ပြည်တွင်း မြေပဲနှင့်  မြေပဲဆီဈေး အမြင့်ဈေးတွင် ရှိနေ

ရွှေမန်း

ပြည်တွင်းမြေပဲနှင့် မြေပဲဆီ ဈေးကွက်သည် အမြင့်ဈေးတွင် ရှိနေပြီး မန္တလေးဈေးကွက်တွင် သာ  လက်ကျန်ပစ္စည်းရှိတော့ ရာ တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ အထိ ပေါက်ဈေး ရှိလာ သည်။

အဓိက မြေပဲလက်ကျန် နည်းပါးလာခြင်း ပြည်တွင်းဆီ စက်ပိုင်များ၏ ဝယ်လိုအားကောင်း နေခြင်းကြောင့် မြေပဲဆန်မှာ အမြင့် ဈေးတွင်ရှိနေခြင်း ဖြစ်သည်။

“ ဧပြီလဆန်းပိုင်းက ထွက်ရှိ ထားသည့် မြေပဲများနှင့် ကျွန်း မြေပဲများ လက်ကျန်နည်းပါးလာ ပါပြီ။ တချို့လည်း မရောင်းသေး ဘဲ မြေပဲအတောင့်လိုက် လှောင် ထားသူတွေကတော့ အခုချိန် အကျိုးအမြတ်များပါတယ်။ မြေပဲ ပေါ်ပေါ်ချင်းရောင်းတဲ့ တောင်သူ တွေကလည်း ဈေးကောင်းရခဲ့ ပါတယ်´´ ဟု မြေပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။

ဇူလိုင် ၂၄ ရက် မန္တလေး ဈေးကွက်တွင် မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၃၀၀-၈၅၀၀ ပေါက်ဈေးရှိနေပြီး  မြေပဲ ဆီ တစ်ပိဿာလျှင်  ငွေကျပ် ၁၇၀၀၀-၁၈၀၀၀၊ ပဲဖတ် တစ် ပိဿာလျှင် ငွေကျပ် ၄၀၇၀ ပေါက်ဈေးရှိနေသည်။

မြေပဲဆန်ဈေးမြင့်တက်မှုနဲ့ အတူ မြေပဲဆီဈေးကလည်း အရင်က တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ခန့်သာ ပေါက်ဈေးရှိရာမှ ယခုအခါ လက်ကားဈေး တစ် ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ ထိ မြင့်တက်လာသည်။

မြေပဲဆန်ကို ဧရာ၀တီမြစ်ရိုး တစ်လျှောက်နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းဒေသ ကြီးတို့တွင် အများဆုံးစိုက်ပျိုး ကြသည်။        
လက်ရှိအချိန်တွင် ပြည်တွင်း ဆီလိုအပ်ချက်မြင့်မားနေတာ ကြောင့် မြေပဲကို တိုးမြှင့်စိုက်ပျိုးသင့် ကြောင်း သိရသည်။
   

Leave a Reply

Your email address will not be published.