မကွေးနိဝင်ဘာ ၁ “မကွေးကုန်သည်ကြီးများအသင်းမှ မြို့ပေါ်ရှိ သီလရှင်ဆရာလေး ၅၄၅ပါးအား ဝတ္ထုငွေ ဆွမ်းဆန် ဆီ မြေပဲဆံ ကုလားပဲ ကြက်ဥ အာလူးကြော် ကြက်သွန် ဆပ်ပြာ ဆားတို့ကို အောက်တိုဘာလ ၃၀ ရက်နေ့က လှူဒါန်းခဲ့သည်။ “ကိုဗစ်ကာလမှာ သီလရှင်ဆရာလေးတွေ ဆွမ်းအလှူခံထွက်ရာမှာ အခက်အခဲရှိနေတဲ့အတွက် ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် ကုန်သည်ကြီးများအသင်းသူ အသင်းသားများ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက်လှူဒါန်းမှုလည်းဖြစ်သည်။ “အခုလိုလှူဒါန်းတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်းကျပ်သိန်း၁၃၀ ဝန်းကျင်တန်ဖိုးရှိပြီး သီလရှင်များအတွက်တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်တယ်ဟု မကွေးကုန်သည်ကြီးများအသင်းဥက္ကဌ ဦးဖိုးနီက ပြောသည်။ “ကုန်သည်ကြီးများအသင်းအနေနှင့် သီလရှင်များကိုလှူဒါန်းသည့်အပြင် အခြေခံလူတန်းစားများကိုလည်း ဆန်၊ဆီ၊ကြက်သွန်၊ maskစသည်များကို လှူဒါန်းမှုရှိကြောင်း သိရသည်။ အရင်က သီတင်းကျွတ်ကာလမှာအလှူအတန်းတွေပြုလုပ်ဖြစ်ပေမယ့် အခုက ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အသင်းအနေနဲ့ လိုအပ်တဲ့နေရာတွေမှာပဲ လှူဒါန်းတာတွေလုပ်နိူင်တော့တယ်ဟု ဦးဖိုးနီကဆိုသည်။ “မြို့ပေါ်မှာရှိတဲ့...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
Post
Post
ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များ၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွားများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ
ဂန့်ဂေါ အောက်တိုဘာ ၃၁ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ်များတို့၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွားများ သည် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၌ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်၌ အသက် (၆၀ ) နှစ်အထက် အဘိုး၊ အဘွား ၁၀၉၃၀၅ ရှိပြီး ၆၉၉၀ ဦးသည်လည်းကောင်း၊ ထီးလင်းမြို့နယ်၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွား ၃၉၄၂၆ ဦးရှိပြီး ၂၅၁၉ ဦးသည်လည်းကောင်း၊...