ ပိုးတွေ့လူနာစုစုပေါင်း (၁၄၀) ကျော်နေပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မနေ့က တရက်တည်းမှာတင် မကွေးတိုင်းမှာ ပိုးတွေ့လူနာ ၆၀ နီးပါး ရှိခဲ့ပြီး၊ အဲဒီလူတွေထဲမှာ ကုန်ကားမောင်းသမား (၄) ယောက်လဲပါဝင်နေပါတယ်။ အခုဆိုရင် ပိုးကူးစက်နှုန်းများလို့ အသွားအလာကန့်သတ်ထားတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်လို့ အလုပ်အကိုင်မရှိတော့တဲ့အတွက် ဇာတိနေရပ် ပြန်လာသူတွေ များလာနေပါတယ်။ တဖက်မှာလဲ ကုန်စည်စီးဆင်းမှုအတွက် သွားလာနေတဲ့ကုန်ကားတွေလဲရှိနေပြီး၊ အဲဒီထဲက တချို့လူတွေမှာရောဂါ ပိုးစစ်ဆေးတွေ့ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ပြန်လာတဲ့သူတွေဆီကနေ ပိုးပျံ့မှာကို စိုးရိမ်နေသလို၊ တဖက်မှာလဲ ပြန်လာတဲ့လူတွေကို...
ဟူကျင်တောင်ကို လတ်တလောအတွက် လေ့လာခြင်း
ဟူကျင်တောင်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုကို မလိုလားတဲ့ နိုင်ငံရေးသမား ဆိုတဲ့ စာအုပ်ကို ကျော်ထက်ထွန်း ဘာသာပြန်တာ ဖတ်ဖြစ်တယ်။ဟူကျင်တောင်ကို တရုတ်ပြည်ရဲ့ သမ္မတရာထူး၊ အထွေထွေအတွင်းရေးမှူးမတိုင်မီကလည်း လူသိနည်းတယ်။ အာဏာတွေရပြီးနောက်လည်း ထင်ထင်ပေါ်ပေါ် မနေ။သူ ၂၀၀၂နှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ယူပြီးနောက် ပါတီသမိုင်းမှာ အရင်းရှင်တွေကို ပါတီဝင်ခွင့် ပြုခဲ့တာ်။ အခုတော့ ဂျက်မာတို့ပါ ပါတီဝင်လို့ သိလာရတယ်။နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ သိချင်စရာ ပြောချင်စရာတွေ အများကြီးရှိမှာပါ။ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်လာဖို့ အခက်အခဲတွေ ကျော်ဖြတ်ရတာအများကြီးပါ။ အရင်းရှင်နိုင်ငံဖြစ်ဖြစ်၊ ဖွံဖြိုးဆဲ့ဖြစ် ဖြစ်၊ ကွန်မြူနစ်လိုလို ဖြစ်ဖြစ် သဘောသဘာဝတွေက အတူတူပါပဲ။ခေါင်းဆောင်တယောက် စတင်တာဝန်ယူခါစ ဒါမှမဟုတ် ရွေးကောက်ပွဲ နဲ့ ကြုံရတဲ့အခါမှာ သဘာဝဘေးတို့၊ ကပ်ရောဂါဘေးတို့နဲ့ ရင်ဆိုင်ရတဲ့အခါရှိတယ်။ မြန်မာပြည်မှာဆို ၂၀၁၅ တုန်းက...