ရွှေမန်း
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဧပြီလ မှ နိုဝင်ဘာလအထိ ရှစ်လ အတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ယခုဘဏ္ဍာနှစ် ရှစ်လတာ ကာလအတွင်း ပို့ကုန်တင်ပို့မှု ကနေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၂၅ ဘီလီယံရှိထားပြီး ပို့ကုန်လျာထားချက်၏ ၆၀ရာခိုင် နှုန်း ရရှိထားခြင်းဖြစ်သည်။
ပို့ကုန်တင်ပို့မှုများအနေဖြင့် ဆန်၊ဆန်ကွဲ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၀၄ သန်းရရှိထားပြီး တန်ချိန် ၁၆၉၇၁၆၅ဒသမ၈၉ မတ်ထရစ်တန်ကို နိုင်ငံပေါင်း ၂၃ နိုင်ငံကို တင်ပို့ထားကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ပြောင်းတင်ပို့မှုအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ၈လတာ အတွင်း အမေရိကန်ဒေါ်လာ ၃၉၂ သန်းနီးပါးရရှိထားပြီး ပြောင်းတန် ချိန် ၁ဒသမ၆၉သန်း တင်ပို့နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းက ထုတ်ပြန်ထားသည်။
ပို့ကုန်ပဲမျိုးစုံတင်ပို့မှုအနေ ဖြင့် အိန္ဒိယနိုင်ငံမှ အများဆုံး ဝယ်ယူထားပြီး ပြည်ပတင်ပို့မှု စာရင်းများအရ ပဲမျိုးစုံ စုစုပေါင်း တန်ချိန် ၉၅၆၃၁၃ ဒသမ ၈၅ တင်ပို့ထားသည်။
ထိုသို့တင်ပို့ရာတွင် အိန္ဒိယ နိုင်ငံသို့ မတ်ပဲတန်ချိန် ၄၃၇၇၄၉ ဒသမ ၈၅ အထိ တင်ပို့ထားပြီး ပဲလွန်းဖြူ၊ ကုလားပဲ၊ မြေထောက်၊ ပဲစင်းငုံ၊ ပြောင်းများကို တင်ပို့ထား ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ရငွေ များကို ဆန်၊ဆန်ကွဲ၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ကြက်သွန်၊ ရာဘာစိမ်း၊ ရေ ထွက်ကုန်ပစ္စည်းများနှင့် သတ္တု တွင်းထွက်ပစ္စည်းများတင်ပို့မှုမှ ရရှိထားကြောင်းသိရသည်။
Leave a Reply