လမ်းဘေး ညစ်ညမ်းဗီဒီယိုတွင် ပါရှိနေသူ အမျိုးသမီးသည် ပခုက္ကူ NLD မှဖြစ်ပြီး အမျိုးသားသည် ရေစကြို NLD မှဖြစ်သည်ဟုဆိုကာ Facebook တင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် NLD အလုပ်အမှုဆောင် ဦးမျိုးေမာ်က ပြောပါတယ်။
အလုပ်အမှုဆောင်ထဲမှာပါတဲ့ ကိုတင်ဝင်းက တိုင်ထားတာရှိပါတယ်၊ ကိုကိုအောင်ဆိုတဲ့လူကို တိုင်ထားတာပါ၊ ကိုကိုအောင်က သူ့ရဲ့အကောင့်ကနေပြီး Post တင်ထားတာပေါ့၊ ညစ်ညမ်းဗီဒီယိုဖိုင်ပေါ့ဗျာ၊ သူရေးထားတာက ရေစကြိုအမာခံ NLD ပါတီ ငှက်ထီးနဲ့ငှက်မ လမ်းဘေးတွင် ကျူံးနေသော ဗီဒီယိုဖိုင် စာမျက်နှာပေါ်တွင် တွေ့နေရဆိုပြီး တင်ထားတာပါ၊ ရေးထားတာက ရေစကြိုမြို့နယ် NLD တက်ကြွလှုပ်ရှားသူအမျိုးသားနှင့် ပခုက္ကူမြို့နယ် NLD ပါတီ တက်ကြွလှုပ်ရှာသူ အမျိုးသမီးတစ်ဦးတို့ လမ်းဘေးချုံတောထဲတွင် ချစ်ရည်လူးနေသော ဗီဒီယိုဖိုင်ဆိုပြီး တင်ထားတယ်၊ သူတို့တင်ထားသူတွေက NLD ပါတီဝင်တွေလဲမဟုတ်ပါဘူး၊ လောလောဆယ်တိုင်ထားတဲ့အပိုင်းပဲရှိသေးပါတယ်၊ ၆၆ဃနဲ့စွဲထားပါတယ်လို့ ဦးမျိုးေမာ်က ပြောပါတယ်။
ဖြစ်တာက၃၀ရက်နေ့က သူတို့တင်လိုက်တာပါ၊ သူတင်လိုက်တော့ ကျွန်တော်တို့အဖွဲ့ကလူတွေတော်တော်များက သိတာပေါ့ဗျာ၊သက်သက် NLD ပါတီကို ထိခိုက်အောင်လုပ်တဲ့အတွက် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ကိုအမှုဖွင့်ရတာဖြစ်ကြောင်း ဦးမျိုးေမာ်က ဆက်ပြောပါတယ်။
NLD ပါတီမှဟုဆိုကာ လမ်းဘေး ညစ်ညမ်း ဗီဒီယိုဖိုင်ကို ပုဂ္ဂလိက အကောင့်ဖြင့် Facebook တွင် တင်ခဲ့သလို တဆင့်ပြန်လည် တင်သူများထဲတွင် Excellent News Agency ပါဝင်ခဲ့သည့်အတွက် Excellent news agency၏ အက်ဒမင်ကို ရေစကြိုမြို့နယ် NLD အလုပ်အမှုဆောင် ဦးဝင်းနိုင်က အမှုဖွင့်ထားကြောင်း ရေစကြို့မြို့မရဲစခန်းက သိရပါတယ်။
ဧပြီလ ၃၀ ရက်ည၉နာရီ၄၆ မိနစ်အချိန်တွင် Excellent news agency Facebookအကောင့်ပိုင်ရှင်မှ ရေစကြိုမြို့နယ်NLDတက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးနှင့် ပခုက္ကူမြို့နယ်NLDတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးတို့ လမ်းဘေးချုံတောထဲတွင် ချစ်ရည်လူးနေသည့် ဗွီဒီယိုဖိုင်တစ်ခုနှင့်အတူ NLDပါတီ၏ဂုဏ်သိက္ခာကျဆင်းအောင် စာရေးသားဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ ၎င်း ဗီဒီယိုဖိုင်တွင်ပါရှိသည့် အမျိုးသားမှာရေစကြိုမြို့နယ်NLDပါတီတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူမဟုတ်ကြောင်း၊ Excellent news agency Facebook အကောင့်ပိုင်ရှင်မှ အများပြည်သူများ NLDပါတီနှင့်ပါတီဝင်များအပေါ် အထင်အမြင်သေး ယုံကြည်မှုကင်းမဲ့စေရန်နှင့် ပါတီ၏ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသဖြင့်ပါတီ၏ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြသူ Excellent news agency Facebookအကောင့်အား ဥပဒေနှင့် အညီစုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ရေစကြိုမြို့မရဲစခန်းသို့ တိုင်ကြားရခြင်းဖြစ်ကြောင်း ဦးဝင်းနိင်က ရှင်းပြပါတယ်။
Page ရဲ့ အက်ဒမင် ၃ ဦးဘဲသိရတာပါ၊ နာမည်ဘယ်သူတွေဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး၊ ရဲကတော့စုံစမ်းဖော် ထုတ်မှုတွေလုပ်နေပါပြီ၊ သူတို့စွပ်စွဲထားတဲ့လူကလဲ ပါတီဝင်လဲ မဟုတ်ပါဘူး၊ NLD ပါတီနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး၊ အမျိုးသမီးကလဲ NLD ပါတီနဲ့သက်ဆိုင်ခြင်းမရှိဘူး၊ အဲဒါကိုသူက ရေစကြို NLD တက်ကြွ လှုပ်ရှားသူဆိုပြီး သူကရေးထားတာပေါ့၊ အဲလိုရေးထားတော့ရေစကြို NLD ကို လူအထင်အမြင်လွဲမှားစေတာကော၊ ဂုဏ်သိက္ခာကျဆင်းစေတာကော အဲဒါကြောင့် အမှုဖွင့်လိုက်တာပါလို့ ဦးဝင်းနိင်ကဆိုပါတယ်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ရေစကြိုမြို့နယ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းလွင်က ဆောင်ရွက်နေကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
သတင်းများ
လမ်းဘေး ညစ်ညမ်း ဗီဒီယိုကို NLD ပါတီဝင်ဟုဆိုကာ Facebook ပေါ်တင်ခဲ့သူများကို အမှုဖွင့်
May 5, 2020June 1, 2020
Leave a Reply