15681

ဈေးကွက်အာမခံချက်ကောင်းသောကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ

ရွှေမန်း

ကျောက်ဆည်ခရိုင်အတွင်း ရှိ ငှက်ပျောစိုက်တောင်သူများ အနေဖြင့် ဈေးကွက်အာမခံချက် ကောင်းသောကြောင့် ငှက်ပျော စိုက်ပျိုးသူများ အဆင်ပြေလျက် ရှိသည်။

ငှက်ပျောစိုက်တောင်သူများ အနေဖြင့် ငှက်ပျောကို ဝါဆိုဦး တွင် အခင်းသစ်အဖြစ် စတင်စိုက် ပျိုးလေ့ရှိပြီး တစ်နှစ်တိတိစိုက် ပျိုးရကြောင်း ထိုသို့ စိုက်ပျိုးရာ တွင် လိုအပ်သည့် စိုက်ပျိုးစရိတ် ကို ငှက်ပျောပွဲစားများထံမှ ကြို တင်ရယူနိုင်သောကြောင့် စိုက်ပျိုး စရိတ် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ စိုက် ပျိုးနိုင်ကြောင်း မြစ်သားမြို့နယ် ငှက်ပျောစိုက်တောင်သူ ကိုစိုးသိန်း က ပြောသည်။

“ ငှက်ပျောဈေးက ကောင်း နေတော့ ပွဲစားတွေက ငွေကြိုပေး ကြတယ်။ ဒီလိုကြိုငွေရတော့ စိုက်ပျိုးစရိတ်အတွက် ပူပင်စရာ မလိုဘဲ ကောင်းကောင်းအရင်းအနှီး ထည့် စိုက်ပျိုးနိုင်ပါတယ်။ ငှက် ပျောသိမ်းရာသီတွင်လည်း ဈေး ကောင်းရတော့ အခြားသီးနှံတွေ ထက် ပိုပြီး အကျိုးအမြတ်များ ပါတယ်´´ ဟု ၎င်းက ပြောသည်။

ငှက်ပျောကြိုတင်ငွေကို မိမိ  စိုက်ခင်းမှ ထွက်ရှိမည့် ငှက်ပျော ခိုင်အရေအတွက်ပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်းခန့်ကို ကြိုတင်ငွေအဖြစ် ပွဲစားများက ထုတ်ပေးလေ့ရှိရာ ငှက်ပျောလှည်းတစ်စီးလျှင် ငွေ ကျပ် ၄၀၀၀၀၀ ခန့် ရရှိသော ကြောင့် လှည်း အစီး ၂၀ လျှင် ငွေကျပ် သိန်း ၈၀ ခန့်ကြိုတင်ငွေ ထုတ်ပေးလေ့ရှိသည်။

“ ငှက်ပျောလှည်းတစ်စီးကို  ငှက်ပျောခိုင် ၄၀ ခန့်ပါဝင်ပြီး တစ်စီးလျှင် ကြိုတင်ငွေအဖြစ် ငွေကျပ် ၄၁၀၀၀၀ ဈေးဖြင့် ဈေး ဖြတ်ပြီး ပေးပါတယ်။ ကြိုတင် ငွေထုတ်လျှင်တော့ ငှက်ပျော ပေါက်ဈေးကမြင့်နေလည်း ကြို တင်ဖြတ်ထားသည့်အတိုင်း ငှက် ပျောခိုင်ပြန်သွင်းရပါတယ်။ ကြို တင်ငွေမယူရင်တော့ ငှက်ပျောဈေး ကွက်ပေါက်ဈေးအတိုင်း ရောင်းချ ရပါတယ်´´ ဟု ၎င်းက ဆက်လက် ပြောသည်။

ကျောက်ဆည်ဒေသစိုက် ဖီးကြမ်းငှက်ပျောသီးလှည်းတစ်စီး လျှင် လက်ရှိဈေးကွက်မှာ ငွေကျပ်  ၅၂၀၀၀၀ ကျော်ပေါက်ဈေးရှိနေ ပြီး တစ်ဧကလျှင် ပျမ်းမျှလှည်း အစီး ၁၂ စီးဝန်းကျင်ခန့် ထွက် ရှိသောကြောင့် တောင်သူများ အနေဖြင့် ဝင်ငွေ သိန်း ၆၀ ခန့် ရရှိနေသည်။      

 ကျောက်ဆည်-မြစ်သား ဒေသထွက် ဖီးကြမ်းငှက်ပျောသီး များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။    
           

Leave a Reply

Your email address will not be published.