သီတင်းကျွတ်ဈေးရောင်းပွဲတော် အဖြစ် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်  

 

ရွှေမန်း

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် များ အသင်းမှကြီးမှူး၍ ပြည် တွင်း ဆီဖူလုံမှုကို ဖော်ဆောင် သည့်အနေဖြင့်ဆီစက်များ၏ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ များ ကို သီတင်းကျွတ်ဈေးရောင်းပွဲ တော် အဖြစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ရန်ကုန်မြို့ ၊လမ်းမတော်မြို့နယ်၊မင်းရဲကျော် စွာလမ်းရှိ  (UMFCCI)  ရှေ့တွင် ဈေးနှုန်းသက်သာစွာ ၃ ရက်တိုင်တိုင် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ဈေးရောင်းပွဲ ရောင်းချရေးကော်မတီ ထံမှ သိရသည်။

သီတင်းကျွတ်ဈေးရောင်းပွဲ တော်တွင်ပါဝင်ရောင်းချမည့် ဆီများမှာ FDA လက်မှတ်ရပြီး ဆီအရည်အသွေးစံချိန်စံညွှန်း ကိုက်ညီမှုရှိရမည့် အပြင် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန် ထားသော် အမှတ်တံဆိပ် ၊ ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်လည်းကိုက်ညီသည့် အရည်အသွေးကောင်းပဲဆီသန့် ပိဿာချိန် ၉၀၀၀၀ ရောင်းချ ပေးသွားရန်လျာထားကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးဆန်းထွန်း လွင်က ပြော သည်။

“ သီတင်းကျွတ်ဈေး ရောင်းပွဲတော်အဖြစ် ဆီ အသင်း ကနေ မြေပဲဆီ အသန့် ကို တစ်ပိဿာ ငွေကျပ် ၁၅၀၀၀နဲ့  ၅၀ ကျပ်သား ကနေ  ၁၀ပိဿာ ပုံးနဲ့ လိုအပ်သလောက်  ပွဲတော fရက် အတွင်း ရောင်းချ ပေး သွားမှာပါ။ဘူးထုပ်ပိုးမ Iအပါ အဝင်ရောင်းချတဲ့ ဈေးမို့ ဒီဆီ ဈေး က အပြင်ထက် သက်သာ တဲ့ဈေးပါ။ဒီအပြင်  နေပြည်တော်၊  ရန်ကုန်၊ မန္တလေး ၊မကွေး က ဝန်ကြီးဌာ န ဝန်ထမ်းတွေကို စုပေါင်း မှာယူပါက ဌာန အရောက် ပေးပို့ရောင်းချပေး သွားမှာပါ။ဥပမာ- မန္တလေးမှာ ဆိုရင် စည်ပင်သာယာ ဝန်ထမ်း တွေ ဆိုရင် အများကြီးရှိ ပါတယ်။စုပေါင်းမှာ ယူမယ် ဆိုရင် ပွဲတော်ရက် မတိုင်မီ    အောက်တိုဘာ ၈ ရက် ကစတင် ဖုန်းဆက်မှာယူနိုင်ပါတယ် ´´ ဟု ၎င်းကပြောသည်။

ထိုပြင်နေပြည်တော်၊ရန်ကုန် ၊မန္တလေး၊ မကွေး မှ ဌာနဆိုင် ရာဝန်ထမ်းများ အတွက်ပွဲတော် ရက်မတိုင်မီကတည်းကကြို တင်၍ ဖုန်းနံပတ် ၀၉-၈၈၃၃၃၇၆၇၆ သို့ မနက် ၉နာရီမှ ညနေ ၅နာရီ အတွင်း စုပေါင်းမှာယူပါကဌာန အရောက် ပေးပို့ရောင်း ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.