ပြည်ပမှ ပဲပုပ်တင်သွင်းမှုလျှော့ချပြီးပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးအသုံးပြုသွားမည်

ရွှေမန်း

  ပြည်ပမှ ပဲပုပ်တင်သွင်းမှု ကိုလျှော့ချပြီး ပြည်တွင်းထုတ် လုပ်မှုကို အစားထိုးသွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရ သည်။

 ပြည်တွင်းတိရစ္ဆာန်အစာ အတွက်လိုအပ်သည့် အသားဓာတ် အဖြစ် ပဲပုပ်ဖတ်ကို ပြည်ပကနေ တင်သွင်းမှုကို ၃နှစ် အတွင်းအပြီး လျှော့ချသွားဖြစ်ကြောင်း၊ ပြည် တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ်ဖတ်တွေကို အစား ထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ပဲပုပ်ဖတ်ကို ပြည်ပကနေ တင်သွင်းနေရတာကို ၃နှစ်အတွင်း အပြီးလျှော့ချသွားမှာပါ။တိရစ္ဆာန် အစာအတွက်လိုအပ်တာကို ပြည် တွင်းက ပဲပုပ်ဆီဖတ်တွေနဲ့ အစား ထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်နေပါ တယ် ´´ ဟု ၎င်းကပြောသည်။

ပြည်တွင်းမှာ ပဲပုပ်ကို ကြက်၊  ဝက်နှင့် ငါး အပါအဝင် တိရစ္ဆာန်  အစာလိုအပ်ချက်အပြင် ကုန်ချော ပါထုတ်လုပ်နေတာကြောင့် ပြည် တွင်းလိုအပ်ချက်အတွက် နှစ်စဉ် ပဲပုပ်ဖတ်ကုန်ကြမ်း တန်ချိန် ၈ သိန်းကျော် ပြည်ပမှ တင်သွင်းနေ ရသည်။

 ပဲပုပ်ကုန်ကြမ်းအများစု      ကို အမေရိကန်၊ အာဂျင်တီးနား၊ အာဖရိကနှင့် ထိုင်းနိုင်ငံများမှ အဓိကတင်သွင်းလျက်ရှိပြီး ယင်း ထဲမှ ထက်ဝက်ကျော်ကို ငါး လုပ်ငန်းကဏ္ဍမှာ အသုံးပြုလုပ် လျက်ရှိသည်။

ပဲပုပ်ကို ရှမ်းပြည်နယ်တောင်  ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးကြပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှာလည်း အနည်းငယ် စိုက်ပျိုးလျက်ရှိသည်။

ပဲပုပ်မှ ပဲနို့ရည်၊ အသားတု၊  ပဲပုပ်ခြောက်၊ ဆီတိုဟူး၊ မုန့်မျိုးစုံ တို့အဓိကထုတ်လုပ်ပြီး ပြည်တွင်း  ဈေးကွက်အတွက်လည်း ဝယ်လို အားကောင်းနေသည်။

လက်ရှိ ရန်ကုန်ဘုရင့်နောင် ဈေးကွက်အတွင်း ပဲပုပ်(မြစ်၀ ကျွန်းပေါ်)၊ အထွက်တိုး တစ် ပိဿာ ငွေကျပ် ၆၀၀၀-၆၁၇၀ ပေါက်ဈေး ရှိနေသည်။

 မန္တလေးဈေးကွက်တွင် ဩဂုတ် ၂၀ ရက်တွင် ပဲပုပ်(ကာ ဘိုး) ၅၃ ဒသမ ၂၅ ပိဿာတစ် အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀-၃၆၀၀၀၀၊ ပဲပုပ်(ဗမာ)၊ ၅၃ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်  ၃၅၀၀၀၀၊ ပဲပုပ်(ရှမ်း) ၅၃ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်  ၄၀၀၀၀၀-၄၁၅၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။
       

Leave a Reply

Your email address will not be published.