မကွေးနိဝင်ဘာ ၃၀ “
မကွေးမြို့မှာ လာည့် ၂၀၂၀ ဒီဇင်ဘာလဆန်းပိုင်းရက်တွင် စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များကို ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ခွင့်ပြုဖို့စီစဥ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ဥက္ကဌဦးဖိုးနီကပြောပါတယ်။ “ကိုဗစ်ဒုတိယလှိုင်းစဖြစ်ပြီး စက်တင်ဘာ၁၄ရက်နေ့မှစတင်ကာ မကွေးမြို့ရှိ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့သာရောင်းချခွင့်ပြုခဲ့ပြီး ၂လကျော်ပြီးကာမှဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ရောင်းချခွင့်ပြုမှာပါ၊ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချခွင့်ပြုရာတွင်ကိုဗစ်စည်းကမ်း၁၄ချက်ကို ဆိုင်ရှင်တွေအနေနဲ့ လိုက်နာရမှာဖြစ်ပါတယ်၊ ဆိုင်တွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ တိုင်းအစိုးရအဖွဲ့ထံတင်ပြထားပြီး ဖွင့်ခွင့်ရခဲ့ရင်လည်းစည်းကမ်းလိုက်နာမှုရှိမရှိ ကိုစစ်ဆေးတာတွေလုပ်ဆောင်သွားမယ်ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဥက္ကဌဦးဖိုးနီကပြောသည်။ “ဆိုင်များဖွင့်ခွင့်မပြုခင်မှာ မြို့နယ်စည်ပင်၊ စားသုံးသူရေးရာ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ ကျန်းမာရေးဌာနနှင့်အခြားတာဝန်ရှိသူများက စစ်ဆေးသွားမည်ဖြစ်ပြီး စည်းကမ်းချက်များနှင့် ကိုက်ညီသည့်ဆိုင်များကိုသာ ဖွင့်ခွင့်ပြုသွားမည်ဖြစ်သည်။ “ဆိုင်တွေမှာ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ရမှာဖြစ်ပြီး လက်ရှိဆိုင်ဖွင့်ခွင့်ရရင်လည်းအလုပ်သမားရှာမရတဲ့ အခက်အခဲတွေရှိနေတယ်ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဒေါ် စိန်မြင့်က ပြောသည်။ “မကွေးမြို့မှာ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၂၅၀) ဝန်းကျင်ရှိပြီး ကိုဗစ်ဒုတိယလှိုင်းမှာ မကွေးတိုင်းအတွင်းပိုးတွေ့လူနာများလာသည့်အတွက် ပါဆယ်စနစ်နှင့်ရောင်းချခွင့်ကိုပြုခဲ့ပြီး ဆိုင်တွေဖွင့်ခွင့်ရခဲ့ရင်လည်း ကိုဗစ်စည်းကမ်းနဲ့အညီလိုက်နာပြီး လုပ်ဆောင်ဖို့ မြို့နယ်စည်ပင်ဥက္ကဌက တိုက်တွန်းပြောဆိုထားသည်။
သက်မှူးအိမ်(မကွေးဂျာနယ်)
Leave a Reply