လောကပါလဥတု


ကောင်းဇော်

မုတ်သုန်က နောက်ကျမှရောက်လာပေမယ့် မုန်တိုင်းကျ ကပ်သီလွဲပြီး ပါလာတဲ့ မိုးရေတွေကြောင့် သတ္တဝါတွေ၊ သစ်ပင်တွေ အသက်ရှု့ခွင့်၊ အသက်ရှည်ခွင့် တိုးရတယ်။ လောကပါလက အနေစိမ်းပေမယ့် သဘာဝတရားက မျက်နှာသာပေးခဲ့တယ်။
မိုးရွာပြီးနောက်မှာ သစ်ပင်တွေ၊ သီးနှံတွေ ပေါက်ဖွားရှင်သန်သလို၊ မိုးတွေလေတွေရှိနေဆဲမှာပဲ အဖြူအစိမ်းဝတ်ကျောင်းသားတွေကို တွေ့ရတယ်။ မနှစ်ကထက် သူတို့တွေ နည်းနည်းပိုများလာတယ်လို့ ဆိုကြတယ်။
“ကျောင်းအပ်လက်ခံစတဲ့နေ့မှာပဲ ၈ရာလောက် လာအပ်ကြတယ်။ မနှစ်ကတော့ လက်ခံနိုင်တဲ့ကျောင်းသားဦးရေရဲ့တဝက်လောက်ပဲ လာအပ်တယ်။ ဒီနှစ်က သုံးပုံ နှစ်ပုံကျော်မယ်”လို့ အထက်တန်းပြဆရာတစ်ဦးက ပြောပါတယ်။
ကျောင်းသူကျောင်းသားတွေကတော့ ကျောင်းဖွင့်ချိန်ရာသီစတာနဲ့ မိုးဦးကျမိုးပွင့်လေးတွေလို ထွက်ပြူလာကြတယ်။ တချို့နှစ်မှာ မုတ်သုန်နောက်ကျတတ်တယ်။ တချို့နှစ်တွေမှာ ရာသီဥတုက ပြင်းထန်တယ်။
ပညာရေးလောကက သိုင်းလောကလိုပဲ နက်နဲရှုပ်ထွေးပါတယ်။ အခြေအနေနဲ့ ဥပဒေကြောင့် ‌ကျောင်းအမျိုးမျိုးမှာ သက်ကြီးကျောင်းသားအပ်နှံများလာတယ်လို့ သိရပါတယ်။ ကျောင်းသားဖြစ်ခြင်းရဲ့ လုံခြုံမှုကြောင့် ပညာရပ်ဝန်းက စိတ်တော့နည်းနည်းအေးရတယ် ထင်ရပေမယ့် ကျောင်းပြန်နေသူတစ်ဦးက “စိတ်တော့ ပူနေရတာပဲ။ ဘာမှန်းမှမသိတာတာ”လို့ စိုးရိမ်ကြောင့်ကျတဲ့ မျက်နှာနဲ့ ပြောပြပါတယ်။ အခြေအနေအမျိုးမျိုး စိတ်အနေအထားအဖုံဖုံနဲ့သတ္တဝါတွေကို နေ့စဉ် ကြုံနေရတော့ သတ္တဝါတခု၊ ကံတခုသတ်မှတ်ထားရတယ်လို့ သူကဆိုပါတယ်။
လက်ရှိဆရာတစ်ဦးကို ပညာရေးရဲ့အနာဂတ်ကို မေးကြည့်တဲ့အခါ “ဆရာတွေရဲ့အနာဂတ်တောင်မှုန်ဝါးနေတာ ပညာရေးရဲ့အနာဂတ်ကို မခန်မှန်းနိုင်မခန်မှန်းနိုင်ပါဘူး”လို့ သက်ပြင်းရှည်ချရင်း တုန့်ပြန်ပါတယ်။
ပညာရေးနဲ့ သင်ကြားရေး ကောင်းအောင် ဘယ်လိုလုပ်သင့်လဲလို့ ဆရာ့ကို ဆက်မေးကြည့်တော့
ဆရာတွေတောင် ဖိအာများနေတာ၊ ရေရာမှုမရှိတာ၊ သင်ကြားရေးနည်းစနစ်ကစ ကျောင်းသားဗဟိုပြု အားမထဲ့နိုင်သေးတာစတာတွေကြောင့် ပညာရေးဘယ်လိုစနစ်နဲ့ သွားဖို့ ပြောရခက်တယ်လို့ ရှင်းပြပါတယ်။
ပညာရေးမှာ ချန်ထားလို့မရတဲ့ကလေးတွေရှိသလိုကျန်သွားလို့မရတဲ့ကလေးတွေလဲ ရှိပါတယ်။ သူတိုအတွက် NFPE (Nonformal Primary Education) ကျောင်းတွေမှာ အသက် ၉နှစ်၉လ (မနေ့က ၉နှစ်လို့ မပြည့်မစုံရေးမိပါတယ်)က နေ ၁၄နှစ်အတွင်း ကလေးများအကျုံးဝင်တဲ့ NFPE လို့ လူသိများတဲ့ကျောင်းပညာပ မူလတန်းပညာရေးရှိပြီး၊ ပညာသင်နှစ်အနေနဲ့ မူလတန်းဆင့်မှာ level 1 (၁)နှစ်နဲ့ level 2 (၁)နှစ် ပေါင်း (၂)နှစ်သာကြာမှာဖြစ်ပါတယ်။
NFPEက ကူးလာတဲ့ အသက် (၁၂)နှစ်ကနေ (၁၇)နှစ်အတွင်းကလေးတွေနဲ့ အခြေခံပညာကျောင်းတွေက စနစ်ဟောင်း (၄)တန်းအောင်သူတွေနဲ့ စနစ်သစ် G5 ပြီးထားသော အသက်၁၃နှစ်ကနေ ၁၇နှစ်ကြား အလယ်တန်းပညာသင်ခွင့်မရတဲ့ကလေးတွေအတွက်
NFMEဆိုတဲ့ Nonformal Middle Education
ကျောင်းပြင်ပအလယ်တန်းပညာရေး ရှိပြီး မြို့နယ်တိုင်းမှာတော့ ရှိချင်မှ ရှိဦးမှာပါလို့ ပညာရေးကို အလေးပေးတဲ့ ဆရာတစ်ဦးက သူ့လူမှု့ကွန်ယက်မှာ ဖော်ပြကူညီထားပါတယ်။ ပညာရေးအမျိုးမျိုးနဲ့ လက်လှမ်းမီနေတာကလဲ စိတ်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကကလေးတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်စေမလားပါ။
မိခင်စိတ်နဲ့ လူငယ်တွေကိုမြင်တဲ့ ဆရာမတစ်ဦးက “မိဘတွေက သူ့တို့ကလေးတွေကို ဉာဏ်ကြီးရှင် (genius)ဖြစ်စေချင်တယ်။ ပံ့ပိုးနိုင်တဲ့မိဘအများစုက ကောင်းတယ်ဆိုတဲ့ဆရာနောက်လိုက်နေတယ်။ ကိုယယ့်ကလေးတော်မလာရင် အဲ့ဆရာအားမရ‌ဘူး။ နောက်ဆရာပြောင်းတယ်။ ကလေးတော်ဖို့ ဆရာတာဝန်။ မိဘလုပ်ရမယ့် အပိုင်း parenting(မိဘ ကြီးကြပ်စောင့်ရှောက်မှု) မရှိကြသလောက်ပဲလို့ လက်ရှိမြင်နေရတဲ့ တတ်နိုင်သူတွေရဲ့ပညာရေးစိတ်ထားကို ပြောပြပါတယ်။ မိဘတွေက စီးပွားရေးပိုင်းပဲ အားစိုက်ငွေရှာပြီး ပညာရေးအဆင့်အားမရရင်
ဆရာတစ်ယောက်ပြီး တစ်ယောက်ပြောင်းသလို ၊ ကျောင်းဟိုပြောင်းဒီပြောင်းလုပ်တဲ့အခါ ကလေးပဲ ခံရပြီး ကလေးတွေမှာပဲ ဖိအားတွေများနေတယ်လို့ ရှင်းပါတယ်။
ဆင်းရဲတဲ့ကလေးတချို့ ထူးချွန်တာရှိ‌ကြတယ် မိဘ မပံ့ပိုးနိုင်တော့ ပညာကို အသပြာနဲ့ရှာနေရတော့ မီးခဲပြာဖုံးကုန်ကြတယ်။ တတ်နိုင်တဲ့ မိဘရဲ့ကလေးတချို့ကြ ပိုက်ဆံကောင်းရင် ပညာရေးကောင်းရရမယ်ဆိုတဲ့ ဖိအားကရတဲ့ စိတ်ခံစားနေရတဲ့ ဝေဒနာတွေရှိနေတယ်လို့ သူက ဆက်ပြောပြပါတယ်။
ဂရိတ် တွဲ စနစ်ကကောင်း သင်ရိုးညွှန်းတန်း။
ပညာရေးရလာဒ်ကို အေ ဘီ စီ ဒီစနစ် မိဘတွေ ဆရာတွေ ရှင်းရှင်းလင်းလင်းသိသင့်တယ်။ မရှင်းလင်းတာကနေ အဂတိအားများမှာ မြင်ယောင်တယ်လို့လဲ ရင်လေးစွာ ပြောပါတယ်။
ခုက ပုဂ္ဂလိကကျောင်းတချို့က ကျောင်းလခကို အွန်လိုင်းဈေးသည်‌လို ပလိ ချက်ဘောက်လာပါလို၊ ဈေးနှုန်းသိချင် ကျောင်းလာခဲ့တွေလဲ ရှိနေတာကလည်း ရင်မရှင်းစရာလို့ ပြောကြတယ်။
ဆင်ခြေဖုန်းရပ်ကွက်က မိခင်တစ်ဦးကလဲ “မတတ်နိုင်တဲ့ကြားက ကျူရှင်ထားပေးပါတယ်။ ကလေးပညာရေး မကြည့်နိုင်ပါဘူး ပြေးလွှားဈေးရောင်းနေရတာ။ ဆရာမတွေရဲ့တာဝန်ပဲ။ သေစာရှင်စာတတ်တယ်ဆိုလဲ မဆိုးပါဘူး”လို့ နဖူးက ချွေးကို လက်နဲ့သုတ်ရင်း အပြေးအလွှား ပြောပြရှာတယ်။
မိတ်ဆွေတစ်ဦးကတော့ လူကြီးတွေတောင် မစွမ်းတာ၊ လူငယ်တွေဟာ ဘုရား မဟုတ်ဘူးတဲ့။ ဘုရားဖြစ်ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီ အထောက်အပံ့ယူခဲ့ရသလို လက်ရှိမှာလဲ ဒုက္ခစရိယ ခြောက်နှစ်ကျင့်ခဲ့ရတယ်။ ဉာဏ်အသီးအပွင့်တွေ လမ်းခုလတ်မှာ ကြွေကျတာနည်းရင်တော့ လောကပါလတရားက မျက်ကွယ်မပြုခဲ့ရင်တော့ ရာသီဥတုကောင်းကြုံလာမှာပါတဲ့။ ဘာပဲဖြစ်နေဖြစ်နေ ကလေးတွေကတော့ တလှုပ်လှုပ်လျှောက်လှမ်းနေကြတာပါပဲ၊ တချို့က ငေးမောရုံငေးမောလို့၊ တချို့က သုတ်ခြေတင်လို့ ရွေ့တော့ ရွေ့နေကြတယ်။
https://t.me/mgj1062016

Leave a Reply

Your email address will not be published.