ကြီးကြီကျယ်ကျယ်တွေရေးမှာ မဟုတ်ပါဘူး။စာအုပ်လေးတအုပ်ပြန်သတိရလို့ပါ။သူထဲရေးထားတာ၊ကလေးငယ်တွေဆိုတာရှေးကထက်ပေါင်းသင်းဆက်ဆံရေးနယ်ကျယ်လာတယ်။မိဘတွေနဲ့နေတုန်းမှာလည်းလူအများနဲ့တွေ့ကြုံဆက်ဆံတတ်ဖို့လိုတယ်။အဲ့ဒီလူတွေရဲ့သဘောအယူအဆတွေကိုလည်းနားလည်ထားရန်လိုတယ်ပေါ့။ပြောချင်တာကသူဆက်ရေးတဲ့စကား။ကလေးငယ်တွေကြီးလာတဲ့အခါ၊မိမိတို့ရဲ့အသက်မွေးမှုအလုပ်အကိုင်တွေရုတ်တရက်ပြောင်းလဲလုပ်ကိုင်ဖို့ပေါ်လာရင်ပြောင်းလဲချက်နဲ့အညီပြောင်းလုပ်နိုင်ဖို့လိုတယ်။အလုပ်အကိုင်တခုကနေတခုအရပ်ဒေသတခုကနေအခြားတခု၊ကူးပြောင်းလုပ်ကိုင်နိုင်ဖို့မိမိကိုယ်ကိုနေသားတကျစီမံခန့်ခွဲတတ်တဲ့စွမ်းရည်သတ္တိတွေပြည့်စုံဖို့လိုတယ်။လူတိုင်းအပြောင်းအလဲအတွက်အရေးကြုံလာရင်လုပ်နိုင်အောင်အားလပ်ချိန်တွေမှာသင့်တဲ့ပညာတွေဆည်းပူးထားရမယ်။အဲ့ဒီအရည်အချင်းကိုကလေးသူငယ်ထဲကစွမ်းရည်ရှိထွန်းကားအောင်ပြုလုပ်ထားရမယ်ပေါ့။ပညာရေးစာအုပ်တအုပ်ပါ။ကျောင်းသင်ခန်းစာအပြင်အထွေထွေအတတ်ပညာရေးပါတွဲသင်ဖို့။ကျနော်တို့ငယ်ငယ်ကတော့ကျောင်းမှာနည်းနည်းသင်ရတယ်။အိမ်တွင်းမှုအချုပ်အလုပ်တို့၊လက်မှုပညာတို့၊ကာယချိန်တို့။ကိုယ်တွေတောင်စက္ကူပေါ်အပ်နဲ့အသီကြီးတို့။အသီလေးတို့၊၀က်သိုးတို့သင်ရတယ်။ကျားဆရာနည်းတော့ကျားတွေကစက္ကူပန်ကာလုပ်တာတို့၊စာအုပ်ချုပ်တာတို့လောက်ပဲရှိ။အထကကျောင်းဆိုလက်သမားပညာတို့ဘာတို့သင်တယ်။ဒီစာအုပ်ကိုနောင်ပညာမင်းကြီးဖြစ်လာတဲ့ဦးချိုကဘာသာပြန်တာ။ဒါပေမယ့်မြန်မာ့ပြည်ကျောင်းတွေအတွက်မြန်မာမှုပြုထားတယ်။၁၉၅၂စထုတ်။သူလန်ဒန်မြို့ဆရာဖြစ်အတတ်သင်ကောလိပ်ကျောင်းသားဘ၀ကလက်စွဲစာအုပ်။သူစာအုပ်ဖတ်ရင်ပိုရှင်းမယ်။ကျနော်ပြောနေတာထက်။အင်္ဂလိပ်တွေကလူတိုင်းဘွဲ့ရမယ်ဆိုတဲ့အခြေခံနဲ့မစဉ်းစားပုံ။ပညာရေးတပိုင်းတစနဲ့ထွက်ရနိုင်ပြီးအဆင့်ဆင့်သင်ပုံပဲ။မူလတန်းကနေစပြီးကျောင်းထွက်ရလည်းအသက်မွေးပညာပါသွားအောင်လုပ်ပုံ။မြို့နဲ့တောသင်္ချာသင်ပုံကွဲတယ်။ပထ၀ီသင်ပုံကွဲ။ကျနော်တို့အလယ်တန်းလောက်တုန်းကသင်္ချာမှာဈေးတွက်ဆိုပြီးသင်တယ်။ရွာတွေမှာဆိုကျေးလက်နဲ့ဆိုင်တဲ့စိုက်ပျိုးရေး၊မွေးမြူရေးအခြေခံသင်တယ်။မြို့တောင်ဈေးမြိုနဲ့စက်မှုမြို့ကွဲသင်တယ်။လက်သမားပညာဆိုခုံတလုံးလုပ်တာမှာအတိုင်းအထွာအတိအကျလုပ်ရတယ်။ကြီးလာရင်စနစ်ကျဖို့။ဆရာတွေကိုယ်တိုင်ကဘယ်အပင်ဘယ်လိုစိုက်။ဘယ်အကောင်တွေရဲ့သဘာဝကဘယ်လို။ကျနော်ဆီကရွာတွေကပိုတောင်တတ်မလားကျောင်းခဏနုတ်ပြီးလယ်ထဲယာထဲဆင်းရတာ။ပန်းချီအနုပညာနဲ့လက်မှုပညာသင်တာဆရာချင်းညှိနှိုင်းသင်ရမယ်။ပန်းချီတို့ဂီတတို့ကစိတ်ကူးစိတ်သန်းကောင်းတဲ့သူဖြစ်ဖို့၊လက်မှုအတတ်ကတိကျဖို့သပ်ရပ်ဖို့၊စနစ်ကျဖို့။ပြောစရာတော့အရင်းရှင်စနစ်အတွက်ကျွမ်းကျင်တဲ့လုပ်သားတွေရဖို့။ဒီမှာကခက်တာက၊သွားနေတာအရင်းရှင်စနစ်။လုပ်သားကဘာမှမကျွမ်းကျင်။နိုင်ငံရေးတွေမပြောတော့ပါဘူး။သင်ရပုံမှာအရွယ်နည်းနည်းရလာရင်မိန်းခလေးတွေကိုဈေးဝယ်တာကအစသင်ပုံ။ကြက်သားဆိုဘယ်လိုမှလတ်ဆတ်တာတို့။ငါးဆိုဘယ်လိုဝယ်။ဘယ်လိုချက်။ရေးရင်းနဲ့စဉ်းစားမိသွားတာရှိတယ်။ဒီပညာတွေကဗမာပြည်မှာဆိုဆရာမယောင်္ကျားတွေသင်ခိုင်းရင်ပိုသင့်မယ်ထင်တယ်။အချိန်ပိုင်းအိမ်တွင်းမှုဆရာထီးဆိုပြီး။ချက်ပြုတ်လျှော်ဖွတ်။ရေးရင်းဝေ့ဝေ့သွား။ဆရာကြင်ညွှန်းလိုဖတ်ဖြစ်တဲ့စာအုပ်ပါ။ဆရာများအတွက်အကြံဥာဏ်ပေးစာအုပ်တဲ့။ခဗျားဟာခေါင်းစဉ်နဲ့ဘာဆိုင်လဲလို့။အသက်မွေးအတတ်ပညာတခုတတ်ထားတော့ကိုဗစ်လိုအချိန်အလုပ်အကိုင်ရှားလည်းမဆိုးဘူးပေါ့။ဆောင်းပါးနာမည်တော့ပြောင်းလိုက့်ပါမယ်။ဆရာမယောင်္ကျားများအတွက်အကြံပေးဆောင်းပါးလို့။အခုဆိုယူကျူု့တို့ဘာတို့ကနေအချက်အပြုတ်သင်ပေါ့။ ဇမဇမဇမဇူလိုင်၃၀၊၂၀၂၀
FlashNews:
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲပြုလုပ်
မကွေး ဇူလိုင် ၂၇#မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ #ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးတိုင်းဒေသကြီးအတွင်း စတုတ္ထ(၁)နှစ်တာအပါအဝင် (၄)နှစ်တာကာလအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်မီးလင်းရေး စသည့် ပြည်သူ့အကျိုးပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်စုံအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အကောင်အထည်ဖော်ခဲ့ပြီး မြို့ပြမှသည် ကျေးရွာများ အထိ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ #ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စတုတ္ထ(၁)နှစ်တာကာလ...