မနက်ဖန်ဆို သင်္ကြန်စပြီဆိုတော့ အိမ်မှာနေရင်း သင်ကြန်ကျ ကျလိမ့်မယ်ထင်ပါတယ်။ မကွေးဂျာနယ်ပရိတ်သတ်အတွက် မကွေးသား လူဝိုင်း ရဲ့ သီချင်းလေး တင်ပေးလိုက်ပါတယ်။ https://www.facebook.com/magwayjournal/videos/521704651849383/
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
Year: <span>2020</span>
ငါးလအရွယ် ကလေးငယ်၁ဦးကို စောင့်ကြည့်လူနာအဖြစ် မင်းဘူးဆေးရုံမှာ ကုသပေးနေ
မင်းဘူးမြို့နယ် ဖလံတောကျေးရွာမှ ငါးလအရွယ် ကလေးငယ်၁ဦးကို စောင့်ကြည့်လူနာအဖြစ် ယနေ့ နေ့လယ်ပိုင်းက မင်းဘူးမြို့ အထွေထွေကုဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ သိရပါတယ်။ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ဟုတ်ပါတယ် ၅လအရွယ်ကလေးပါ၊ ဘာမှစိတ်ပူစရာမရှိဘူး၊ စောင့်ကြည့်လူနာအဆင့်ပါဘဲ၊ အခုဟာက ခရီးသွားရာဇဝင်တွေ ဘာမှမရှိဘူး၊ ဒါပေမယ့်ကျွန်တော်တို့က စိတ်ချရအောင်လို့ပါလို့ ပြောပါတယ်။ မင်းဘူးခရိုင်ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ယခုကလေးငယ်၁ဦးနဲ့ ပြီးခဲ့သည့်မတ်လ၁၄ရက်နေ့က စောင့်ကြည်လူနာအဖြစ် တရုတ်ပြည်ကပြန်လာသောအမျိုးသားတစ်ဦး တက်ရောက်ကုသခဲ့ရာ တရုတ်ပြည်မှ ပြန်လာသောအမျိုးသားမှာ Covid-19ပိုးမတွေ့ရှိကြောင်း သိရပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံးမှဆင်းသွားပြီးဖြစ်ကြောင်း သိရပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်
နိုင်ငံတော်မှထောက်ပံ့ပေးသည့် ပစ္စည်းစာရင်း ပြုစုနေစဉ် စလင်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဒါးနဲ့ထိုးခံရ
မင်းဘူးခရိုင် စလင်းမြို့ စာစီကျောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ဧပြီလ ၉ရက်နေ့က နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပစ္စည်းစာရင်းအား ပြုစုနေစဉ် ဒါးနဲ့အထိုးခံရကြောင်း သိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၉ရက်နေ့ နံနက်ပိုင်းက စာစီကျောင်းရပ်ကွက်နေ အောင်ထွန်းဝေ၃၅နှစ်ဆိုသူသည် အရက်သေစာသောက်စားပြီး စာစီကျောင်း အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်တပ်ဆင်ထားတဲ့ Maskကို နွားတွေတပ်တာလို့ ပြောဆိုပြီး Maskကို လူအများကြားတွင် ဆွဲချွတ်ခဲ့သေးသည့်အပြင် မလုပ်ရန်နှင့် ပြန်တော့ဟုပြောဆိုခဲ့သည့်အပေါ်ကိုလည်း လက်မခံဘဲ ညစ်ညမ်းစွာဆဲဆိုပြီး ဓါးနှင့်ခုတ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်၊ ရပ်ကွက်ရုံးထဲဝင်ကာ စာရင်းပြုစုနေသည့် အုပ်ချုပ်ရေးမှူးကို ဒါးနဲ့ထိုးခဲ့တယ်လို့ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဟုတ်ပါတယ်၊ ဒါးထိုးမှုဖြစ်ခဲ့ပါတယ်၊ အထိုးခံရတဲ့အုပ်ချုပ်ရေးမှူးလဲ ကျန်းမာရေးကောင်းပါတယ်လို့ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲးမှူးခင်မောင်ကြည်က မကွေးဂျာနယ်ကို ပြောပါတယ်။ ပြစ်မှုကျူးလွန်သူ အောင်ထွန်းဝေကို စလင်းမြို့မရဲစခန်းက (ပ)၃၇၉/၂၀၂၀၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၃/၅၀၆/၂၉၄(တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား...
မကွေးတိုင်းအတွင်း ဆန် ဆီ ဆား ပဲ ကြက်သွန် ဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်း နှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆယ်လေးစုရှိ
Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း နိင်ငံတော်အစိုးရမှ ပုံမှဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုထောက်ပံ့ရန် ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းအတွင်းဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်း နှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆဲ့ လေးဦးရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။ မကွေးတိုင်းတစ်တိုင်းလုံးကို အစကတော့ ၄သိန်း၅သိန်းနဲ့များနေတာပေါ့လေ၊ ဖောင်းပွနေတာအိမ်ထောင်စုပြောတာနော်၊ ခုကတော့အိမ်ထောင်စုအရေအတွက် ၃သိန်းပတ်ဝန်းကျင်၃သိန်းပေါ့၊ အဲဒါနဲ့ပြည်ထောင်စုကိုလှမ်းတင်ပြမှာ၊ပြည်ထောင်စုက ၃သိန်းလက်ခံတယ်ဆို ဝေတော့မှာပေါ့လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ အိမ်ထောင်စုတစ်စု ထောက်ပံ့ရန်အတွက် ဆန်၈ပြီ ၁၁၀၀၀ကျပ်၊ ဆီ၅၀သား ၁၇၅၀ကျပ်၊ ဆား၅၀သား ၁၂၀ကျပ်၊ ပဲ၁ပိသာ ၁၃၅၀ကျပ်နဲ့ ကြက်သွန်၁ပိသာ ၆၀၀ကျပ် စုစုပေါင်း၁၄၈၂၀ကျပ်ကုန်ကျကြောင်း သိရပါတယ်။ မကွေးတိုင်းအတွင်းရှိ ခရိုင်/မြို့နယ်အလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားစာရင်းမှာ မကွေးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၀၄မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည် ၇၅၀၄ဦး၊...
ဂန့်ဂေါမြို့နယ်တွင် ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူ ထောင်ဒဏ်၃လစီချမှတ်
မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာသူ၂ဦး Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူခဲ့ရာ ၎င်းတို့၂ဦးကို ထောင်ဒဏ်၃လစီချမှတ်လိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။ မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာတဲ့ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်း၊ စည်ပင်ရပ်ကွက် ဂန့်ဂေါမြို့နယ်နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ ကျောတိုက်ရပ်ကွက်၊ဂန့်ဂေါမြို့နယ်ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း သတ်မှတ်ရက်မပြည့်မီ ၎င်းတို့သဘောဆန္ဒအလျှောက် ဂန့်ဂေါမြို့မှ မတူပီမြို့သို့ထွက်ခွာသွားရာ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းအပေါ် ဖောက်ဖျက်ကျူးလွန်ခဲ့ပါသဖြင့် တာဝန်ရှိသူတို့မှ အမှုဖွင့်တိုင်းတန်းသဖြင့် ဧပြီလ ၆ရက်နေ့က ဂန့်ဂေါမြို့နယ်တရားရုံးမှ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်းအမှုအမှတ်(၃၆၁/၂၀၂၀)နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ အမှုအမှတ်(၃၆၂/၂၀၂၀)တို့အား ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ၁၈အရထောင်ဒဏ်၃လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ ပြည်သူအများ ကျန်းမာရေးအတွက်သေရေးရှင်ရေးအရေးကြီးကာလမှာ စည်းကမ်းချိုးဖေါက်သူတွေကို ဆက်ပြီးအရေးယူသွားမှာပါလို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကမကွေးဂျာနယ်ကို ပြောပါတယ်။ ကောင်းပါတယ်၊အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မှာ စည်းကမ်းမလိုက်နာသူတွေကို အရေးယူသင့်ပါတယ်၊ သင်္ကြန်ရက်မှာလဲစည်းကမ်းမလိုက်နာသူတွေကို အခုလိုအရေးယူစေချင်ပါတယ်လို့ မကွေးဒေသခံ၁ဦးက ပြောပါတယ်။...
မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ် လိုင်းအားလုံးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ယာယီပိတ်သိမ်းထားရန် အထူးမေတ္တာရပ်ခံထား
မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ် လိုင်းအားလုံးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ယာယီပိတ်သိမ်းထားရန် အထူးမေတ္တာရပ်ခံထားကြောင်း မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။ COVID-19ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မကွေးမြို့ကားကြီးကွင်းအတွင်းရှိ မကွေးမြို့အခြေပြု ယာဉ်လိုင်းများနှင့်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအခြေပြုယာဉ်လိုင်းများ အားလုံးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်အား လေးစားလိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံချက်တစ်စောင်ထွက်ဆိုထားတယ်လို့ မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌဦးမြင့်စိုးထံက သိရပါတယ်။ COVID-19အဆုတ်ရောင်ရောဂါသည် ထိတွေ့မှုမှတစ်ဆင့် ကူးစက်သည့်အပြင်လေထုထဲမှ တစ်ဆင့်လည်းကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOမှ အသိအမှတ်ပြုကြေငြာလိုက်ပြီဖြစ်ပါတယ်၊လေထုထဲမှတစ်ဆင့် ကူးစက်ခြင်း၊ ရိုးရိုးသာမန်စကားပြောရုံမျှဖြင့် ကူးစက်ခြင်းကိုနိုင်ငံများက လက်ခံကြပြီဖြစ်ပါတယ်၊COVID-19ကူးစက်ရောဂါပြန့်ပွားမှုကိုထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိနေအိမ်တွင်နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးထိတွေ့မှုမရှိအောင်နေထိုင်ခြင်း(Physical Distancing)တို့ဖြစ်ပါတယ်။ ဒါကြောင့် မကွေးတိုင်းဒေသကြီးအတွင်း COVID-19ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် မကွေးမြို့ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ်လိုင်းအားလုံးသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သည့် ဧပြီလ ၁၀ရက် နံနက်၁နာရီအချိန်မှ ဧပြီလ ၁၉ရက်...
ငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်းမမှာ ကျောက်သည်ကား ချောက်ထဲထိုးကျ၊ ၂ဦးသေ၊ ၄ဦးပြင်းထန်ဒဏ်ရာများရ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ်၆၄/၅ ဂုတ်စီးရိုးကျေးရွာအနီးတွင် ကျောက်မှုန့်များသယ်ဆောင်လာသော ၁၂ဘီးကားတစ်စီး ချောက်ထဲတိမ်းမှောက်မှု ဧပြီလ၇ရက် ည၇နာရီ၃၀မီနစ်အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဥ်မှာ ယာဉ်မောင်းဦးတိုးဝင်းမောင်းနှင်၍ ယာဉ်နောက်လိုက်စိုးမိုးအောင်၊အလုပ်သမားမျိုးမင်းဝေ(ခ)မျိုးသီဟကျော်၊ ညီညီထွေး၊ ဦးပေါ်တင်၊ ဦးဝင်းဇော်တို့ လိုက်ပါတဲ့ ယာဉ်အမှတ်3D-3625နံပါတ်ပါ NISSAN DIESELအမျိုးအစားအဖြူရောင်၁၂ဘီးကားသည် ပဒါန်းကျေးရွာဘက်မှ အမ်းမြို့ဘက်သို့ လမ်းခင်းကျောက်မှုန့်များ တင်ဆောင်မောင်းနှင်လာစဉ် မင်းဘူး-အမ်းကားလမ်းမိုင်တိုင်အမှတ်၆၄/၅ ဂုတ်စီးရိုးရွာအနီး အကွေ့အရောက်တွင်ကားဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲလမ်း၏လက်ဝဲဘက် အနက်၁၅၀ပေချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ဂုတ်ကြီးရဲကင်းစခန်းက သိရပါတယ်။ အဆိုပါယာဥ် ထိုးကျတိမ်မှောက်မှုကြောင့် ကားရှေ့ခေါင်းခန်းတွင် လိုက်ပါလာသေ ယာဉ်မောင်းဦးတိုးဝင်းနဲ့ ကားရှေ့ခေါင်းခန်းတွင် လိုက်ပါလာသေ ကိုမျိုးမင်းဝေ(ခ)ကိုမျိုးသီဟကျော်တို့ သေဆုံးခဲ့ပြီး ကျန်၄ဦးပြင်းထန်ဒဏ်ရာများ ရရှိတာကြောင့် မင်းဘူးဆေးရုံးမှာ ၂ဦး၊ ပဒါန်းဆေးရုံမှာ၂ဦး တက်ရောက်ဆေးကုသနေတယ်လို့ သိရပါတယ်။ နတ်မောက်က ကားလို့ သိရပါတယ်ည၇နာရီ၃၀မီနစ်အချိန်ခန့်က ဖြစ်တာပါ၊...
အမြန်လမ်းမကြီးတလျောက် အသုံးပြုသွားလာလျက်ရှိသည့် ခရီးသည်တင် Express ယာဥ် များသည် ခရီးသည် ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှစရျ် ရပ်နား ထားရှိမည် ဖြစ်
အမြန်လမ်းမကြီးတလျောက် အသုံးပြုသွားလာလျက်ရှိတဲ့ ခရီးသည်တင် Express ယာဥ် များ ခရီးသည်ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှစရျ် ရပ်နား ထားရှိမည် ဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အမြန်လမ်းမကြီးတွင် အသုံးပြုသွားလာမယ့် ယာဥ်တွေ အရေအတွက်နည်းပါးပြတ်တောက်သွားမှာ ဖြစ်တဲ့အတွက် အမြန်လမ်းတွင် ခရီးသွားလာမယ့် ကိုယ်ပိုင်အိမ်စီးယာဥ်ငယ်များအနေဖြင့် မည်သည့် အကြောင်းဖြင့်ဖြစ်စေ ခေတ္တရပ်နားလိုပါက အမြန်လမ်းမကြီးတလျောက်မှာရှိတဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်းနဲ့ ရဲကင်းများတွင်သာ ရပ်နားကြပါရန် ခရီးသွားပြည်သူတွေရဲ့အကျိုး ရှေးရှုရျ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက အသိပေးပန်ကြားထားပါတယ်။ အမြန်လမ်းမကြီးမှာရှိတဲ့ ရဲစခန်းနဲ့ ရဲကင်းရှိတည်နေရာတွေကိုလဲ အခုလိုဖော်ပြထားပါတယ်၊ ရဲတပ်ဖွဲ့ ရဲစခန်းများသည် ပျမ်းမျှ မိုင် (၂၀) ခန့်အကွာတွင် ၄င်း၊ ရဲကင်းများသည် ပျမ်းမျှ (၅)မိုင်ခန့် အကွာတွင်၄င်း တည်ရှိကြောင်း ဖော်ပြထားပါတယ်။ အကူညီလိုအပ်ပါက ဖုန်း...
စောင့်ကြည့်၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ၄၃၆၅ဦးရှိ
မကွေးတိုင်းအတွင်းထိုင်း၊ တရုတ်နဲ့ နိင်ငံခြားကပြန်လာတဲ့သူတွေထဲမှ Covid-19ရောဂါ စောင့်ကြည့်၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ၄၃၆၅ဦးရှိပြီဖြစ်ကြောင်း တိုင်းအစိုးရထံက သိရပါတယ်။ မကွေးတိုင်းအတွင်းရှိ ၂၀၂၀ ဖေဖော်ဝါရီ၁ရက်နေ့မှ ဧပြီလ၅ရက်နေ့အထိပြည်သူ့ဆေးရုံများတွင် ကုသခဲ့သော COVID-19ရောဂါစောင့်ကြည့်/သံသယလူနာ၆၂ဦးမှ ဆေးရုံဆင်းလူနာ၄၂ဦး၊ အခြားရောဂါဖြင့်သေဆုံးသည့် လူနာ၆ဦး၊ဆေးရုံတက်ရောက်ဆဲလူနာ ၁၄ဦးရှိပြီးယနေ့ထိ Covid-19ပိုးတွေ့တဲ့ လူနာမရှိကြောင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မကွေးဂျာနယ်ကို ပြောပါတယ်။ တိုင်းအတွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၆၉၉၅ဦးရှိကြောင်း၊ပြည်တွင်းမှ စောင့်ကြည့်ခံရသူ၂၆ဦးရှိကြောင်း၊ စုစုပေါင်း စောင့်ကြည့်ခံရသူစုစုပေါင်း ၁၇၀၂၁ဦးရှိကြောင်း၊ Home Quarantineဆောင်ရွက်ထားသူ၅၃၃၂ဦး၊Facility Quarantineဆောင်ရွက်ထားသူ ၇၃၂၄ဦးရှိပြီး မကွေးတိုင်းအတွင်း ဧပြီလ၆ရက် နံနက်၆နာရီအထိ ထူးခြားမှုမရှိကြောင်း သိရှိရပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်
ပြည်တွင်းမှ နယ်ရပ်ပြန် အလုပ်သမားများကို မြို့ရွာဒေသအစီမံဖြင့်သာQuarantine၁၄ရက် လုပ်ပေးနိုင်ဟု ဝန်ကြီးချုပ်မှပြော
ပြည်တွင်းမှာနေပြီး အနယ်နယ်အရပ်ရပ်မှအလုပ်လုပ်ပြီးပြန်လာသူတွေကို တိုင်းအစိုးရအစီအမံနဲ့၁၄ရက် Quarantine လုပ်ဆောင်ပေးထားတာမရှိပဲ ကိုယ်မြို့နယ် ကိုယ့်ဒေသအစီအစဉ်တွေနဲ့တာ စောင့်ကြည့်အဖြစ် ထားနိုင်တယ်လို့မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ယနေ့ဧပြီလ၃ရက်နေ့ နံနက်ပိုင်းက တိုင်းအစိုးရရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ရန်ပုံငွေ ဆေးနဲ့ ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲမှာ ပြောတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်က ဒီCOVID-19ရောဂါက ဘယ်လောက်သံသရာရှည်အုံးမလဲမသိနိုင်ပါဘူး၊ ခုအချိန်အထိတော့ မကွေးတိုင်းအတွင်းမှာတော့ COVID-19ရောဂါနဲ့ပတ်သက်ပြီးသံသယရှိသူအဖြစ် တဦးမှမတွေ့ရှိသေးပါဘူး၊COVID-19ရောဂါဖြစ်တာ ပြည်ခရိုင်ပေါက်ခေါင်းမှာ ၄ဦးဖြစ်တာဆိုတော့ ပြည်ခရိုင်နဲ့သရက်ခရိုင်က ခရိုင်ခြင်းရင်ကြားထိစပ်နေတယ်၊ သတိထားဖို့လိုအပ်နေပါပြီ၊ တောင်တွင်းကြီးက လှမ်းဖုန်းဆက်တာ၊ ပြည်ပကမဟုတ်ပဲနဲ့ ပြည်တွင်းကရှိတဲ့သူတွေပါ Quarantine လုပ်ခိုင်းနေပါတယ်လို့ ပြောလာတော့ ပြည်တွင်းကပြန်လာသူတွေကို Quarantineလုပ်မေပးနိုင်ခဲ့ဘူးလို့ ပြောပါတယ်။ မကွေးတိုင်းသို့ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်၊ မူဆယ်၊လာရှိုး၊ မော်လမြိုင်အစရှိမြို့တွေက အလုပ်လုပ်ပြီး ပြန်လာသူတွေကို Quarantineလုပ်မေပးနိုင်ကြောင်းနဲ့...