မိုးဖရဲစိုက်တောင်သူများ ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချနေရ


ရွှေမန်း

မိုးဖရဲစိုက်တောင်သူများ ပြည်တွင်းဈေးကွက်ကိုသာ အား ထားရောင်းချနေရကြောင်း  ဖရဲ စိုက်တောင်သူများထံမှ သိရသည်။

လက်ရှိ မိုးဖရဲစိုက်တောင်သူ များစိုက်ပျိုးထွက်ရှိသည့် ဖရဲသီး များကို ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ခြင်းမရှိသေးဘဲ ရန်ကုန်၊ နေပြည်တော်၊ ဘားအံ၊ မော်လမြိုင် ဈေးကွက်များကိုသာ တင်ပို့ ရောင်းချနေရကြောင်း၊ ထိုသို့ တင်ပို့ ရောင်းချရာတွင်လည်း သယ်ယူ ပို့ဆောင်စရိတ်များ ကြီးမြင့်နေ သောကြောင့် တောင်သူများ အကျိုးအမြတ် ရရှိသင့်သလောက် မရှိကြောင်း ဖရဲကုန်သည် ဦးသစ္စာ က ပြောသည်။

“ လက်ရှိ မိုးတွင်းကာလ ဖြစ်လို့ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်မှု မရှိသေးပါဘူး။ အသီးကားတွေ တိုက်ရိုက်မသွားနိုင်သေးတော့ ဘားအံကနေတစ်ဆင့် ကားလေး တွေနဲ့ ပြန်သယ်နေရတယ်။အသီး ကားတွေက ရက်ကြာလို့မရ တော့ ထိုင်းနိုင်ငံက ဝယ်လိုအား ရှိပေမယ့် မတင်ပို့နိုင်သေးပါဘူး။   ကားခတွေကလည်း လမ်းကြောင်း တစ်လျှောက်မှာ မလိုလားအပ်တဲ့ လမ်းကြေးကောက်ခံမှုတွေကြောင့် ကားခတွေက ဈေးမြင့်သလို အသီး တင်ဖို့ ကားငှားရခက်လာတယ်။ ဒီတော့တောင်သူတွေက အကျိုး အမြတ်ရသင့်သလောက် မရဘဲ အပိုကုန်ကျစရိတ်တွေ များနေတာ ပါ´´ ဟု ၎င်းက ပြောသည်။

ပြည်တွင်းဈေးကွက်သာ တင်ပို့နေရသော်လည်း ဖရဲသီးတင် ကားခတွေနှင့် အပိုကုန်ကျစရိတ် များကြောင့်   တောင်သူတွေက အကျိုးအမြတ်မကျန်ရှိဘဲ အမြတ် အနည်းငယ်သာ ရရှိနေခြင်းဖြစ် သည်။

မိုးဖရဲစိုက်ပျိုးသည့် မုံရွာ-ချောင်းဦးဒေသကနေ ရန်ကုန်ကို ၁၂ဘီးကားခ ငွေကျပ် သိန်း၃၀ ကျော်၊ သဲတော-ဝမ်းတွင်းဒေသ ကနေ ရန်ကုန်ကို ကားခ ငွေကျပ် သိန်း ၂၀ ကျော်ပေးရသည့်အပြင်  စစ်ကိုင်းကံတလူဂိတ်မှ စစ်ကိုင်း တံတားကြားတွင် အသီးကားများ အနေဖြင့် အပိုကုန်ကျစရိတ် ငွေ ကျပ် ၄-၅သိန်းခန့် ကုန်ကျနေ ကြောင်း အသီးကားမောင်းသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ဖရဲကား ၁၂ဘီးကားတစ်စီးလျှင် ရန်ကုန် အရောက် အသီးဈေးမှာ ငွေကျပ်  သိန်း ၆၀ ကျော် ရရှိသော်လည်း သယ်ယူတင်ပို့စရိတ်မြင့်မားနေ ခြင်းကြောင့် အကျိုးအမြတ် နည်းပါးနေခြင်း ဖြစ်သည်။

ရန်ကုန်ဈေးကွက်တွင်လည်း မိုးတွင်းကာလ အသီးစားသုံးမှု နည်းပါးနေသေးကြောင်း၊ လာမည့် အောက်တိုဘာလတွင် ပြည်တွင်း စားသုံးမှု မြင့်မားလာမည်ဖြစ် သည်။

သယ်ယူပို့ဆောင်ခများ အပြင် စိုက်ပျိုးစရိတ်နှင့်သွင်းအား စုများလည်း ဈေးမြင့်တက်နေသော ကြောင့် လာမည့် ဆောင်းစိုက်ရာ သီတွင် ဖရဲစိုက်တောင်သူများ အနေဖြင့် ဈေးကွက်အခြေအနေကို ချိန်ဆစိုက်ပျိုးသင့်ကြောင်း သိရ သည်။    

Leave a Reply

Your email address will not be published.