မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ

ရွှေမန်း

 မန္တလေးဈေးကွက်တွင် လက်ကျန်နည်းလာသည့် မြေပဲ ဆန် ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၉၈၀၀ ထိ ပေါက်ဈေးဖြစ်လာကြောင်း ကုန် သည်များထံက သိရသည်။

ပြည်တွင်းသို့ စားအုန်းဆီ တင်သွင်းမှု လျှော့ချထားတာ ကြောင့် မြေပဲဆီသုံးစွဲမှုမြင့်မား လာသလို ဈေးကွက်အတွင်း မြေပဲလက်ကျန် နည်းလာတာ ကြောင့်လည်း တဖြည်းဖြည်း ဈေးမြင့်တက်နေသည့် မြေပဲဆန် မှာ ဩဂုတ်လဆန်းပိုင်းတွင် တစ်ပိဿာ ငွေကျပ် ၉၈၀၀ထိ ပေါက်ဈေးဖြစ်လာသလို ဆက် လက် ဈေးမြင့်တက်နိုင်ကြောင်း ပဲကုန်သည်တစ်ဦးက သုံးသပ် ထားသည်။

“ ပြည်တွင်းဆီစက်ပိုင်များ ဆီကြိတ်အားကောင်းနေတာနဲ့ လက်ကျန်မြေပဲကလည်း နည်း နေတော့ မြေပဲဆန်ဈေးက တစ် ပိဿာ ငွေကျပ် ၉၈၀၀ ထိ မြင့်တက်လာပါတယ်။ အသစ် ဝင် မြေပဲဆန်တွေကလည်း အဝင် မရှိသေးလို လာရင်လည်း မြေပဲ အစိုတွေသာ ဝင်ရောက်လာမှာ    မို့ လက်ကျန်မြေပဲဆန်က ဈေး ကောင်းရ အဝယ်ကောင်းနေတာ ပါ။ မြေပဲဆီဈေးကလည်း တစ် ပိဿာ ငွေကျပ် ၁၈၅၀၀ဈေးထိ မြင့်လာသလို ပဲဖက်တစ်ပိဿာ ငွေကျပ် ၄၇၀၀-၄၈၀၀ထိ ပေါက် ဈေးဖြစ်လာတော့ ဆီစက်ပိုင်တွေ စက်လည်အား ကောင်းနေပါ တယ်´´ ဟု ၎င်းကပြောသည်။

ဩဂုတ်လဆန်းပိုင်းတွင် ပြည်တွင်း စားအုန်းဆီရည်ညွှန်း ဈေးမြင့်တက်လာသလို မြေပဲဆီ လက်ကားဈေးမှာလည်း တစ် ပိဿာ ငွေကျပ် ၁၈၅၀၀ ပေါက် ဈေးရှိကာ လက်လီဈေးကွက်မှာ တစ်ပိဿာ ငွေကျပ်၂၀၀၀၀ကျော် ထိ ပေါက်ဈေးရှိကာ ဝယ်လိုအား ကောင်း နေခြင်းဖြစ်သည်။

“ မြေပဲဆန်ကို အရင်က ပို့ကုန်တင်ပို့မှုကောင်းမှသာ ဈေး ကောင်းရ ဈေးမြင့်တက်တာမျိုး ရှိတာပါ။ လက်ရှိမှာက ဈေးကွက် ထဲမှာ  စားဆီလိုသလောက်ဝယ် မရတာနဲ့ ဈေးနှုန်းက သိပ်မကွာ တော့ မြေပဲဆီက ဝယ်လိုအား ကောင်းလာတာပါ။ ဒီတော့ ပြည် တွင်း ဆီစက်ပိုင်တွေ မြေပဲအဝယ် ကောင်းနေတော့ ဈေးကမြင့် တက်လာပါတယ်´´ ဟု ဆီစက်ပိုင် တစ်ဦးက ပြောသည်။

မန္တလေးဈေးကွက်တွင် ဩဂုတ် ၈ ရက်တွင် မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၂၀၀-၉၅၀၀၊ ဆီဆန်တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀-၉၅၀၀၊ အနီလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀-၉၅၀၀၊ပြန့်လုံးဆန် တစ် ပိဿာလျှင် ငွေကျပ် ၉၂၀၀-၉၅၀၀၊ ပဲဆီတစ်ပိဿာလျှင် ငွေ ကျပ် ၁၈၅၀၀၊ပဲဖတ် တစ်ပိဿာ လျှင် ငွေကျပ် ၅၀၀၀-၅၁၀၀  ပေါက်ဈေးရှိကြောင်း သိရသည်။
           

Leave a Reply

Your email address will not be published.