ပြည်တွင်းဖရဲစိုက်တောင်သူများ အရည်အသွေးကောင်းဖရဲမျိုးများကို ပြောင်းလဲစိုက်ပျိုးလာ
ရွှေမန်း
ပြည်တွင်းဖရဲစိုက်တောင် သူများအနေဖြင့် ယခင်တရုတ် နိုင်ငံတင်သွင်းသည့် ဖရဲမျိုးများ ကို စိုက်ပျိုးခြင်းမရှိတော့ဘဲ အရည်အသွေးကောင်းကိုရီးယား ဖရဲမျိုးများကို ပြောင်းလဲစိုက်ပျိုး လာကြောင်း တောင်သူများထံက သိရသည်။
ယခင်က တရုတ်နိုင်ငံမှ အရည်အသွေးညံ့ ဖရဲမျိုးများကို စိုက်ပျိုးသဖြင့် စိုက်ပျိုးစရိတ်ကြီး မြင့်မှုနှင့်အထွက်နှုန်းအရည်အသွေး ကျဆင်းမှုများကြောင့် တောင်သူများ အရှုံးပေါ်ခဲ့ကြသည်။
ယခုအခါ ကိုရီးယားနိုင်ငံမှ တင်သွင်းသည့် ဖရဲမျိုးများကို ပြောင်းလဲစိုက်ပျိုးလာရာ စိုက်ပျိုး စရိတ်လျော့ချနိုင်ခြင်း အရည် အသွေးကောင်း အသီးထွက်နှုန်း မြင့်မားသည့် ကိုရီးယားဖရဲမျိုး များကို ပြည်တွင်းတောင်သူများ ပြောင်းလဲစိုက်ပျိုးလာရာ ဈေးကွက် အတွင်း ဈေးကောင်းရရှိနေကြောင့် ဖရဲစိုက်ပျိုးရောင်းဝယ်ထုတ်လုပ် နေသူ ဦးသစ္စာက ပြောသည်။
“ တရုတ်နိုင်ငံကထုတ်လုပ် တဲ့ မျိုး စေတွေ့က OP မျိုး တွေဖြစ်တော့ ရာသီဥတုဒဏ် ပိုးမွှားဒဏ်၊ အသီးအရည်အသွေး၊ တာရှည်ခံမှု၊ အဝေးတင်နိုင်မှုတွေ မရှိတော့ တောင်သူတွေ အမြဲ အရှုံး ပေါ်နေပါတယ်။ ယခုအခါ ကိုရီးယားနိုင်ငံက တိုက်ရိုက်တင် သွင်းတဲ့ နြုသညါ ၇၀၉ မဲခေါင် F1 မျိုးတွေကို ဇူလိုင်လဆန်းပိုင်း မှစတင်ရောင်းချပေးနေပါပြီ။ မနှစ်ကလည်း ဒီမျိုးတွေကို စိုက် ပျိုးတဲ့တောင်သူတွေအနေနဲ့ အကျိုးအမြတ်များပြီး ဈေးကွက် မှာ နာမည်ကောင်းရရှိထားပါ တယ်။ စားသုံးသူတွေကလည်း ဒီမျိုးဆို ပိုမိုကြိုက်နှစ်သက်ကြ ပါတယ် ´´ ဟု ၎င်းက ပြောသည်။
အဆိုပါ Mekong 709 ( မဲခေါင် ၇၀၉) ၊ F1 မျိုးမှာ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်း၊ မျိုးရိုးဗီဇမှန်ကန် ခြင်း၊ အသီးကြီးထွားမှုနှင့် အရွယ် တူညီခြင်း၊ အဝေးတင်ခံနိုင်ခြင်း၊ အချိုဓာတ်ကောင်းမွန်ခြင်း၊ ပြည် တွင်းဈေးကွက်တွင်သာမက ထိုင်း နိုင်ငံဈေးကွက်မှာပါ နာမည် ကောင်း ရရှိထားသည်။
လက်ရှိတွင် မိုးရာသီစိုက် ဖရဲရာသီတွင် နေပြည်တော်၊ ပဲခူး၊ မွန်ပြည်နယ်များတွင် စိုက်ပျိုး လျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးဈေးကွက်များသို့ တင်ပို့ ရောင်းချရန် တောင်သူများ စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Leave a Reply