မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးသော မိုးနှမ်းများ စတင်ရိတ်သိမ်း

ရွှေမန်း

မကွေးတိုင်းဒေသကြီးမှ ဆီထွက် သီးနှံအထူးဇုန်စိုက်ပျိုး မှုမှ မိုးနှမ်းများစတင် ရိတ်သိမ်း၍ ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်စိုက်ပျိုးရာသီမှ စတင် ကာ ဆီထွက်သီးနှံ ဧက ၃သန်း ကို အထူးဇုန်သက်မှတ်ပြီး မေလ မှ စတင်စိုက်ပျိုးခဲ့ရာ ဩဂုတ် လ တတိယပတ်တွင် စတင်ရိတ် သိမ်းပြီး   ဈေးကွက်အတွင်  ရောင်းချနေခြင်း ဖြစ်သည်။

 မကွေးတိုင်းဒေသကြီးအတွင်း  မှာ စားသုံးဆီဖူလုံရေးအတွက် အထူးဇုန်သတ်မှတ်ကာ မြေပဲ ၆၉၉၈၂ ဧက၊ နှမ်း ၂၃၅၇၈၇ ဧက၊ နေကြာ ၅၀၈၃၁ ဧက စုစုပေါင်း ၃၅၆၆၀၀ ဧကကို  မေလ မှစတင်ကာ စိုက်ပျိုးခဲ့   ခြင်း ဖြစ်သည်။

 မကွေးတိုင်းဒေသကြီး၊မကွေး မြို့နယ်အတွင်းရှိ ဈေးကွက်သို့ ကျေးရွာများနှင့် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ နတ်မောက်မြို့ နယ်အတွင်းရှိ  ကျေးရွာများမှ    မိုးနှမ်းများ  ရိတ်သိမ်းပြီးဖြစ်၍ နေ့စဉ်ဝင်ရောက်ကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ(တတိယပတ်) အတွင်း နှမ်းဖြူ(ဂျပန်)တစ်တင်း လျှင် ငွေကျပ် ၁၅၀၀၀၀၊ နှမ်းဖြူ (ခြုံ)တစ်တင်းလျှင်  ငွေကျပ် ၁၄၃၀၀၀၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၁၃၈၀၀၀၊ နှမ်းနက် (စမုန်)တစ်တင်းလျှင် ငွေကျပ် ၂၁၅၀၀၀ ဖြင့် အရောင်းအဝယ်   ဖြစ်လျက်ရှိပြီး   ဩဂုတ်လ (တတိယပတ်)အတွင်း တင်း ပေါင်း ၂၉၃၉၅၀ တင်း၊ ၄၈၀တန်  အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက် လုပ်ငန်းရှင်များနှင့် နှမ်းလှော်ဖို များက ဝယ်ယူမှုရှိကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ ရောင်း ချလျက်ရှိသည်။

ဩဂုတ်လ(ဒုတိယပတ်)နှင့် (တတိယပတ်)အတွင်း ဈေးနှုန်း များ နှိုင်းယှဉ်ပါက ယခုတစ်ပတ် အတွင်း နှမ်းဖြူ(ဂျပန်) တစ် တင်းလျှင် ငွေကျပ် ၇၀၀၀၊ နှမ်း ဖြူ(ခြုံ)တစ်တင်းလျှင် ငွေကျပ် ၅၀၀၀၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၃၀၀၀၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်လာကြောင်း၊  ရာသီဥတုမမှန်မှုကြောင့် အထွက် နှုန်းလျော့နည်းခြင်းနှင့် ပြည်ပ ဝယ်လိုအားကောင်းခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။    
       

Leave a Reply

Your email address will not be published.