အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ

ရွှေမန်း

အသစ်ဝင် မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာ ကြောင့် ဈေးအနည်းငယ်ကျဆင်း လာကြောင်း ပဲ၊ နှမ်းကုန်သည် များထံမှ သိရသည်။

ပဲ၊ နှမ်းဈေးကွက်အတွင်း ပို့ကုန်ပဲများအပါအဝင် ပြည်တွင်း သုံးကုလားပဲအုပ်စု အမြင့်ဆုံးဈေး များ ရောက်ရှိခဲ့ပြီး နိုင်ငံခြားငွေဈေး ကျဆင်းမှုနှင့်အတူ အနည်းငယ် ပြန်လည်ကျဆင်းသွားရာ ပဲအမျိုး အစားအလိုက် အနည်းငယ်ကျ ဆင်းသွားသော်လည်း လက်ကျန် မြေပဲဆံ အဟောင်းများမှာ တစ်ပိဿာ ငွေကျပ် ၁၁၀၀၀ ထိ ပေါက်ဈေးရှိလာသည်။

ဩဂုတ်လတတိယသီတင်း ပတ်အစတွင် ဈေးမြင့်တက်နေ သည့် မြေပဲဆံအနည်းငယ် ကျဆင်းသွားကြောင်း တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော် ပေါက် နေသည့် မြေပဲဆံမှာ အသစ်ဝင် ရောက်မှုများရှိလာတာကြောင့် မြေပဲဆံအသစ်များမှာ ဈေး အနည်းငယ်ကျဆင်းသွားကြောင်း၊ ပြည်တွင်းနှမ်းမျိုးစုံမှာလည်း ဈေး မြင့်တက်နေကြောင်း ပြည်တွင်း သုံးကုလားပဲ အုပ်စုနှင့် ပဲမာ လိုင်းများလည်း အရောင်းအဝယ် ခပ်သွက်သွက်ဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ ပဲနှမ်းဈေးကွက်အတွင်း ပို့ကုန်ပဲများ အပါအဝင် ဈေးကွက် တစ်ခုလုံး ဈေးမြင့်တက်လာပါ တယ်။ ဩဂုတ် ၁၃ ရက်က အမြင့်ဈေးတန်းတွေဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း နိုင်ငံခြားငွေဈေး ပြန်လည်ကျဆင်းမှုများ ဖြစ်လာ တော့ ဈေးတန်းအနည်းငယ်ပြန် အေးလာပါတယ်။အသစ်ဝင် မြေပဲ ဆံတွေ ရမည်းသင်း၊ တပ်ကုန်း ကနေ အဝင်ရှိလာတော့ မြေပဲဆံက ဈေးအတက်ရပ်သွားပါတယ်။မြေပဲဆံအသစ်တွေကတော့ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ အောက်ရောက်သွားပါတယ်။ နှမ်းမျိုးစုံကတော့ ဈေးကောင်းရ အဝယ်သွက်နေပါတယ်။ ပို့ကုန် ပဲတွေမှာလည်း ပဲတီစိမ်းအညာ တွေ ဈေးမြင့်တက်လာပါတယ်´´ ဟု ၎င်းက ပြောသည်။

ဩဂုတ် ၁၅ ရက်တွင် ပို့ကုန် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၅၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀ ဈေးမြင့်တက်လာသည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးနှုန်းသိသိသာသာ မြင့်တက်လာသည်။ လက်ရှိ ဈေးတန်းက အမြင့်ဈေးတန်း ဖြစ်လာရာ ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ အသီးသီးဈေးမြင့်တက်လာသည်။

မြေပဲဆံနှင့် နှမ်းမျိုးစုံ ဆက်လက်ဈေးမြင့်တက်နေရာ ဩဂုတ် ၁၅ ရက်တွင် ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲပုပ်(ရှမ်း)တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၄၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲ ဆီ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ပေါက်ဈေးရှိနေသည်။

ဩဂုတ် ၁၅ ရက်တွင် နှမ်း မျိုးစုံပေါက်ဈေး ဆက်လက်မြင့် တက်နေရာ နှမ်းနက်(စမုန်)တစ် အိတ်လျှင် ငွေကျပ် ၆၈၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၇၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရ သည်။

Leave a Reply

Your email address will not be published.