ရွှေမန်း
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံး မျိုးကို တစ်နှစ်သုံးသီး စိုက်ပျိုး လျက်ရှိကြောင်း တောင်သူများ ထံက သိရသည်။
ထိုသို့ စိုက်ပျိုးခြင်းဖြင့် စိုက် ပျိုးမြေကိုသဘာ၀အတိုင်း ပြုပြင် ပြီးသားဖြစ်သလို စိုက်ပျိုးသည့် သီးနှံအတွက် သုံးစွဲရသည့် သွင်း အားစုဓာတ်မြေ ဩဇာသုံးစွဲမှုလည်း သက်သာကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် မိုးစပါး စိုက်ပျိုးချိန်က ဆည်ရေ မရရှိမှုကြောင့် ရေတင် ရေသွင်းပြီး စိုက်ပျိုးရသဖြင့် တစ် ဧက စိုက်ပျိုးစရိတ် ပိုမိုကုန်ကျ ထားကြောင်း ပုသိမ်ကြီးမြို့နယ် မှ တောင်သူဦးမျိုးသန့်က ပြော သည်။
“ ဒီနှစ်မိုးစပါးစတင်စိုက်ပျိုး ချိန်မှာ ဆည်ရေအခက်အခဲရှိခဲ့ တော့ ရေသွင်းရေတင်ပြီး ခက် ခက်ခဲခဲ ဖြစ်အောင်စိုက်ပျိုးခဲ့ရ တော့ အလုပ်သမားစရိတ်၊ စက် သုံးဆီ ဈေးကြီးမြင့်တာတွေ သွင်းအားစု ဈေးတွေကလည်း မနှစ်ကထက် ဈေးမြင့်တက် တာပါ။ ဒီနှစ်မိုးစပါးက သေချာ ဂရုစိုက်ထားလို့ စပါးထွက်နှုန်း တော့ ကောင်းလာပါတယ် ´´ ဟု ၎င်းက ပြောသည်။
တောင်သူ ဦးမျိုးသန့်အနေ ဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်း တစ်ဆက်တစ်စပ်တည်း ဧက ၄၀ ကျော်ကို မိုးရာသီတွင် မိုး စပါး ဆောင်းရာသီတွင် ကုလား ပဲ၊ နွေရာသီတွင် နွေနှမ်း၊ နေကြာတို့ကို တစ်နှစ်ပတ်လုံး တွင် သုံးသီးရအောင် သီးလှည့် စိုက်ပျိုးခြင်းကြောင့် သီးနှံ အလိုက် အောင်မြင်ဖြစ်ထွန်းမှု အားကောင်းပြီး ဝင်ငွေကောင်း လျက်ရှိသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ကကျေးရွာအများစုမှာ မိုးစပါး စိုက်ပျိုးနိုင်မှုလျော့ကျခဲ့ပြီး သက် ငယ် စပါးများကိုသာ ဖြည့်စွက် စိုက်ပျိုးခြင်း၊ အခြားသီးနှံ မတ်ပဲ၊ ပဲတီစိမ်းကို အစားထိုး စိုက်ပျိုး ခဲ့ကြကြောင်း၊ ယခု မိုးစပါး ရိတ်သိမ်းပြီးတာနှင့် ကုလားပဲကို ချက်ချင်း စိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံက သိရသည်။
လက်ရှိမိုးစပါးရိတ်သိမ်း ချိန်တွင် တစ်ဧက စပါးရိတ် သိမ်းစက်ငှားရမ်းခမှာ ငွေကျပ် ၁၇၀၀၀၀ ထိပေးရသဖြင့် ယခု နှစ်မိုးစပါးစိုက်ပျိုးစရိတ်မှာ တစ် ဧကလျှင် ငွေကျပ် ၁၀သိန်း ကျော်ထိ ကုန်ကျမှုရှိကြောင်း သာလှအေးကျေးရွာမှ တောင်သူ ကိုရဲက ပြောသည်။
Leave a Reply