Home 2020 August

Month: <span>August 2020</span>

Post
“ချောက်မြို့နယ် ဆူးတပ်ကျေးရွာတွင် ဖဲလောင်းကစားဝိုင်း ပြုလုပ်သော နေအိမ်ကို သတင်အရ ရဲတပ်ဖွဲ့မှဝင်ဖမ်း”

“ချောက်မြို့နယ် ဆူးတပ်ကျေးရွာတွင် ဖဲလောင်းကစားဝိုင်း ပြုလုပ်သော နေအိမ်ကို သတင်အရ ရဲတပ်ဖွဲ့မှဝင်ဖမ်း”

ချောက်၊ ဩဂုတ် ၂၄ “မကွေးတိုင်း ချောက်မြို့နယ် သစ်တိုကန်ကျေးရွာအုပ်စု ဆူးတပ်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖဲရိုက်လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သတင်းရရှိလို့ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းက ချောက်မြို့နယ် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ “ဝင်ရောက်ဖမ်းဆီးရာမှာ ဖဲလောင်းကစား‌နေသူ ၁၉ ဦးနဲ့ ဖဲဝိုင်းသုံးဝိုင်း ကစားနေသည်ကိုတွေ့ရှိ ဖမ်းဆီးထားကြောင်း ချောက်မြို့နယ် ဂွေးချိုနယ်မြေရဲစခန်းမှ သိရပါတယ်။ ဆူးတပ်ကျေးရွာနေ အိမ်ရှင် ဒေါ်ထွေးမေ ၅၃ နှစ်ရဲ့ နေအိမ်အနောက်ဘက် အဖီဆောင် ဝါးနှီးဖျားကြမ်း သုံးချပ်ခင်းထားတဲ့အပေါ်တွင် ဒေါ်ထွေမေပါ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၉ ဦးတို့က ဖဲအလောင်းကစားဝိုင်း သုံးဝိုင်းပြုလုပ်ကာ အလောင်းကစားပြုလုပ်လျက် စစ်ဆေးတွေ့ရှိရခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ “ဖဲဝိုင်းခံစားနေတာ၊...

Post
“Covid 19ကပ်ရောဂါ  ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက်       ရခိုင်ပြည်နယ်နဲ့ထိစပ်နေပြီး ကုန်စည်ကူးသန်းမှုတွေရှိတဲ့ မင်းဘူးဒေခံပြည်သူများ စိုးရိမ်မှုရှိနေ”

“Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက် ရခိုင်ပြည်နယ်နဲ့ထိစပ်နေပြီး ကုန်စည်ကူးသန်းမှုတွေရှိတဲ့ မင်းဘူးဒေခံပြည်သူများ စိုးရိမ်မှုရှိနေ”

မင်းဘူး သြဂုတ်၂၂ “Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားနေသည့်အချိန် ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အသွားအလာတွေများတဲ့ မင်းဘူးဒေသခံပြည်သူတွေစိုးရိမ်မှုရှိနေကြတယ်လို့ သိရပါတယ်။ “မင်းဘူးခရိုင်နဲ့ ရခိုင်ပြည်နယ်ကထိစပ်နေပြီး အဓိကကူးသန်သွားလာကြတဲ့ ကုန်းလမ်းဖြစ်တဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းလဲရှိတာကြောင့် Covid 19ကပ်ရောဂါ ကူးစက်လာမှာကို စိုးရိမ်ကြတာလို့ သိရပါတယ်၊၊ “မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်နဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းနဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းကဂိတ်တွေကို ဩဂုတ်လ(၂၀)ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပြီလို့လဲ သိရပါတယ်။ “သွားလာရေးလမ်းကြောင်းတွေပိတ်လိုက်တဲ့ ဩဂုတ်လ(၂၀)ရက်မတိုင်ခင်က ကူးသန်းသွားလာမှုတွေ အများအပြားရှိပါတယ်၊ ကိုဗစ်ရောဂါကကူးစက်ခံရပြီးချက်ချင်းလက္ခဏာပြတာမျိုးမဟုတ်တဲ့အတွက် လမ်းတွေမပိတ်ခင် သွားလာဝင်ထွက်ခဲ့သူတွေကနေ ကူးစက်မှုရှိမရှိ မသိနိင်ပါဘူး၊ အဲ့ဒီအတွက်စိုးရိမ်မှုတွေရှိနေတာပါလို့ မင်းဘူးဒေသခံဦးကျော်ဌေးက ပြောပါတယ်။ “မင်းဘူး-အမ်တောင်ကြားလမ်းက‌နေ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ကို ကုန်စည်ကူးသန်းရောင်းဝယ်ကြတဲ့ ကားဂိတ်တွေကမင်းဘူးမြို့မှာ အခြေစိုက်ကြတာဖြစ်ပါတယ်၊ ပြည်တွင်းကူးစက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နဲ့မင်းဘူးခရိုင်က နီးကပ်နေတဲ့အတွက် ကိုဗစ်(၁၉)စတင်ဖြစ်ပွားချိန်ကထက် ပိုပြီးစိုးရိမ်မှုရှိပါတယ်၊ အခုကိုဗစ်(၁၉)ပိုးကကူးစက်မှုပိုမြန်တယ်လို့ သိရတဲ့အတွက် ပြည်သူတွေကိုပိုပြီးဂရုစိုက်စေချင်ပါတယ်လို့...

Post
“Covid 19ကပ်ရောဂါ  ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက်   မကွေး-အမ်း စစ်တွေ ပို့ဆောင်ရေးလမ်း ကြောင်းများ အားလုံးပိတ်”

“Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက် မကွေး-အမ်း စစ်တွေ ပို့ဆောင်ရေးလမ်း ကြောင်းများ အားလုံးပိတ်”

မကွေး သြဂုတ်၂၁ “ရခိုင်ပြည်နယ် စစ်တွေတွင် Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက် မကွေး-အမ်း-စစ်တွေ လေယာဥ်လမ်းကြောင်း၊ ကားလမ်းကြောင်းများနဲ့ ပို့ဆောင်ရေးလမ်းကြောင်းများ အားလုံးကိုယနေ့ သြဂုတ်လ(၂၁)ရက်နေ့က စတင်ပိတ်လိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ “စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေလူနာများ တွေ့နေရတဲ့အတွက် မကွေး-စစ်တွေ ဆက်သွယ်သွားလာတဲ့ လမ်ကြောင်းတွေကို ပိတ်တာဖြစ်တယ်လို့ သိရပါတယ်။ “တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန့်ကြားချက် အရ မကွေး-အမ်း-စစ်တွေကူးသန်းသွားလာတဲ့လမ်းတွေ အားလုံးကိုပိတ်ခဲ့တာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးသိန်းဟန်က ပြောပါတယ်။ $မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းကို (MMA)လေကြောင်းလိုင်းရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ သြဂုတ်လ (၂၁)ရက်နေက စတင်ကာ (၂)ပတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ “မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းပြန်လည်ဖွင့်လှစ်ဖို့ကတော့ စစ်တွေဘက်ကအခြေအနေကြည့်ပြီး ပြန်ဖွင့်သင့်မဖွင့်သင့် စဥ်းစားသွားမှာဖြစ်တယ်လို့ (MMA)လေကြောင်းလိုင်း မကွေးတိုင်း ကိုယ်စားလှယ် ဦးစံထွေးကပြောပါတယ်။ “လက်ရှိမှာဆိုရင် မကွေး-အမ်း-စစ်တွေ လမ်းကြောင်းတွေကိုသာ ပိတ်ထားတာဖြစ်ပြီး မကွေး-ညောင်ဦး-ရန်ကုန် ခရီးစဥ်တွေကိုတော့ ပုံမှန်အတိုင်ပြေးဆွဲနေတယ်လို့...

Post
အပစ်ရပ်အဖွဲ့များနှင့် ပဋိပက္ခ ဆက်လက်မဖြစ်ပွားစေရန် ယခု ၂၁ ပင်လုံမှ သဘောတူညီချက် ရယူနိုင်ခဲ့

အပစ်ရပ်အဖွဲ့များနှင့် ပဋိပက္ခ ဆက်လက်မဖြစ်ပွားစေရန် ယခု ၂၁ ပင်လုံမှ သဘောတူညီချက် ရယူနိုင်ခဲ့

မြင့်ဇော်ဦး (သြဂုတ် ၂၁) တစ်နိုင်ငံလုံးအပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ရှိနေသော အားနည်းချက်အချို့ကြောင့် လက်မှတ်ရေးထိုးပြီးသော ဒေသတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့် အတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန် လက်ရှိ ကျင်းပနေသည့် ၂၁ ပင်လုံ ညီလာခံမှ သဘောတူညီချက်များ ရယူနိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ NCA ကိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ  (EAOs)  က ရေးဆွဲခဲ့ပြီး  NCA လက်မှတ်ထိုးပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်များ ရှိပြီး အဆိုပါ တိုက်ပွဲများကြောင့်  နိုင်ငံရေးဆွေးနွေးမှုများကို ထိခိုက်မှု ရှိနေသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။ သို့ဖြစ်၍ တိုက်ပွဲများ ဘာကြောင့်...

Post
၂၀၂၀ အလွန်မှသာ ဆွေးနွေးနိုင်တော့မည့် “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” တည်ရှိရေး

၂၀၂၀ အလွန်မှသာ ဆွေးနွေးနိုင်တော့မည့် “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” တည်ရှိရေး

မြင့်ဇော်ဦး (၂၀ သြဂုတ်) တိုင်းရင်းသားပြည်နယ်များတွင် ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့် (ကိုယ်ပိုင်ပြဌာန်းခွင့် ) နှင့်ပတ်သက်ပြီး ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းရေးဆွဲရန် ဘုံသဘောတူညီချက် မရရှိခဲ့ခြင်းကြောင့် ၂၀၂၀အလွန် အစိုးရသစ် လက်ထက်၌သာ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “ကျန်ခဲ့တဲ့ အကြောင်းအရင်းကလည်း “ပြည်နယ်အခြေခံဥပဒေ” နဲ့ “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” စကားရပ် အခေါ်အဝေါ်ညှိယူလို့ မရတဲ့အတွက်လို့ ဆိုနိုင်ပေမယ့်လည်း ဝေါဟာရတွေအပေါ်မှာ အနက်အဓိပ္ပါယ် ကောက်ယူဖွင့်ဆုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ နှစ်ဖက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှုတွေပါပဲ။ ဒီစိုးရိမ်မှုတွေကို ထပ်ပြီး စိစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ ကြည့်မြင်နေကြလို့ အပြန်အလှန် ယုံကြည်မှု အားနည်းလို့ ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ်” ဟု ဩဂုတ် ၁၉ ရက်က...

Post
အမျိုးသားညီညွတ်ရေးကို အမြန်ဆုံးတည်ဆောက်ရန် လိုအပ်ဟု စိုင်းညွှန့်လွင် ပြောကြား

အမျိုးသားညီညွတ်ရေးကို အမြန်ဆုံးတည်ဆောက်ရန် လိုအပ်ဟု စိုင်းညွှန့်လွင် ပြောကြား

ကျော်စိုးမိုး နေပြည်တော် – သြဂုတ် (၂၀) ပြည်ထောင်စုကြီးမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုသည့် သွေးစည်းညီညွတ်ရေးလိုအပ်ချက်ကို အမြန်ဆုံးမဖြစ်မနေတည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ(၁)စိုင်းညွန့်လွင်က သြဂုတ်လ ၁၉ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအ‌ဝေး အဖွင့်မိန်းခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုခန်းမ -၂ တွင် သြဂုတ်လ (၁၉)ရက်မှ (၂၁)ရက်အထိ ပြည်ထောင်စုငြိမ်းချမ်း ရေးညီ လာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပနေခြင်းဖြစ်ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဋ္ဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သျှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်နှင့်...

Post
” ပိုလျှံမြေဖြစ်သောယာမြေများအား မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ ပြန်လည်စွန့်လွတ်ခဲ့ရာတွင် ​ တောင်သူ၁၂ဦးကွက်ကျန်နေခဲ့သည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်”

” ပိုလျှံမြေဖြစ်သောယာမြေများအား မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ ပြန်လည်စွန့်လွတ်ခဲ့ရာတွင် ​ တောင်သူ၁၂ဦးကွက်ကျန်နေခဲ့သည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်”

မကွေး သြဂုတ်၁၉ “မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ​ကြီးအုံ/ကြီးဝဆည် ရေလွှမ်းဧရိယာနှင့် မလွတ်၍ ယာမြေများသိမ်းခံရပြီး ရွာမြေနေရာချထားပြီးနောက် ပိုလျှံမြေဖြစ်သောယာမြေများအား မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ ပြန်လည်စွန့်လွတ်ခဲ့ရာတွင် မြေနီကုန်းကျေးရွာ တောင်သူ၁၂ဦးကွက်ကျန်နေခဲ့သည်ဟုဆိုကာ အဆိုပါတောင်သူများက ယနေ့ သြဂုတ်လ ၁၉ရက်နေ့က မကွေး ဟိုက်ကလပ်ဂါဒင်းစားသောက်ဆိုင်တွင် သတင်း မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ “ကြီးအုံ/ကြီးဝဆည်တည်ဆောက်ပြီး စေတုတ္တရာမြို့နယ်၊ အိမ်ခြေ၂၇၀ရှိ မြေနီကုန်းကျေးရွာသည် တမံ၏ရေမြုပ်ဧရိယာအတွင်း သတ်မှတ်ခံခဲ့ရပြီး ၂၀၁၀ခုနှစ်တွင် ရွာနေရာပြောင်းရွေ့ခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သော တောင်သူများကပြောပါတယ်။ “ကျွန်တော်တို့ မြေနီကုန်းကျေးရွာ ပြောင်းရွေ့တော့ ရေမြုပ်ဧရိယာနဲ့လွတ်တဲ့ ကုန်းမြင့်ပိုင်းက တောင်သူ၂၉ဦးပိုင် လုပ်ကိုင်စားသောက်နေတဲ့ယာမြေတွေ သိမ်းဆည်းခံခဲ့ရပါတယ်၊ သိမ်းဆည်းခံရတဲ့ယာမြေတွေပေါ်မှာ အိမ်ခြေ၂၇၀အတွက် (၁၀၀×၁၀၀)ပေအကွက်တွေချထားပေးပါတယ်၊ ပြီးတော့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရပ်ရွာစုရပ်ဆောင်၊ ရပ်ကျေးအုပ်ချုပ်မှူးရုံးနဲ့ ဓမ္မာ​ရုံတွေဆောက်ဖို့ နေရာချထား အသုံးပြုပြီးဖြစ်ပါတယ်၊...

Post
ရခိုင်စစ်ဘေးရှောင်စခန်းနဲ့ ကျောင်းပညာရေး

ရခိုင်စစ်ဘေးရှောင်စခန်းနဲ့ ကျောင်းပညာရေး

ချင်းပြည်နယ် ပလက်၀မြို့မှာ ရက္ခိုင့်တပ်မတော်(AA) နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတချို့ဟာ ရန်ကုန်တိုင်း မှော်ဘီမြို့ တပ်ကြီးကုန်းကျေးရွာကို ဒီနှစ် မတ်လ လောက်ကစပြီး ခေတ္တပြောင်းရွှေ့နေထိုင်နေကြရပါတယ် တပ်ကြီးကုန်းကျေးရွာမှာ နေထိုင်သူအများစုက ချင်းပြည်နယ် မီးလက်၀၊ လောင်းကဒူး၊ သာကျော်၊ ရိက္ခာ၊ မြို့သစ်၊ ပလက်၀၊ ကျောက်တော်၊ ကူတန်ဝ၊ ဆမီး၊ တွီဆီးဝ၊ ကြွေသောင် အစရှိတဲ့ ကျေးရွာတွေကနေ ပြောင်းလာကြတာဖြစ်ပြီး လက်ရှိမှာ အိမ်ထောင်စု (၃၄)စု နဲ့လူဦးရေ (၁၃၀) ကျော်ရှိတယ်လို့ တပ်ကြီးကုန်း စစ်ရှောင်စခန်း တာ၀န်ခံက ပြောပါတယ် စစ်ရှောင်စခန်း တာ၀န်ခံ အင်တာဗျူး အခုလိုထွက်ပြေးတိမ်းရှောင်လာရတဲ့အထဲမှာ ကျောင်းတက်ရမယ့်ကျောင်းသားဿိးရေ(၄၉) ရှိရာမှာ အထက်တန်းပညာသင်ကြားရမှာကကိုတန်းကျောင်းသူ(၃)ဦးနဲ့ ဆယ်တန်းတက်ရောက်မယ့် ကျောင်းသူ တက်ရောက်ရမျာဖြစ်ပါတယ်။ ကျောင်းပြောင်းလက်မှတ်တွေမပါခဲ့လို့ ကျောင်းအပ်နှံရေး...

Post
မကွေးကုန်စည်ဒိုင် စိုက်ပျိုးသီးနှံပေါက်စျေးများ

မကွေးကုန်စည်ဒိုင် စိုက်ပျိုးသီးနှံပေါက်စျေးများ

ပဲစဉ်း ငုံနီ ၂၂၀၀၀ကျပ်(ပိဿာ၂၀)နှမ်းဖြူသစ်၁၂၈၅၀၀ကျပ်(၄၅ပိဿာ)၊မြေပဲ အနီလုံးဆံတစ်ပိဿာ၂၅၀၀ကျပ် နှုံး ဈေးပေါက်ကြောင်း မကွေးကုန်စည်ဒိုင်မှ သတင်းရရှိသည်။ (နှမ်းဖြူက ၄၅ပိသာကို ၁၂၈၀၀၀/၁၂၅၀၀၀/၁၂၃၅၀၀နှမ်းနက်က၄၅ပိသာကို၁၉၀၀၀/၁၉၁၀၀၀ပဲစင်ငုံက၂၀ပိသာကိုပဲဟောင်းက၂၂၀၀၀ပဲသစ်က၂၀ပိသာကို၂၅၀၀၀ကျပ် ပဲတီစိမ်းက၁၉ပိသာကို၃၆၅၀၀ကျပ်)