ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ

ရွှေမန်း

ပြည်ပမှ ဝယ်လိုအားကောင်း သောကြောင့် ပို့ကုန်ပဲများ စံတင် ဈေးကောင်းရရှိလာကြောင်း ပဲကုန်  သည်များထံက သိရသည်။ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံ တို့မှာအိန္ဒိယနိုင်ငံ၏ဝယ်လိုအား ကောင်းလာခြင်းနှင့် ပြည်တွင်း လက်ကျန်ပဲနည်းလာသောကြောင့်  စက်တင်ဘာ  ၁ ရက်တွင် ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀၀ အထိ စံချိန်တင်ဈေး မြင့်တက်လာပြီး တစ်ပတ်အတွင်း တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀ နီးပါးဈေးမြင့်လာခြင်းဖြစ်ကြောင်း၊  FOB ဈေးနှုန်းများလည်း မြင့် တက်လာတာကြောင့်လည်း ယခု လိုပို့ကုန်ပဲများ စံချိန်တင်ဈေး ကောင်းရရှိလာခြင်းဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း  ရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်က ပြောသည်။“ ပို့ကုန်ပဲတွေက အိန္ဒိယ ဝယ်လိုအားကောင်းလာသလို FOB ဈေးမြင့်တက်လာတော့ ပြည်တွင်း ပဲဈေးကွက်မှာလည်း ဈေးမြင့်တက်လာတာပါ။ နောက် ပဲစင်းငုံက နယ်မှာရော ကုန်သည် တွေဆီမှာ လက်ကျန်နည်းနေ ပါပြီ။ နိုင်ငံခြားငွေဈေးကလည်း ပြန်တက်လာတော့ စံချိန်ဈေး မြင့်တက်လာတာပါ။ အရောင်း အဝယ်ပမာဏ များများစားစား မရှိတော့ပါဘူး´´ ဟု ၎င်းက ပြော သည်။ပြည်တွင်းပဲဈေးကွက်မှာ စက်တင်ဘာ ၁ ရက်တွင် ပို့ကုန် မတ်ပဲ ပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၃၇၅၀၀၀၊ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၄၉၅၀၀၀-၅၀၀၀၀၀ ပေါက်       ဈေးဖြင့် စံချိန်တင် ဈေးကောင်းရ ရှိလာသည်။လက်ရှိပြည်တွင်း ပို့ကုန်ပဲ များမှာလက်ကျန်နည်းနေပြီး မကြာမီ မတ်ပဲ၊ ရေသွင်းပဲသစ် များ ဈေးကွက်အတွင်းဝင်ရောက်     လာရန်ရှိသော်လည်း ပဲစင်းငုံမှာ လက်ကျန်မရှိသလောက် နည်း နေသည်။ပဲစင်းငုံမှာ လက်ရှိကာလ တွင်စိုက်ပျိုးဆဲကာလဖြစ်ပြီး လာ မည့် ဖေဖော်ဝါရီ၊ မတ်လမှသာ ပဲသစ်ပေါ်မည် ဖြစ်သည်။ ပို့ကုန်ပဲဈေးကွက်တွင် မနှစ်က  ပဲရာသီကတည်းက ဈေးကောင်း ရရှိနေသည့် ပဲစင်းငုံကို ယခုနှစ် စိုက်ပျိုးရာသီတွင် တောင်သူများ တိုးချဲ့စိုက်ပျိုးထားကြောင်း သိရ သည်။                    

Leave a Reply

Your email address will not be published.