ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ

ရွှေမန်း

ဗဟိုဘဏ်၏ ပို့ကုန်ရငွေ မူဝါဒအပြောင်းအလဲကြောင့် ပို့ ကုန်ပဲများ အနည်းငယ် ဈေးမြင့် တက်လာကြောင်း ပဲ၊နှမ်းကုန် သည်များထံမှ သိရသည်။

ဗဟိုဘဏ်၏ ပို့ကုန်မူဝါဒ ၂၅ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်း သက်မှတ်ချက်ကြောင့် မတ်ပဲနှင့် ပဲစင်းငုံ အရောင်းအဝယ်မှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၀၀၀၀ခန့် ဈေးမြင့်တက်လာ ကြောင်း၊ ပြည်တွင်းသုံး ကုလား ပဲ အုပ်စုနှင့် ပဲမာလိုင်းများမှာ ဈေးငြိမ်လျက် ရှိနေကြောင်း ပြည်တွင်းဆီစက်ပိုင်များ၏  ဝယ် လိုအား ကောင်းနေတာကြောင့် နှမ်းမျိုးစုံနှင့်မြေပဲဆန်မှာ ဝယ်လို အားကောင်း ဈေးမြင့်တက်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

 “ ပို့ကုန်ရငွေအပေါ် မူဝါဒ အပြောင်းအလဲ သတ်မှတ်ချက် ကြောင့် ပို့ကုန်ပဲတွေ ဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံတို့ တစ်အိတ်ကို ငွေကျပ် ၁၀၀၀၀ခန့် ဈေးမြင့်တက် လာပါတယ်။ အခြားပြည်တွင်း ကုလားပဲနဲ့ ပဲမာလိုင်းများကတော့ ဈေးငြိမ်နေပါတယ်။  နှမ်းမျိုးစုံ နဲ့ မြေပဲဆန်ကတော့ ပြည်တွင်း ဆီစက်ပိုင်တွေ ဝယ်လိုအားကောင်း လို့ဈေးက ကောင်းနေပါတယ်။ ပဲဈေးကွက်တစ်ခုလုံးမှာ ပို့ကုန် ပဲတွေက တက်ရိပ်ပြလာပေမယ့် ပြည်တွင်းပဲတွေကတော့ စောင့် ကြည့်နေတဲ့သဘောပါ´´ ဟု ၎င်း က ပြောသည်။

ဩဂုတ် ၈ ရက်တွင် ပို့ကုန်  မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၃၂၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀ ပေါက်ဈေးဖြစ်လာသည်။  
   
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးနှုန်းအတက်အကျ အနည်းငယ်သာရှိပြီး လက်ရှိ ဈေးတန်းက အောက်ခံဈေးတန်း ဖြစ်လာရာ ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။  

 မြေပဲဆန်နှင့် နှမ်းမျိုးစုံ ဆက်လက်ဈေးမြင့်တက်နေရာ ဩဂုတ် ၈ရက်တွင် ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊  ပဲပုပ်(ရှမ်း)တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၄၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၈၀၀ ပေါက်ဈေးရှိနေပြီး မြေပဲ ဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ပေါက်ဈေးရှိနေသည်။

ဩဂုတ် ၈ ရက်တွင်  နှမ်း မျိုးစုံပေါက်ဈေး  ဆက်လက်မြင့် တက်နေရာ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၆၀၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၄၀၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေ ကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ် အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊  အသီးသီးပေါက်ဈေး ရှိနေကြောင်း သိရသည်။
 

Leave a Reply

Your email address will not be published.