ပြောင်းရာသီအစ တောင်သူများ ဈေးကောင်းရလာ

ရွှေမန်း

ယခုနှစ် ပြောင်းရာသီအစ တွင် ပြည်တွင်းပြောင်းဈေးကွက် မှာ ယခင်နှစ်ထက် ဈေးကောင်း ရရှိလာကြောင်း ပြောင်းကုန်သည် များထံမှ သိရသည်။

လက်ရှိ တွင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ မှု ရပ်နားထားသော်လည်း အခြား ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံ များသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့ရောင်းချလျက်ရှိ သည်။ မကြာမီ တရုတ်နိုင်ငံသို့ လည်း နယ်စပ်ကုန်သွယ် ရေးလမ်း ကြောင်းမှတစ်ဆင့် ပြန်လည်တင် ပို့နိုင်မည့် မျှော်လင့်ချက်များဖြင့် ပြောင်းရာသီအစကတည်းက ဈေး ကောင်းပေးဝယ်ယူကာ ပြောင်စုဆောင်း မှုများ ရှိနေကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

နိုဝင်ဘာ ၂၁ ရက်တွင် မန္တလေးဈေးကွက်၌ ပြောင်း (CP)-၅၄ပိဿာတစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀- ၇၈၀၀၀၊ အထွက်တိုးပြောင်း(နီ) -၅၃ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၇၅၀၀၀၊ ပြောင်း(ဗမာ)-၅၄ ပိဿာတစ် အိတ်လျှင် ၇၆၀၀၀ ပေါက်ဈေးရှိ နေပြီး ရန်ကုန်ဆိပ်ကမ်းအရောက် ပြောင်းဈေးတစ်ပိဿာလျှင် ၁၅၅၀ ကျပ် ပေါက်ဈေးရှိနေသည်။

ထိုင်းနိုင်ငံသို့ ပြောင်းဆန် တင်ပို့မှုကို မရပ်နားမီ စက်တင် ဘာလမတိုင်မီက ဩဂုတ်လအတွင်း ပြည်တွင်းပြောင်းပေါက်ဈေးမှာ ငွေကျပ် ၁၇၅၀ အထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ပြီး ပို့ကုန်မူဝါဒ အပြောင်းအလဲတွင် ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာ ပို့ကုန်သမားများ အဆင်ပြေခဲ့သည်။

ပြောင်းစိုက်ပျိုးမှုကို ရှမ်းပြည် နယ်၊ ဧရာ၀တီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးပြီး ဖူးစားပြောင်းများကို လည်းဒေသအလိုက် စိုက်ပျိုးနေ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.