16339

တစ်နှစ်ပတ်လုံး ဝင်ငွေရရှိရန်
ချဉ်ပေါင်ကို စီးပွားဖြစ် စိုက်ပျိုး

ရွှေမန်း

စားဖိုဆောင်သီးနှံ စိုက်ပျိုး ရေးတွင် တစ်နှစ်ပတ်လုံးဈေးကွက် အတွင်း ရောင်းချနိုင်အောင် နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး ချဉ်ပေါင်ကို စီးပွားဖြစ် စိုက်ပျိုး ကြကြောင်း တောင်သူများထံက သိရသည်။

တောင်သူများအနေဖြင့် ရာသီကောက်ပဲသီးနှံ၊ နွေစပါး၊ မိုးစပါး အပြင် နေ့စဉ်ဝင်ငွေ ရရှိ ရေးအတွက် ရာသီသီးနှံများကို ဈေးကွက်အလိုက် စဉ်ဆက်မပြတ်  စိုက်ပျိုးရောင်းချလျက်ရှိသည်။

ယခုရက်ပိုင်းများတွင် ဧရာ၀တီမြစ်အတွင်းရှိ ကျွန်းရွာ များ ရေကြီးမှုမှ ပြန်လည်ရေကျ ဆင်းချိန်ဖြစ်သောကြောင့် စိုက်ပျိုး ရန် ပြင်ဆင်နေချိန်ဖြစ်သည်။

ယင်းအချိန်များတွင် ကုန်း ပေါ်၌ စိုက်ပျိုးသည့် ချဉ်ပေါင် အပါအဝင် စားဖိုဆောင်သီးနှံများ ဈေးအနည်းငယ်မြင့်တက်လေ့ရှိ သည်။ ဩဂုတ်လဆန်းပိုင်း ကတည်းက ချဉ်ပေါင်ရွက် ၅ ပင် စီးတစ်စီးလျှင် ငွေကျပ် ၁၅၀ခန့် လက်ကားဈေးရောင်းချရပြီး လက်လီဈေးတွင် ငွေကျပ် ၂၅၀ ခန့်အထိ ဈေးကောင်းရရှိခဲ့သည်။

ချဉ်ပေါင်တစ်ဧက စိုက်ပျိုး လျှင် ချဉ်ပေါင်မျိုးအနေဖြင့် ရှစ် ပြည်ခန့် ကုန်ကျကြောင်း မျိုးဈေး နှုန်းအနေဖြင့် တစ်ပြည်လျှင် ငွေ ကျပ် ၇၅၀၀ ခန့်ဖြင့် ဝယ်ယူရ ကြောင်း တစ်ဧကစိုက်ပျိုးစရိတ် မှာ မျိုး၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် ငွေကျပ် ၃၀၀၀၀၀ခန့် ကုန်ကျသည်။

ချဉ်ပေါင်စိုက်ပျိုးပြီး တစ်လ သားအရွယ်တွင် စတင်ဆွတ်ခူး ရောင်းချရပြီး တစ်ဧကအထွက် နှုန်းအနေဖြင့် ချဉ်ပေါင်အစည်း ပေါင်း ၆၅၀၀၀ စည်း ထွက်ရှိ ကြောင်း ချဉ်ပေါင်တစ်ဧကလျှင် ငွေကျပ် ၇၀၀၀၀၀ ခန့်ထိ ဝင်ငွေ ရရှိတာကြောင့် တစ်ဧက အကျိုး အမြတ် ငွေကျပ် ၄၀၀၀၀၀ခန့် ကျန်ရှိကြောင်း ချဉ်ပေါင်စိုက် တောင်သူတစ်ဦးက ပြောသည်။

ဧရာ၀တီမြစ်အတွင်းရှိ ကျွန်း ရွာများမှ စိုက်ပျိုးထွက်ရှိချိန်တွင် မန္တလေးဈေးကွက်၌ စားဖိုဆောင် သီးနှံများဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ကင်ပွန်းချဉ်၊ ခရမ်းချဉ် သီး၊ ဆူးပုတ်၊ သံပရာသီး၊ ရုံးပတီ သီးများကို ဈေးချိုချိုဖြင့် ဝယ်ယူ ရရှိနိုင်သော်လည်း ဧရာ၀တီမြစ် ရေကြီးချိန်တွင် ယင်းသီးနှံများ ဈေးကောင်းရလေ့ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.