မကွေးအောက်တို့ဘာ ၄ “ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ယနေ့ အောက်တိုဘာလ ၄ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ(၁၆)ဦး ထပ်မံတွေ့ရှိပြီး တိုင်းအတွင်းပိုးတွေ့လူနာ (၆၇)ဦးရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ “ယနေ့ညနေ ထပ်တိုးပိုးတွေ့လူနာများမှာ သရက်မြို့နယ်မှ ၂၈နှစ်အရွယ် အမျိုးသမီးတဦး (ထိုင်းပြန်)၊ ပခုက္ကူမြို့နယ်မှ ၁၈နှစ်အရွယ် အမျိုးသားတဦး(မန္တလေးပြန်)၊ ဆင်ပေါင်ဝဲမြို့နယ်မှ ၂၂နှစ်နှင့်၃၄နှစ် အမျိုးသား(၂)ဦး (ထိုင်းပြန် ၁၊ ရန်ကုန်ပြန် ၁)၊ မကွေးမြို့နယ်မှ ၄၇နှစ်၊၂၅နှစ်၊၂၃နှစ်အရွယ်အမျိုးသား(၃)ဦးနှင့် ၃၄နှစ်အရွယ်အမျိုးသမီးတဦး၊ ရေနံချောင်းမြို့နယ်မှ ၄၀နှစ်နှင့်၂၀နှစ်အရွယ် အမျိုးသား(၂)ဦး၊ ၂၈နှစ်နှင့်၂၂နှစ်အရွယ် အမျိုးသမီး(၂)ဦး၊မင်းဘူး မြို့နယ်မှ၂၃နှစ်နှင့်၃၆နှစ်အရွယ် အမျိုးသမီး(၂)ဦး၊ နတ်မောက်မြို့နယ်မှ၂၀နှစ်အရွယ် အမျိုးသမီးတဦး၊ မြို့သစ် မြို့နယ်မှ ၂၀နှစ်အရွယ် အမျိုးသမီးတဦးတို့ဖြစ်ပြီး ၎င်းတို့မှာ ရန်ကုန်ပြန်များဖြစ်ကြောင်း မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်က သတိကြီးကြီး...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
“Covid 19ရောဂါပိုးကူးစက်ပြန့်ပွားနိုင်သည့် ငြိမ်းစုစည်းဥပဒေဖြင့်ပါ ငြိစွန်းနိုင်မည့် မဲဆွယ်စည်းရုံးနေမှုများကို စီစစ်တင်ပြသွားမည်”
မကွေးအောက်တိုဘာ ၄ “မကွေးတိုင်းဒေသကြီးအတွင်း၌ ငြိမ်းစုစည်းဥပဒေနှင့် ငြိစွန်းနိုင်သည့်လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးလျက်သွားလာမှုအပေါ် စီစစ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းရွေးကောက်ပွ ကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။ “လက်ရှိကိုဗစ်ရောဂါကူးစက်မှုကာလအတွင်း၌ ပါတီအသီးသီးမဲဆွယ်စည်းရုံးလျက်ရှိကြရာတွင် ပါတီဝန်ရံသူတွေအနေနဲ့ ကော်မရှင်၏ခွင့်ပြုချက်မလိုဘဲ ဆောင်ရွက်ခွင့်ရှိသော်ငြားလည်း ကိုဗစ်ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် အထက်ပါငြိမ်းစုစည်းဥပဒေနှင့် ငြိစွန်းနိုင်မည့် လူစုလူဝေးသွားလာမှုများကို ကြပ်မတ်စီမံဆောင်ရွက်နိုင်ရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။ “ပါတီဝန်ရံသူတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ယူစရာမလိုဘဲ မဲဆွယ်ဆောင်ရွက်နိုင်ကြတယ်ဆိုပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ငြိမ်း/စု/စည်း တို့နဲ့ ငြိကောင်း ငြိနိုင်ပါတယ်၊ အမှန်တကယ်က ပါတီဝန်းရံသူတွေအနေနဲ့ ငြိမ်းစုစည်းဥပဒေနဲ့မငြိစွန်းအောင် လူစုလူဝေးနဲ့ သွားလာလှည့်လည်မယ်ဆိုရင် စီတန်းလှည့်လည်ခွင့်ကိုအရင်တင်ရမယ်၊ အဲဒီလိုတင်ကြတာမျိုးလည်းမရှိဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ COVID ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်နေတဲ့ဖြစ်စဉ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဒီလိုဖြစ်စဉ်လေးတွေတော့ ဖြစ်နေတယ်၊ ဒါလေးတွေကို သိရှိပြီး လိုအပ်သလို စီမံဆောင်ရွက်နိုင်ပါရန်ဆိုတဲ့ အသိပေးစာ တင်ပြဖို့ရှိပါတယ်လို့ မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး...
2020 Election Bus DVB & Magwayjournal
မကြေးျမို့ခံ ျပည်သူတြေ ရြေးကောက္ပြဲနဲ့ပတ္သက္ပီး ဘာတြေျေပ ာခဲ့ျကလဲ