မန္တလေးတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် မြန်မာ့ စိန်တလုံး ပြည်တွင်းဈေးကွက် တွင် ဈေးကောင်းရလျက်ရှိရာ ခြံ ဈေး ၁၆ကီလို ဂရမ်တစ်ခြင်းလျှင် ငွေကျပ် ၅၀၀၀၀-၆၀၀၀၀ ပတ် ဝန်းကျင်ခန့်အထိ ဈေးကောင်းရရှိ နေကြောင်း သာလှအေးကျေးရွာမှ သရက်ခြံရှင်တစ်ဦးက ပြောသည်။
“ ဒီနှစ်စိန်တလုံးက အထွက် နှုန်းနည်းပါတယ်။ ခြံပြုပြင်လုပ် တဲ့ ခြံရှင်အချို့ပဲ အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်း ရရှိ တာပါ။ ခြံပြုပြင်မှုမရှိတဲ့ ခြံများ ကတော့ အထွက်နှုန်းနည်းပါတယ်။ လက်ရှိ ခြံအရောက် ဝယ်ယူဈေး မှာ တစ်ခြင်းလျှင် အရည်အသွေး အလိုက် အနည်းဆုံး ငွေကျပ် ၄၅၀၀၀ မှ အများဆုံး ငွေကျပ် ၆၀၀၀၀ အထိ ပေးဝယ်နေပါတယ်။ အရင်နှစ်ကထက် ဈေးကောင်းရ နေပါတယ်´´ဟု ၎င်းကပြောသည်။
မန္တလေးဒေသထွက် မြန်မာ့ စိန်တလုံးကို ပြည်တွင်းဈေးကွက် ဖြစ်သည့် ရန်ကုန်၊ နေပြည်တော် တို့သို့ ပို့ဆောင်ပြီး ရောင်းချနေ သလို အချို့ကုန်သည်များက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိသည်။
ထိုသို့ ပြည်ပတင်ပို့ရောင်းချ သော်လည်း တင်ပို့စရိတ်ကြီးမြင့် ခြင်း၊ အချိန်ကြာမြင့်ခြင်းတို့ ကြောင့် ဈေးကောင်းမရရှိဖြစ် နေပြီး ပြည်တွင်းဈေးကွက်တွင် ရရှိသည့် ဈေးထက်ပင် လျော့နည်း ရရှိကြောင်း ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။
“မန္တလေးနယ်က စိန်တလုံး သရက်သီးတွေ ပြည်ပတင်ပို့ရ တာ အဆင်မပြေပါဘူး၊ လမ်းခရီး ကြာမြင့်မှုအပြင် တင်ပို့စရိတ် အကုန်အကျ များလှပါတယ်။ ပြည်တွင်းဈေးကွက်က တစ်ခြင်း ကို ၅၀၀၀၀-၆၀၀၀၀ ရရှိနေတာမို့ နယ်စပ်အရောက်ဈေးနဲ့ ညီနေပါ တယ်။ ဒါကြောင့် တောင်သူများ အနေနဲ့ ပြည်တွင်းဈေးကွက်ကို သာ အားပြုရောင်းချစေချင်ပါ တယ်´´ဟု ၎င်းက ပြောသည်။
မြန်မာ့စိန်တလုံးရာသီမှာ ဧပြီမှ ဇွန်လအကုန်အထိ အသီး လှိုင်လှိုင်ပေါ် ဈေးကောင်းရရှိလေ့ ရှိကြောင်း သိရသည်။
Leave a Reply