မြန်မာ့နာနတ်သီးများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုသော်လည်း ပို့မွှား၅ မျိုးကိုစစ်ဆေးခံရမည်

ရွှေမန်း

မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလ အတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် အဆိုပါလမ်းကြောင်းကို တရားဝင်ရပ်ဆိုင်းခဲ့ရာ မြန်မာ့နာနတ်သီးလုပ်ငန်းများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများတွင် အစားထိုးဈေးကွက်များ ရှာဖွေခဲ့သော်လည်း တင်ပို့မှုပမာဏမှာ နည်းပါးနေသေးကြောင်း သိရသည်။

နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြု ချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

GACC ၏ ကြေညာချက်အရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသည် တရုတ်နိုင်ငံသို့ တင်ပို့လိုသော နာနတ်သီးစိုက်ခင်းများနှင့် ထုပ်ပိုးသည့် စက်ရုံများကို မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ အဆိုပါစိုက်ခင်းများနှင့် လုပ်ငန်းများကို GACC မှ အတည်ပြုသွားမည်ဖြစ်ပြီး ၎င်း၏ဝဘ်ဆိုဒ်တွင် အတည်ပြုထားသောစာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် စိုက်ပျိုးသူများအနေဖြင့် ပြည့်စုံသော အရည်အသွေးစီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်များ ထူထောင်ရန်နှင့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းစနစ်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အသီးများနှင့် အရွက်များတွင် အင်းဆက်ပိုးမွှားများ၊ ခရုများ၊ မြက်မျိုးစေ့များ၊ အပင်အကြွင်းအကျန်များနှင့် မြေကြီးကဲ့သို့ အမှိုက်များကင်းစင်စေရန်အတွက် ထုပ်ပိုးမှုလုပ်ငန်းစဉ်အတွင်း လက်ဖြင့်စီခြင်း၊ စစ်ဆေးခြင်း၊ ရေဖြင့်ပွတ်တိုက်ဆေးကြောခြင်း သို့မဟုတ် ဖိအားမြင့်ရေပိုက်ဖြင့် ဆေးကြောသန့်စင်ခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

နာနတ်သီးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စိုးရိမ်ရကြောင်း သတ်မှတ်ထားသည့် ပိုးမွှား(၅) မျိုးမှာ the spiraling whitefly (Aleurodicus dispersus)၊ gray pineapple mealybug (Dysmicoccus neobrevipes)၊ passionvine mealybug (Planococcus minor)၊ Jack Beardsley mealybug (Pseudococcus jackbeardsleyi) နှင့် the fungal plant pathogen Fusarium sacchari တို့ ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုစတင်ပြီးနောက် ပထမ(၂)နှစ်အတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင် များသည် ကုန်ပစ္စည်းတင်ပို့မှု တစ်ခုစီအတွက် (၂)ရာခိုင်နှုန်းထက်မနည်းသော နမူနာများကို စစ်ဆေးရန် လိုအပ်ကြောင်း၊ ထိုနှစ်နှစ်အတွင်း ပိုးမွှားဆိုင်ရာ ပြဿနာများ မပေါ်ပေါက်ပါက နမူနာနှုန်းကို (၁)ရာခိုင်နှုန်းသို့ လျှော့ချနိုင်မည်ဖြစ်ကြောင်းမြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့၏ သတင်းပေးပို့ချက်အရသိသည်။

မကြာသေးမီကမြန်မာနိုင်ငံ မှ လတ်ဆတ်သော နာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်း ရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက် ကို တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ် မှု အာဏာပိုင်အဖွဲ့က ထုတ်ပြန် ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ သက်ဆိုင်ရာ သတ်မှတ်ချက်များ နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများ ကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ပြုသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာ့နာနတ် သီး များသည် အခြားနိုင်ငံမှ နာနတ် သီးများနှင့်မတူဘဲ တစ်မူထူးခြား သော သစ်သီးမွှေးရနံ့ရှိပြီး အသီး အရသာမှာလည်း ချိုချဉ်လတ် ဆတ်ပြီး အရည်ရွှမ်းသောကြောင့် စားသုံးသူများစွာကို အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။

မြန်မာ့နာနတ်သီးကို ရှမ်း ပြည်နယ်(မြောက်ပိုင်း)တွင် အများ ဆုံး စိုက်ပျိုးခြင်းဖြစ်ပြီး ပြည်ပ ဈေးကွက်များသို့ တင်ပို့နိုင်ရန် အတွက် စီစဉ်လုပ်ဆောင်မှုများ ရှိနေကြောင်းလည်း မြန်မာနာနတ် သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရ သည်။

ထို့ပြင် နာနတ်သီးကို ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာ၊ လွယ် ဆိုင်ရွာတို့တွင်လည်း စီးပွားဖြစ် စိုက်ပျိုးကြပြီး ဇူလိုင်မှ စက်တင် ဘာအထိ ထွက်ရှိကြောင်း သိရ သည်။တရုတ်နိုင်ငံသို့ လက်ဆက် သီးနှံများ တင်ပို့ရာတွင် GACC အသိအမှတ်ပြုသီးနှံအဖြစ် ခွင့်ပြု ချက်ရရှိပြီး သီးနှံများစာရင်းတွင် ယခုအခါ နာနက်သီးကို တင်ပို့ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇွန် ၂၀ ရက် က တရုတ်နိုင်ငံ ဝမ်တိန်အသီးကွင်းသို့ မူဆယ်နယ်စပ်ဂိတ်မှတဆင့် နာနတ်သီး တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီးပြန်လည် တင်ပို့ခွင့်ရရှိရေး သက်ဆိုင်ရာ   အဖွဲ့အစည်းအသီးသီးက ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

Leave a Reply

Your email address will not be published.