Home 2020 August

Month: <span>August 2020</span>

Post
ကိုဗစ်အလွန်၌ကျေးလက်နေပြည်သူများငါးစားသုံးမှုမြင့်တက်လာစေရန်မကွေးမြို့နယ်ရေကန်များ၌ငါးမျိုး၁၂၅၀၀၀တစ်သိန်းနှစ်သောင်းငါးထောင်စိုက်ထည့်

ကိုဗစ်အလွန်၌ကျေးလက်နေပြည်သူများငါးစားသုံးမှုမြင့်တက်လာစေရန်မကွေးမြို့နယ်ရေကန်များ၌ငါးမျိုး၁၂၅၀၀၀တစ်သိန်းနှစ်သောင်းငါးထောင်စိုက်ထည့်

မကွေး သြဂုတ်၁၅ငါးလုပ်ငန်းဦးစီးဌာနမှကိုဗစ်-၁၉အလွန်ကျေးလက်နေပြည်သူများငါးစားသုံးမှု့မြင့်မားလာစေရန်နှင့်ငါးမွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများပြန်လည်ဦးမော့လာစေရေးအတွက်  ဒေသတွင်းရှိကျေးရွာမြေသားရေကန်ှများသို့သွားရောက်၍သြဂုတ်၁၄ရက်နေ့နံနံနက်ပိုင်းကငါးသားပေါက်၁၂၅၀၀၀အခမဲ့ဖြန့်ဖြူးစိုက်ထည့်ပေးခဲ့ကြောင်းမကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။ထိုသို့ဆောင်ရွက်ရာတွင်မကွေးမြိုနယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆန်း ငါးလုပ်ငန်းဦးစီးဌာန မကွေးခရိုင်ဦးစီးမှုးဦးစိုးလှိုင်မြင့် ကျေးရွာအုပ်ချုပ်ရေးမှုးများ ပူးပေါင်းပါဝင်ကြပြီးမော်တော်ယာဥ်နှစ်စီးဖြင့်တောင်တွင်းကြီး ငါးသားဖောက်စခန်းမှငါးမျိုးများအားငါးမျိုးအိတ်များဖြင့်သယ်ယူကာမကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ ဖိုးပေါက်ကန်ကျေးရွာ ရွာသာ ကျေးရွာ နွားခြံကုန်း ကျေးရွာ ကန်တော််ကျးရွာ  ကန်ဆွယ်ကျေးရွာ လျှော်တောကျေးရွာ ကြာပြည့်အင်း ကျေးရွာရေကျော်ကျေးရွာ၉ရွာရှိမိုးမီမြေသားးရေကန်၉ကန်သို့ထိုင်းငါးခုံးမကြီးမျိုးငါးသားပေါက်များစိုက်ထည့်ပေးနိုင်ရန်ကျေးရွာအုပ်ချုပ်ရေးမှားများအားငါးမျိုးအိတ်များလွှဲပြောင်းပေးအပ်ခြင်းစပါးစိုက်ဧက၈၀၀ခန့်ကန်ရေကိုစိုက်ပျိုးရေအဖြစ်သာမကသောက်သုံရေအသုံးပြုနေသောရွာသာကျေးရွာရှိပြည်တော်သာကန်ကြီးထဲသို့ငါးမျိုးများစိုက်ထည့်ပေးထည်ပေးခဲ့သည်ဟုသိရသည်။ ပုံ”တွောင်းကြီးငါးသားဖောက်စခန်းမှငါးမျိုးစေ့များသယ်ဆောင်လာပြီးဖိုးပေါက်ကန် ကျေးရွာ ရေကန်သုံးကန်ဧက ၈၀၀ ခန့် စပါးစိုက်လို့ရတဲ့ရွာသာရွာရေကန်ကြီးနွားခြံကုန်းကျေးရွာ ရေကန်ကြီးသစ်ယာကောက်ကျေးရွာမှ ရေကန်သုံးကန်ကန်ဆွယ်ကျေးရွာ ရေကန်ကန်တော်ကျေးရွာ ရေကန်လျှော်တောကျေးရွာ ရေကန်ကြာပြည့်အင်းကျေးရွာ ရေကန်များသို့      သွားရောက်ပြီး ငါးမျိုးစေ့များစိုက်ထည့်ခဲ့ကြပါတယ်။ နှစ်စဥ် ပြည်သူပြည်သားများစားဝတ်နေရေးတဖက်တလမ်းမှအထောက်အကူဖြစ်စေဖို့ပါ။     မကွေးမြို့နယ် တောင်ဘက်််ခြမ်းကန်တွေငါးမျိုးစိုက်ထည့်ပေးခဲ့တာပါ။ကန်ရေများလျင် ဆောင်ရွက် ရန်ကျန်ပါသေးတယ်။မကွေးနယ်တောင်ဖက်ခြမ်းကျေးရွာကန်တွေလဲဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ကိုဗစ်ကာလအလွန်ကျေးလက်နေပြည်သူများငါးများများစားရအောင်စားဝတ်နေရေးအဆင်ပြေအောင််ငါးမျိုးတွေထိန်းသိမ်းတဲ့အနေနဲ့လည်းနှစ်စဥ်ဆောင်ရွက်ပေးနေပါတယ်“ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောသည်။ငါးလုပ်ငန်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီး ငါးသားဖောက်စခန်းမဒေသအကြိုက်ငါးခုံးမကြီး၊ငါးမြစ်ချင်း၊ရွှေဝါငါးကြင်းငါးမျိုးများကိုငါးမွေးကန်၁၀လုံးဖြင့်ငါးကောင်ရေသိန်း၃၀ခန့်ကိုထုတ်လုပ်ပေးပြီးမကွေး၊သရက်၊အောင်လံ၊ပခုက္ကူ၊နတ်မောက်၊မြို့သစ်၊တောင်တွင်းကြီးမြို့နယ်၇မြို့နယ်သို့ငါးသားပေါက်များဖြန့်ဖြူးပေးနိုင်ခဲ့ရာကိုဗစ်ကာလတွင်အဆိုပါမြို့နယ်များသို့ငါးသားပေါက်ကောင်ရေ၁၀သိန်းကျော်အားယနေ့အထိဖြန်းဖြူးပေးပြီးဖြစ်ကြောင်းငါးလုပ်ငန်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီး၊ငါးသားဖောက်စခန်းတာဝန်ခံဦးကျော်စွာဝင်းကပြောပြ၍သိရသည်။ ဟသၤာ(ေတာင္တြင္းၾကီး)

Post
“Covid 19ကာလမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့ကြေးပေးဖို့စီစဥ်နေ”

“Covid 19ကာလမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့ကြေးပေးဖို့စီစဥ်နေ”

မကွေး သြဂုတ် ၁၄ “Covid 19ကပ်ရောဂါကာလမှာမြန်မာနိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်တွေကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် CERP Planအနေနဲ့ ထောက်ပံ့ကြေးပေးဖို့ စီစဥ်နေတယ်လို့ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနကသိရပါတယ်။ “ကိုယ်ဝန်ဆောင်မိခင်တွေကိုထောက်ပံ့ကြေး ကျပ်၃သောင်းပေးမှာဖြစ်ပြီး လက်ရှိမှာကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စာရင်းပေးသွင်းနေရတဲ့အချိန်ဖြစ်ပါတယ်၊ ထောက်ပံ့ကြေးရရှိဖို့အတွက် ငွေဗိုက်အပလီကေးရှင်းကို အသုံးပြုရမှာဖြစ်ပြီး သြဂုတ်လ၁၁ရက်နေ့ကနေ စက်တင်ဘာလ၁၅ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပါတယ်လို့ မကွေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါ်နန္ဒာနွယ်ဟန်က ပြောပါတယ်။ “မကွေးတိုင်းအတွင်း ကိုယ်ဝန်​ဆောင်မိခင်ဦးရေ ၅သောင်း၈ထောင်ဝန်ကျင်ရှိမယ်လို့ခန့်မှန်းထားကာ ထောက်ပံ့ကြေးရရန် ငွေဗိုက်အပလီကေးရှင်းကို လူအများသိဖို့လိုအပ်ပြီး အပလီကေးရှင်းကို အသုံးမပြုတတ်ပါက လူမှုဝန်ထမ်းရုံးတွေမှာ ကူညီလုပ်​ဆောင်ပေးနေတယ်လို့ ညွှန်ကြားရေးမှူးဒေါ်နန္ဒာနွယ်ဟန်က ဆိုပါတယ်။ “ငွေဗိုက်အပလီကေးရှင်းကို မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံး pageမှာ တင်ထားပြီး ဒေါင်းလော့ဆွဲကာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်း၊ကိုယ်ဝန်ဆောင်မိခင်ဓာတ်ပုံနဲ့ ထောက်ပံ့ကြေးရယူဖို့ ရွေးချယ်ပေးကာစာရင်းသွင်းရတာဖြစ်တယ်လို့ သိရပါတယ်၊ဒါ့အပြင် ဝေးလန်ခေါင်သီတဲ့နေရာတွေမှာ နေထိုင်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေ ပါခဲ့ရင်လည်း တခြားဌာနတွေနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ကြေးရအောင် လုပ်​ဆောင်သွားမယ်လို့ သိရပါတယ်။ “ကိုယ်ဝန်ဆောင်မိခင်တွေ...

Post
“၂၀၂၀ရွေးကောက်ပွဲ မင်းဘူးခရိုင်နယ်မြေအတွင်း နိင်ငံရေးပါတီ(၁၁)ပါတီနှင့် တစ်သီးပုဂ္ဂလ(၆)ဦး ဝင်ရောက်ယှဥ်ပြိုင်မယ်”

“၂၀၂၀ရွေးကောက်ပွဲ မင်းဘူးခရိုင်နယ်မြေအတွင်း နိင်ငံရေးပါတီ(၁၁)ပါတီနှင့် တစ်သီးပုဂ္ဂလ(၆)ဦး ဝင်ရောက်ယှဥ်ပြိုင်မယ်”

မင်းဘူး သြဂုတ် ၁၃။ “လာမည့် ၂၀၂၀ရွေးကောက်ပွဲ မင်းဘူးခရိုင်နယ်မြေအတွင်း နိင်ငံရေးပါတီ(၁၁)ပါတီနှင့် တစ်သီးပုဂ္ဂလ(၆)ဦး ဝင်ရောက်ယှဥ်ပြိုင်မယ်ဖြစ်ကြောင်း မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရပါတယ်။ မင်းဘူးခရိုင်နယ်မြေအတွင်း ဝင်ရောက်ယှဥ်ပြိုင်မည့် နိင်ငံရေးပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုးချင်းအမျိုးသားပါတီ၊ အမျိုးသားနိင်ငံရေးဒီမိုကက်တစ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ဖြစ်ကြောင်း သိရပါတယ်။ မင်းဘူးခရိုင်နယ်မြေအတွင်း လွှတ်တော်မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၉)နှင့် အမှတ်(၁၀)အတွက် ကိုယ်စားလှယ်(၂)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)အတွက်(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)အတွက်(၅)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်(၂)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)အတွက်(၂)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)အတွက်(၁)ဦး၊ မြန်မာနိင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်(၁)ဦး၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၉)အတွက်(၁)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)အတွက်(၁)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)အတွက်(၂)ဦး၊ အရှိုးချင်းအမျိုးသားပါတီက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်(၁)ဦး၊တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)အတွက်(၂)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)အတွက်(၁)ဦး၊ အမျိုးသားနိင်ငံရေးဒီမိုကက်တစ်ပါတီက...

Post
စစ်ကြိုခေတ်ကပြေးထွက်ချင်

စစ်ကြိုခေတ်ကပြေးထွက်ချင်

ယခုလက်ရှိသတင်းစာအချို့သည် မိမိတို့၏ချို့ယွင်းချက်များကို ပြုပြင်နိူင်သလောက်ပြုပြင်ကြပြီးလျင် သတင်းစာဖတ်သူတို့အကျိုး၊ တိုင်းပြည်၏အကျိုးအတွက် ရဲရဲဝံ့ဝံ့ရေးသားကြရန် အချိန်တန်ပြီ။ ဤသို့ရေးသားကြမည်ဆိုသော် တိုင်းပြည်၏ကျေးဇူးတင်ခြင်းကိုကောင်းကောင်း ခံစားရမည်သာတည်း။တဲ့။သိပ္ပံမောင်ဝရေးတဲ့စာပါ။၁၉၃၉ခုနှစ်၊သြဂုတ်လထုတ်ဂန္ဓလောကမှာပါတဲ့ သတင်းစာကောင်းအလိုရှိသည်ဆိုတဲ့ဆောင်းပါးမှာရေးထားတာပါ။အဲ့ဒီဆောင်းပါမှာဆက်ရေးထားပါတယ်။ သတင်းစာနဲ့သတင်းသမားဆိုတာ အပြန်အလှန်အထောက်အကူပြုတဲ့သဘောဖြစ်ကြောင်းဆက်ရေးထားပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီကရေးခဲ့တာပါ။သတင်းစာနဲ့သတင်းသမားတချို့ရဲ့အခြေအနေကအခုလည်းသိပ်မကွာပါဘူး။ဆိုးမွေတွေအဆက်ဆက်ပေးပြီး၊ဆိုးမွေတွေဆက်ခံနေသလိုပါပဲ။ဆရာကသတင်းစာတွေအကြောင်းကိုို”၁(ပြား)၊ ၂(ပြား)၊၃(ပြား)တန်သတင်းစာများကို ထားလိုက်ပါဦး၊ ၅(ပြား)တန်အတန်းသတင်းစာအချို့ပင်လျင် ပါတီပရောဂများနှင့်မကင်းကြသည်မှာ သနားစရာကောင်းလှတော့သည်။”လို့ရေးထားပါတယ်။ဆက်ပြီးလည်း “သတင်းစာဖတ်သူတို့ကား နှစ်ဦးနှစ်ဖက်စကားကိုမကြားရဘဲတဖက်သတ်စကားကိုယုံပြီးလျင် မမှန်သောဆုံးဖြတ်ချက်ကိုချကြရလေသည်။ မည်သူ၏အပြစ်ပါနည်း။ ထိုတဖက်သတ်သမား သတင်းစာဆရာများ၏ အပြစ်ပင်ဖြစ်တော့၏။ ထိုပြင်နယ်များမှ သတင်းမှန်၊သတင်းကောင်းတို့ကိုပေးနိုင်သောပုဂ္ဂိုလ်များအားကြေးငွေခပ်များများပေး၍ သတင်းထောက်ခန့်ထားခြင်းမပြုပါဘဲ အများအားဖြင့် အပေါစားသတင်းထောက်တို့ကိုခန့်ထားလေ့ရှိကြလေသည်။ခြောက်ပြားတန်သတင်းသတင်းထောက်မျိုးကိုခန့်ထားလျှင်ခြောက်ပြားတန်သတင်းမျိုးကိုသာရပေလိမ့်မည်။တကျပ်တန်သတင်းမျိုးကို အဘယ်နည်းနှင့်မျှရနိုင်မည်မဟုတ်ပေ။”သူစာထဲမှာပြားတွေပါတော့ အဲ့ဒီခေတ်ရဲ့ကုန်စျေးနှုန်းကိုသူ့ဆောင်းပါးတွေထဲမှာလိုက်ရှာရပါတယ်။အခြားတပုဒ်မှာဟင်းတခွက်နဲ့ထမင်းတခါပြင်(၄)ပဲ။လက်ဖက်ရည်တခွက်(၆)ပြားလို့ရေးထားတာတွေ့ပါတယ်။စစ်ကြိုခေတ် သတင်းသမားတွေသတင်းလိုက်ပုံ၊သတင်းရေးပုံကိုဘယ်လိုဆက်ရေးထားသလဲဆိုတော့”ထိုခြောက်ပြားတန်သတင်းထောက်တို့သည် လက်ဖက်ရည်ဆိုင်၊ကာဖီဆိုင်တို့မှရသော သတင်းတို့ကိုဟုတ်၏၊၊ မဟုတ်၏ထောက်လှမ်းစုံစမ်းခြင်းမပြုပါပဲ ထိုရသမျှသတင်းကိုမိမိတို့၏သတင်းစာတိုက်သို့ပို့လိုက်သည်သာများ၏။ထိုသတင်းများကိုဟုတ်၏၊မဟုတ်၏ဆင်ခြင်ခြင်းမပြုပါဘဲအဟုတ်ကြီးလုပ်ကာသတင်းစာထဲတွင်ထည့်သွင်းလေ့ရှိသည်။”တဲ့။ပါတီတခုခုနဲ့မသက်ဆိုင်တဲ့သတင်းစာတွေရဲ့အခြေအနေကလည်း”ပါတီမရှိသော်လည်းလူအများ၏အလိုသို့သာလိုက်ကာရေးသားနေကြသောသတင်းစာတို့ကိုလည်းအားထားရန်ခက်လှပေ၏။ထိုသတင်းသမားတို့ကားတိုင်းပြည်အားခေါင်းမဆောင်၊လူအများခေါင်းဆောင်ရာသို့သာလျင်ကောက်ကောက်ပါအောင်လိုက်နေကြလေတော့သည်။”တဲ့။သိပ္ပံမောင်၀ရဲ့သက်ပြင်းမှုတ်ထုတ်သံကခေတ်တွေစနစ်တွေတခုပြီးတခုကျော်ဖြတ်ပြီးကိုယ့်ဘေးနားထိရောက်လာသလိုပါပဲ။၆.၈.၂၀၂၀ဇမဇမဇမ See Less

Post
ရှစ်ဆယ့်ရှစ်အိမ်မက်ဆိုးက လှန့်နိုးနေသည်

ရှစ်ဆယ့်ရှစ်အိမ်မက်ဆိုးက လှန့်နိုးနေသည်

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို အခြားအခြားသောကိစ္စရပ်များတွင်မဝေဖန်လိုသော်လည်းရှေ့ရေးကို ကြိုတင်မှန်းဆနိုင်ငံရေးလမ်း အခင်းအကျင်းတွင်မချီးကျူးပဲမနေနိုင် ၊ အံ့သြဘွယ်ချီးကျူးထိုက်သူဖြစ်သည်။နေပြည်တော်ကြီးဆောက်တော့တတိုင်းပြည်လုံး မသိလိုက်။ ရုံးတွေပြောင်းဟေ့ဆိုမှ နေပြည်တော်ကြီးထီးထီးပေါ်လာသည်။ (ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အဆောက်အဦးတွေတော့ နင့်ထိုက်နဲ. နင့်ကံ)ဒီလောက်နဲ့ချီးကျူးဖို့ မလိုသေး ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုစိတ်ကြိုက်ဆယ်စုနှစ်တစ်ခု ကျော်ကျော် ရေးဆွဲသည်။ လက်လွှတ်လိုက်တော့ သူ့အတွက်ကျည်ကွယ်မျက်ကွယ်နောက်ကြောင်းပြန် အရေးယူခြင်း မပြုရ။ အန္တရာယ်ကင်းပရိတ်ရွတ်ထားပြီးသားသူလုပ်ခဲ့သမျှ ပစ်မျိုးမှဲ့မထင်၊မြူမှုံကင်း၍ လမင်းသာ ပြီးတော့နောက်လျှောက်ရမည့်လမ်းဖြောင့်ဖြူးဖို့ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပေးမည်တဲ့။ကြံ့ခိုင်ရေးအသင်းကြီးသည်နိုင်ငံတော်ပိုင် ၊ တပ်မတော်အခြေပြုလူမှုရေးအသင်းကြီးမှ ချက်ချင်းကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဖြစ်သွားသည်။ တမဟုတ်ချင်း ဥုံဖွ ဟဲ့ ဆိုအင်အားကြီးမား ခိုင်မာသော တပ်မတော်နောက်ခံပြု နိုင်ငံရေးအသင်းကြီးဖြစ်ခဲ့သည်။အစိုးရကျောထောက်နောက်ခံပြုတပ်မတော်နောက်ခံပြုအသင်းကြီးသည် အရှင်မွေးပြီးနေ့ချင်းကြီးထွားဖွံ့ဖြိုးခဲ့သည်။ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ မဲရွေးချယ်သောနေ့၊ မဲရေတွက်စဉ်ရှုံးနိမ့်နေသော်လည်း ဥုံဖွ ၊လာပြန်ပြီ ဒီဥုံဖွ ကြိုတင်မဲများရာက်စေ၊ ပြိုင်ဘက်ပါတီတိုင်းကိုအပြတ်အသတ်နိုင်စေ၊ ဒီနည်းနဲ့စည်တီးပြီး ပြည်ကြီးဝင် လွှတ်တော်ထဲရောက်အစိုးရဖွဲ့ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရွေးကောက်ပွဲအနိုင်ရပါတီ အစိုးရဖြစ်စေသတည်း။ပြည်သူတစ်ရပ်လုံးကကော သိကြရဲ့လား။ သိတာမှ သိပ်သိ အားကြီးသိ...

Post
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ COVID-19 Economic Relife Plan အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ရန် ပညာပေး သင်တန်းဖွင့်လှစ်

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ COVID-19 Economic Relife Plan အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ရန် ပညာပေး သင်တန်းဖွင့်လှစ်

မကွေး သြဂုတ် ၇ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် (CERP)- COVID-19 Economic Relife Plan အရ သင်တန်း(၆)မျိုးကို တစ်နိုင်ငံလုံးတွင် မြို့နယ်(၁၁၈)မြို့နယ်၌ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ရန် ဝက်မွေးမြူရေး ပညာပေးသင်တန်းကို သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။သင်တန်းသို့ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးမွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးဝင်းမော်ဌေး၊တောင်တွင်းကြီးမြို့နယ်၊တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးဇော် မင်းထွန်း၊ မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦးနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ တောင်တွင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ မွေးမြူရေး စိတ်ပါဝင်စားသူများ...

Article
ရိုးရာထုတ်ကုန် ဆေးပေါ့လိပ်သောက်သုံးမှုမြင့်တက်ခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ရိုးရာထုတ်ကုန် ဆေးပေါ့လိပ်သောက်သုံးမှုမြင့်တက်ခြင်းနှင့် ကျန်းမာရေးအန္တရာယ်

မြန်မာနိုင်ငံတွင် ဆေးပေါ့လိပ်လုပ်ငန်းသည် တစ်ပိုင်တစ်နိုင် ရိုးရာလုပ်ငန်းများအဖြစ် တည်ရှိပြီး ဆေးပေါ့ လိပ်သည် မြန်မာ့ရိုးရာဖြစ်သည်ဟုယုံကြည်ပြီး ရှေးယခင်ကတည်းက ဆေးပေါ့လိပ်ကို အိမ်ကို လာသော ဧည့်သည်များအား ဧည့်ခံရန် အသုံးပြုခဲ့ကြသည်။ ယခုအခါ ဆေးပေါ့လိပ်ကို အခြေခံလူတန်းစား အများအပြားနှင့် နယ်မြို့များ၊ ကျေးလက်ဒေသများတွင် စီးကရက်ထက် ပိုမိုနှစ်ခြိုက်စွာ သောက်သုံးနေ ကြကြောင်းကို တွေ့မြင် ရပါသည်။ထို့ပြင် မြန်မာနိုင်ငံတွင် ဗာဂျီးနီးယားနှင့် မြန်မာဆေးရွက်ကြီးနှစ်မျိုးကိုစိုက်ပျိုးကြပြီး ကွမ်းစားဆေးနှင့် ဆေးပေါ့လိပ်အဖြစ်အသုံးပြုမှုများရာ မြန်မာဆေးရွက်ကြီးသည် ဗာဂျီးနီးယားထက် လူ့ခန္ဓာကိုယ် အဓိကအန္တရာယ် ဖြစ်စေသော နီကိုတင်းဓာတ်ပိုမိုပါဝင်သည်။ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ ရုတ်တရက်နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း၊ ခြေပုပ်၊ လက်ပုပ်ရောဂါဖြစ်ခြင်း စသော ဆိုးကျိုးများ ဖြစ်ပွား လျက်ရှိသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့်သေဆုံးမှုမှာ နှစ်စဥ် ၆၄,၀၀၀ခန့်ရှိကြောင်း FCTC...