အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ

ရွှေမန်း

အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ရှိနေသော်လည်း ပဲစင်းငုံဈေးကွက် ကျဆင်းနေရာ တစ်တန်လျှင် ငွေကျပ် ၅၀၀၀၀၀ ခန့် ကျဆင်းခဲ့ ကြောင်း ပဲကုန်သည်များထံက သိရသည်။

 ပြည်ပပို့ကုန်များထဲမှ ပဲစင်း ငုံနီက အောက်တိုဘာလဆန်းပိုင်း ကတည်းက ပဲစင်းငုံနီတစ်တန် လျှင် ငွေကျပ် ၄၆သိန်း အောက် ရောက်ရှိလာခြင်း ဖြစ်သည်။

 စက်တင်ဘာလဆန်းပိုင်း က ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲစင်းငုံနီတစ်တန်လျှင်ငွေကျပ်  ၅၁သိန်းအထိ ပေါက်ဈေးရှိသလို FOB ဈေးနှုန်းမှာလည်း တစ်တန် လျှင် ၁၁၂၀-၁၁၃၀ ဒေါ်လာရှိခဲ့ရာ အောက်တိုဘာ ပထမသီတင်းပတ် အတွင်းမှာ တစ်တန်လျှင် ငွေကျပ် ငါးသိန်းဝန်းကျင်အထိ ဈေးကျ နေခြင်း ဖြစ်သည်။

“ ပဲစင်းငုံ ပြည်တွင်းလက်ကျန် မရှိသလောက်နည်းပါးနေပြီး ဈေးကွက်အတွင်း အဝင်မရှိတော့ ပါဘူး။ ပြည်ပဝယ်လိုအားက တော့ရှိနေပေမယ့် အဝယ်လိုက် တဲ့ အခြေအနေမျိုးတော့ မဟုတ် ပါဘူး။ နောက် ပြည်တွင်း ဒေါ်လာဈေးနှင့်ရွှေဈေး ကျဆင်းနေ တော့လည်း ပို့ကုန်ပဲဈေးကွက်မှာ ဈေးကျဆင်းမှုတွေ ရှိလာတာပါ။ လက်ရှိမှာ ပဲစင်းငုံနီ တစ်တန် လျှင် FOB ဈေး ၁၀၇၀-၁၀၈၀ သာပေါက်ဈေးရှိနေပါတယ်´´ ဟု ပဲကုန်သည်တစ်ဦးက က ပြောသည်။

မန္တလေးဈေးကွက်တွင် စက်တင်ဘာ  ၂၁ရက်က ပဲစင်း ငုံနီ ပိဿာ၆၀ တစ်အိတ်လျှင် ငွေကျပ် ၄၆၀၀၀၀  ပေါက် ဈေး ဖွင့်ခဲ့ပြီးနောက်ပိုင်း အောက်တိုဘာ ၁၂ရက်ထိ အရောင်း အဝယ် ပေါက် ဈေးမရှိတော့ခြင်း ဖြစ်သည်။  

၂၀၂၅ခုနှစ် ပဲစင်းငုံအသစ်မှာ ဇန်နဝါရီ၊ဖေဖော်ဝါရီလမှာစတင် ထွက်ရှိလာမည်ဖြစ်ကြောင်း သိရ သည်။
   

Leave a Reply

Your email address will not be published.