ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ

ရွှေမန်း

ပြည်တွင်းသကြားဈေးတည်ငြိမ်နေ
 ပြည်တွင်းထွက်ရှိသည့် သကြားများတွင် ပြည်ပတင်ပို့နိုင် သည့် အရည်အသွေးမီ သကြားဖြူ ပမာဏ နည်းလာတာကြောင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုလည်း နည်းလာနိုင်သည်။

၂၀၂၃-၂၀၂၄ ကြံရာသီ တွင် ထုတ်လုပ်ခဲ့သည့် သကြား များမှာ ရာသီနောက်ကျကြိတ် ဝါးမှုများကြောင့် အရည်အသွေး ကောင်း ပထမအဆင့် သကြား ဖြူထွက်ရှိသည့်ပမာဏ နည်းပါး ခဲ့ပြီး ဒုတိယတန်းစား သကြား များသာ ပိုမိုထွက်ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ပို့ကုန်သကြားတင်ပို့ မှုလျော့နည်းနိုင်ပြီး ပြည်တွင်း တွင်သကြားပိုလျှံမှုများနေနိုင် ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးဝင်ဌေးက ပြောသည်။

 “ သကြားရာသီအသစ် ပြီးပြီးချင်းမှာ သကြားတန်ချိန် တစ်သိန်းကျော် တင်ပို့ထားခဲ့ပြီး နောက်ပိုင်းမှာ အရည်အသွေး ကောင်းသကြားဖြူပမာဏက နည်း သွားတော့ တင်ပို့ဖို့ လျော့နည်း နိုင်ပါတယ်။ ပြီးခဲ့တဲ့ ကြံရာသီ မှာ စက်ရုံတွေက နောက်ကျ လည်ပတ်တာတွေရှိတော့ သကြား အရည်အသွေး ကျဆင်းတာတွေ ရှိခဲ့တာပါ၊၊ အရည်အသွေး ဒုတိယ အဆင့်သကြားတွေ ပိုမိုထွက်ရှိခဲ့ လို့ ပြည်တွင်းမှာ သကြားလက်ကျန် ပိုမိုနိုင်တဲ့သဘောပါ။ နိုင်ငံတင်ပို့ တဲ့ အရည်အသွေးမီ သကြားက တော့ နည်းသွားပါပြီ´´ ဟု ၎င်း က ပြောသည်။

 ပြည်တွင်းသကြားဈေး လက်ရှိမှာ တည်ငြိမ်မှုရှိနေပြီး  ဩဂုတ် ၁၅ ရက်တွင် မန္တလေး ဈေးကွက်တွင် ပေါင်းသကြား တစ်ပိဿာ ငွေကျပ် ၄၅၀၀-၄၇၅၀၊ ခါသကြား တစ်ပိဿာ ၃၈၀၀-၃၉၀၀ ပေါက်ဈေး ရှိနေ သည်။
ပြည်တွင်းမုန့်လုပ်ငန်းများ တွင် သကြားဖြူကို သုံးစွဲကြ သလို၊ ပြည်တွင်းနို့ဆီချက်လုပ်ငန်း များတွင် ဒုတိယတန်းအရည် အသွေးသကြားများကို အသုံးပြုမှု ပိုများသည်။

ယခုနှစ်ကြံရာသီတွင် မြန်မာ နိုင်ငံတစ်ဝန်းမှ သကြားတန်ချိန် ၁၀သိန်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပ သို့ တန်ချိန်တစ်သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ပြည်တွင်းလက် ကျန်သကြားပမာဏ ပိုလျှံနိုင်ကာ ပြည်တွင်းသကြားဈေး တည်ငြိမ် နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.