ရွှေမန်း
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ ၈ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန် ထားသည်။
ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၆၉၇၁၆၅ ဒသမ ၈၉ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF ထုတ်ပြန်ချက်စာရင်းတွင်ဖော်ပြထားသည်။
လအလိုက် တင်ပို့မှုကိုကြည့်ရင် အောက်တိုဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီးဆန်၊ဆန်ကွဲ တန်ချိန်စုစုပေါင်း ၃၃၄၅၃၅ ဒသမ ၀၄ တန် တင်ပို့မှုမှ ဒေါ်လာ ၁၅၆ သန်း ထပ်မံ ရရှိခဲ့ခြင်းဖြစ်ဖြစ်ပြီးအောက်တိုဘာလက ၁၈၉ သန်းဖြင့် စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ အတွင်း ဆန်တန်ချိန် ၂၈၄၉၇ ဒသမတန်၊ဆန်ကွဲတန်ချိန် ၆၀၁၆ တန်ချိန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ချိန် ၃၃၃၁၆၅ ဒသမ ၀၄ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ တန်ချိန် ၁၃၇၀ တင်ပို့ခဲ့ခြင်းဖြစ်ရာ နယ်စပ်ကုန်သွယ်မှုမှတဆင့်တင်ပို့နိုင်ခြင်းပြန်လည်း မြင့်တက်လာတာကိုတွေ့ရသည်။
ဧပြီလမှာ ဒေါ်လာ ၅၅ သန်း၊ မေလမှာ ၃၆ သန်း၊ ဇွန်လမှာ ၈၄ သန်းနဲ့ သြဂုတ်လမှာ ၉၇ သန်း စက်တင်ဘာလမှာ ၁၀၄သန်း ၊အောက်တိုဘာလ မှာ၁၈၉သန်း ၊နိုဝင်ဘာလမှာ ၁၅၆သန်း ရရှိထားတာကိုလည်း MRF ၏အချက်အလက်တွေအရ သိရသည်။
ဆန်နှင့် ဆန်ကွဲ အမျိုးအစားနှစ်ခုထဲက ဆန်တင်ပို့မှုကိုကြည့်ရင် ပြည်ပနိုင်ငံ ၂၃ နိုင်ငံက အဓိကဝယ်လိုအားရှိပြီး အဲဒီအထဲမှာ အင်ဒိုနီးရှား က အများဆုံးဝယ်ယူထားပြီး ဒုတိယအများဆုံးမှာ တရုတ် နှင့်တတိယအများဆုံးမှာ အိုင်ဗရီကို့စ် က အများဆုံး ဝယ်ယူသူတွေအဖြစ် ရှိနေသည်။
ဆန်ကွဲကိုတော့ ပြည်ပနိုင်ငံ ၈ ခုကနေ အများအပြားဝယ်ယူလျက်ရှိပြီး ဘယ်လ်ဂျီယံ၊ တရုတ်၊အင်ဒိုနီးရှား နိုင်ငံတွေကနေ အများဆုံး ဝယ်ယူလျက်ရှိတာကို စာရင်းတွေမှာ ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၄ ဧပြီလမှ ၂၀၂၅ မတ်အထိ ဘဏ္ဍာနှစ်အတွင်း ဆန်/ဆန်ကွဲတန်ချိန် ၂.၅ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပို့ကုန်ရငွေကို များကို အမြန်ဆုံးပြန်လည်ဝင်ရောက်ရေးကိုအသိပေးနိုးဆော်ထားကြောင်းသိရသည်။
Leave a Reply