Home 2020

Year: <span>2020</span>

Post
မကွေးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ စတင်ပေး

မကွေးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ စတင်ပေး

မကွေး အောက်တိုဘာ ၂၉ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း အောက်တိုဘာလ ၂၉ ရက် ယနေ့နံနက် ၈ နာရီမှ စတင်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အနေဖြင့် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်ကြမည့် သူများကို ဦးစားပေး ကြိုတင်ဆန္ဒမဲပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ များကို ရပ်ကျေးကော်မရှင်ရုံးများမှာ လာရောက်ပေးနိုင်မှာဖြစ်ပြီး နာမကျန်းမာဖြစ်နေသူများအတွက် အိမ်တိုင် ရာရောက် ကြိုတင်ဆန္ဒမဲများကို ကောက်ခံသွားမည်ဖြစ်ကာ မကွေးမြို့ ရပ်ကွက်များအတွင်း ကြိုတင် မဲရုံ အသီးသီးမှာ ကိုဗစ်ကာလဖြစ်တာကြောင့်...

Post
“မကွေးမြို့နယ်၊ ကြောင်ပျောက်ကျေးရွာ လျှပ်စစ်မီးရရှိ”

“မကွေးမြို့နယ်၊ ကြောင်ပျောက်ကျေးရွာ လျှပ်စစ်မီးရရှိ”

မကွေး အောက်တိုဘာ ၂၉ “ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက် လျက်ရှိရာ မကွေးမြို့နယ်၊သရက်လေးပင်ကျေးရွာအုပ်စု ကြောင်ပျောက်ကျေးရွာတွင် အောက်တိုဘာ ၂၇ရက်နေ့က လျှပ်စစ်မီး ရရှိခဲ့သည်။ “မီးလင်းရေးအောင်ပွဲကို အောက်တိုဘာလ (၂၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မကွေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သရက်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးတို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ် မီးလင်းရေးလုပ်ငန်း...

Post
“ရွေးကောက်ပွဲလုံခြုံရေးကို ကူညီဆောင်ရွက်ပေးမည့် အထူးရဲများသင်တန်းဆင်းပွဲပြုလုပ်”

“ရွေးကောက်ပွဲလုံခြုံရေးကို ကူညီဆောင်ရွက်ပေးမည့် အထူးရဲများသင်တန်းဆင်းပွဲပြုလုပ်”

မင်းဘူးအောက်တိုဘာ ၂၈ “ မင်းဘူး/စကုမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုဲအထွေထွေရွေးကောက်ပွဲကြီးအတွက် လုံခြုံရေးကူညီဆောင်ရွက်ပေးမည့် အထူးရဲများ သင်တန်းဆင်းပွဲကိုအောက်တိုဘာ (၂၈)ရက်နေ့က‌ မင်းဘူးမြို့ အထက-၁ကျောင်း ဦးဩဘာသခန်းမဆောင်တွင် ကျင်းပခဲ့သည်။ “ရဲတပ်ဖွဲ့ဝင်များအနေနှင့် မဲရုံအတွင်းဝင်ရောက်ခွင့်မရှိတာကြောင့် အထူးရဲများကိုရွေးချယ်ခဲ့ရတာဖြစ်ကြောင်း၊ မင်းဘူး/စကုမြို့နယ်အတွင်း မဲရုံပေါင်း(၁၇၁)ရုံရှိ၍အထူးရဲ(၁၇၁)ဦးကို ရွေးချယ်သင်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောင်တိုဘာ (၁) ရက်ကနေမှ (၂၈) ရက်နေ့အထိဖြစ်ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။ “သင်တန်းကာလ (၂၈) ရက်မှာရွေးကောက်ပွဲအတွင်း လုံခြုံရေးဆောင်ရွက်ရပုံများ၊ ဆက်သွယ်သတင်းပေးပို့မှုများ၊ စစ်ရေးပြများကို လေ့ကျင့်သင်ကြားရကြောင်း သိရသည်။ “ပြည်သူတွေအနေနဲ့ မိမိတို့လိုလားတဲ့ အစိုးရကို လွတ်လပ်၊ မျှတစွာရွေးချယ်တင်မြှောက်နိုင်ဖို့၊ ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ ရွေးကောက်ပွဲကြီးမှာ လုံခြုံရေးကအရေးကြီးတဲ့အတွက် လုံခြုံရေးကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က...

Post
ဆောမြို့နယ် သိန်းကျင်းကျေးရွာတွင် (၂၄)နာရီ လျှပ်စစ်မီးရရှိ

ဆောမြို့နယ် သိန်းကျင်းကျေးရွာတွင် (၂၄)နာရီ လျှပ်စစ်မီးရရှိ

ဆော အောက်တိုဘာ ၂၈ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္႑ာရေးနှစ် သိန်းကျင်းကျေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ သိန်းကျင်းကျေးရွာတွင် အောက်တိုဘာ ၂၇ ရက်နေ့က (၂၄)နာရီ မီးလင်းပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။ဆောမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္႑ာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ(၁၅)ရွာအနက်မှ ကျေးရွာ(၁၃)ရွာတွင် လျှပ်စစ်မီး ရရှိနေပြီဖြစ်ပြီး ကျန်ရှိနေသောကျေးရွာ(၂)ရွာအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဇော်ဝင်းထံမှ သိရသည်။ သန်းနိုင် (ဂန့်ဂေါ)မှပေးပို့သည်

Post
ဆောမြို့နယ်၌ ကြိုတင်မဲပေးမည့် သက်ကြီး မဲဆန္ဒရှင် (၁၀၉၁၈) ဦးရွိ

ဆောမြို့နယ်၌ ကြိုတင်မဲပေးမည့် သက်ကြီး မဲဆန္ဒရှင် (၁၀၉၁၈) ဦးရွိ

ဆော အောက်တိုဘာ ၂၈ဂန့်ဂေါခရိုင်၊ဆောမြို့နယ်အတွင်း အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမည့် လူဦးရေ(၁၀၉၁၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။အဆိုပါ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများပေးရမှာဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးရာ၌ ကျန်းမာရေး မကောင်းမွန်သော သက်ကြီးဘိုးဘွားများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက္လံ ကောက်ယူသွားမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲ လာရောက်ပေးနိုင်သော သက်ကြီးဘိုးဘွားများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ဆောမြိုနယ်၌ ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်စာရင်းတွင် ဆောဒေသ မဲဆန္ဒနယ်မြေ(၁)တွင် (၅၁၀၉)ဦး၊ကျောက်ထုဒေသ မဲဆန္ဒနယ်မြေ(၂)တွင် (၅၈၀၉)ဦး၊စုစုပေါင်း (၁၀၉၁၈)ဦးရှိကြောင်း သိရသည်။ သန်းနိုင် (ဂန့်ဂေါ)မှပေးပို့သည်

Post
သာလင်း- မြင်သား မြစ်သာမြစ်ကူးတံတား ဆောက်လုပ်ထားသဖြင့်ဒေသခံပြည်သူများ  ဆက်သွယ်သွားလာမှု  အဆင်ပြေလွယ်ကူ

သာလင်း- မြင်သား မြစ်သာမြစ်ကူးတံတား ဆောက်လုပ်ထားသဖြင့်ဒေသခံပြည်သူများ ဆက်သွယ်သွားလာမှု အဆင်ပြေလွယ်ကူ

ဂန့်ဂေါ အောက်တိုဘာ ၂၇ ဂန့်ဂေါမြို့နယ် သာလင်းရွာနှင့် မြင်သားရွာ ကျေးရွာချင်းဆက်လမ်းရှိ သာလင်း- မြင်သား မြစ်သာမြစ်ကူးတံတား ယခုနှစ်တွင် ဆောက်လုပ်၍ ဖြတ်သန်းခွင့်ပြုထားပြီဖြစ်ရာ ဒေသနေပြည်သူများ ဆက္သြယ္သြားလာမွု လွယ်ကူနေကြပြီဖြစ်ကြောင်း သိရသည်။ အဆိုပါမြစ်ဖြတ်ကူးနိုင်သည့် တံတားကို ၂၀၀၅ ခုနှစ်က လူကူးကြိုးတံတားအဖြစ် ဆောက်လုပ် ခဲ့သော်လည်း မြစ်သာမြစ်ရေမြင့်တက်မှုများသည့်နှစ်၌ မျောပါပျက်စီးသွားရာ ၂၀၁၉ ခုနှစ်တွင် ယခုတံတားသစ္ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတံတားမွာ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၃) က ဆောက်လုပ်ခြင်းဖြစ်၍ DOUBLE SINGLE BAILEY BRIDGE (၈၁၀) ပေ ရှိကြောင်း သိရသည်။ တံတားကို ၂၀၁၈-၂၀၁၉ ဘဏ္႑ာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၉၀၀၊ ဂန့်ဂေါမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္႑ာနှစ်...

Post
“မကွေးမြို့တွင် ပါတီးကြီး(၂)ခု ထောက်ခံဝန်းရံသူများ ထိတ်တိုက်တွေ့ဆုံရာတွင် နှစ်ဘက်ပဋိပက္ခမဖြစ်ပွားစေရန် ကွက်ကဲစီမံဆောင်ရွက်ခဲ့ကြသော ရဲတပ်ဖွဲ့အား တိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်းပြောကြား”

“မကွေးမြို့တွင် ပါတီးကြီး(၂)ခု ထောက်ခံဝန်းရံသူများ ထိတ်တိုက်တွေ့ဆုံရာတွင် နှစ်ဘက်ပဋိပက္ခမဖြစ်ပွားစေရန် ကွက်ကဲစီမံဆောင်ရွက်ခဲ့ကြသော ရဲတပ်ဖွဲ့အား တိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်းပြောကြား”

မကွေးအောက်တိုဘာ ၂၈ မကွေးမြို့ မဲထီးလမ်းနှင့်ကမ်းနားလမ်းထောင့်တွင် ယနေ့ အောက်တိုဘာ ၂၈ရက်နေ့ နေလည်ပိုင်းက NLDပါတီထောက်ခံဝန်းရံသူများနှင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံဝန်းရံသူများ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရာ နှစ်ဘက်ပဋိပက္ခမဖြစ်ပွားစေရန် ကွက်ကဲစီမံဆောင်ရွက်ခဲ့ကြသော မကွေးတိုင်းရဲတပ်ဖွဲ့အား တိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။​ ရေနံချောင်းမြို့နယ်ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေများဖြင့် ပါတီအောင်နိုင်ရေးဆောင်ရွက်မဲဆွယ်ရေး ဆင်းလာသော NLD ပါတီထောက်ခံသူ ဝန်းရံသူများသည် မကွေးမြို့ ဧရာဝတီမြစ်ဆိပ်မှာ ခေတ္တရပ်နားစဉ် USDP ပါတီအောင်နိင်ရေးအတွက် ဝန်းရံသူ ထောက်ခံသူများက မကွေးမြို့ကမ်းနားလမ်းအတိုင်း အောင်နိုင်ရေးလှည့်လည်စဉ် ပါတီကြီးနှစ်ခုတို့ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ပါတီကြီးနှစ်ခုထိပ်တိုက်တွေ့ဆုံမှုကြောင့် ခိုက်ရန်ဖြစ်ပွားမှုပြဿနာမဖြစ်ပွားစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အင်အားထုတ်သုံးကာ လုံခြုံရေးပေးနိုင်ခဲ့သဖြင့် မည်သည့်ပြဿနာမှ မဖြစ်ပွားခဲ့ကြောင်း၊ ပါတီကြီးနှစ်ခုလုံး မိမိတို့၏ပါတီအောင်နိုင်ရေးသီချင်းများဖြင့် ခုန်ပေါက်ကကြရုံကလွဲပြီး အေးအေးချမ်းချမ်း ပြီးစီးသွားကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။ သက်မှူးအိမ်

Post
စံချိန်စံညွှန်းမီ စပါးမျိုးစေ့များ ရရှိရေး ဂန့်ဂေါတွင် ကွင်းဆင်းစစ်ဆေး

စံချိန်စံညွှန်းမီ စပါးမျိုးစေ့များ ရရှိရေး ဂန့်ဂေါတွင် ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ အောက်တိုဘာ ၂၆ ကိုဗစ် – ၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးထားရာ ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီး ဌာနနှင့် ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် အဆိုပါ စိုက်ခင်းများသို့ အောက်တိုဘာ ၂၅ ရက်က မျိုးကွဲစစ်ဆေးခြင်း နှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။ ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့ညွန့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မျိုးစေ့တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သီတာစိုး တို့ ပါဝင်သည့် အဖွဲ့သည် ရွှေဘိုကျေးရွာ၊ တောင်ခင်ရန်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့တွင်လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော် ပါဝင်သည့်အဖွဲ့သည် တောင်ယာပြင်ကျေးရွာ နှင့် ကန်ကျေးရွာတို့တွင်လည်းကောင်း တောင်သူများ မျိုးကွဲနှုတ်ပယ်ထားသည့် မျိုးစေ့ထုတ်စိုက်ခင်း များ...

Post
ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဂန့်ဂေါမြို့တွင် Test Kit ဖြင့် စစ်ဆေး

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဂန့်ဂေါမြို့တွင် Test Kit ဖြင့် စစ်ဆေး

ဂန့်ဂေါ အောက်တိုဘာ ၂၆ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အဝင် ဂေါက်ကွင်းစစ်ဆေးရေးဂိတ်၌ ယနေ့နံနက်တွင် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးကြကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် ဂန့်ဂေါမြို့သို့ ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိချက်ချင်းသိနိုင်ရန် RTD နည်းအရ Test Kitဖြင့် ချက်ချင်းစစ်ဆေးခဲ့ပြီးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တွေ့ရှိခြင်းမရှိကြောင်း ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးမျိုးဝင်း၏ ပြောပြချက်အရ သိရသည်။ ဂန့်ဂေါတွင် အဆိုပါဂိတ်အပြင် မြို့ဝင်စစ်ဆေးရေးဂိတ်၊ ဂန့်ဂေါ – ဟားခါး ကားလမ်း၊ ပုလဲ- ဂန့်ဂေါ ကားလမ်း၊ ထီးလင်း – ဂန့်ဂေါ ကားလမ်းဆုံဂိတ်တွင်လည်း...