ဧရာ၀တီမြစ်ရေကျဆင်းမှုနှင့်အတူ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရန်ပြင်ဆင်နေ

ရွှေမန်း

ဧရာ၀တီမြစ်ရေကျဆင်းမှု နှင့်အတူ မြေနုကျွန်းစိုက်ခင်းများ တွင် မြေပဲအပါအဝင် ဈေးကွက် ဝင် သီးနှံများကို စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူ များထံက သိရသည်။

 ဧရာ၀တီမြစ်အတွင်းရှိ မြေနုကျွန်း (ကျွန်းရွာ)များတွင် စက်တင်ဘာ လဆန်းပိုင်းမှာ ဧရာ ၀တီမြစ်ရေ ထပ်မံတက်ခြင်းမရှိ တော့ပါက သီးနှံများစိုက်ပျိုးရန် မြေပြုပြင်ခြင်းများ စတင်လုပ်နေ ပြီဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရာ တွင် မြေပဲသီးနှံနှင့် ကန်စွန်းဥကို ပထမဦးစားပေး အများဆုံးစိုက်ပျိုး ကြကာ အခြားဈေးကွက်ဝင်သီးနှံ များကိုလည်း စိုက်ပျိုးရန်ပြင်ဆင် လျက်ရှိကြောင်း ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာမှ ဦးခင်မောင်ရင်က ပြောသည်။

“ ဩဂုတ်လကုန် စက်တင် ဘာလဆန်းမှာ မြစ်ရေထပ် မတက်တော့ရင် အသင့်စိုက်ပျိုး နိုင်အောင် ပြင်ဆင်နေပါတယ်။ ဧရာ၀တီမြစ်ရေကျဆင်းမှုနောက် ပိုင်း မြေနုကျွန်းများတွင်  မြေပဲ အပါအဝင်သီးနှံများ စိုက်ပျိုးရန် မြေပြုပြင်ခြင်းတွေ လုပ်နေပါ တယ်။ မြေပဲနဲ့ကန်စွန်းဥကတော့ အများဆုံးစိုက်ကြမှာပါ။ နည်း နည်း မြေညံ့တဲ့နေရာတွေမှာတော့ ပဲထောပတ်၊ ပဲနီပြာတွေ စိုက် သွားမှာပါ။ လက်ရှိမှာတော့ မြေ ပြုပြင်ရန် ထွန်၊ထယ်၊စက်မောင်း လုပ်နေကြပါပြီ။ စက်မောင်းခ၊ ထွန်၊ ထယ် နှစ်ကြိမ်စာအတွက် တစ်ဧကငွေကျပ် ၈၀၀၀၀ ပေးရပါတယ် ´´ ဟု  ၎င်းက ပြောသည်။

မြေပဲစိုက်ပျိုးရန်အတွက် မြေပြုပြင်ခြင်းများ၊ စိုက်ပျိုးမည့် မျိုးဝယ်ယူခြင်းနှင့် သွင်းအားစု မြေဩဇာများဝယ်ယူခြင်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိသည်။

ယခင်နှစ်က မြေပဲစိုက်ပျိုး ရာသီထွက်ရှိသည့် မြေပဲကို သိမ်း ဆည်းထားပြီး ဈေးကွက် ဈေး ကောင်းချိန်တွင် ရောင်းချသော ကြောင့် မြေပဲစိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိခဲ့သည်။

ပြီးခဲ့သည့်စိုက်ပျိုးရာသီ ကတည်းက ဈေးကောင်းနေသည့် မြေပဲဆန်မှာ မြေပဲပေါ်စချိန်တွင် တစ်ပိဿာငွေကျပ် ၈၀၀၀ ကျော် သာရှိခဲ့ရာမှ  လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ ကျော် ပေါက်ဈေးရှိနေသည်။

 ပြည်ပမှ စားအုန်းဆီတင် သွင်းမှုကို လျှော့ချနေသောကြောင့် ပြည်တွင်းဆီစားသုံးမှုဖူလုံစေရန် ဆီစက်များအတွက် ကုန်ကြမ်း မြေပဲဆန်မှာ ဈေးကွက်သေချာပြီး ဈေးကောင်းရရှိနေသည့် သီးနှံဖြစ် ကြောင်း သိရသည်။
 

Leave a Reply

Your email address will not be published.