ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ

 
ရွှေမန်း

  ပြည်တွင်းဒေါ်လာဈေး တည်ငြိမ်နေပြီး ငွေဈေးကျဆင်း နေသောကြောင့် ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး ဆက်လက် ဈေးကျ ဆင်းနေကြောင်း ပဲ၊နှမ်းကုန်သည် များထံမှ သိရသည်။

ပြည်တွင်းဒေါ်လာဈေးမှာ သီတင်းတစ်ပတ်ခန့်ကျဈေးဖြင့် တည်ငြိမ်နေရာ စက်တင်ဘာ ၄ ရက်နေ့တွင် ဝယ်ရောင်းဈေး အမေ ရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၆၀၀ ဝန်းကျင် ပြင်ပပေါက်ဈေး ရှိနေပြီး  ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းသုံးကုလားပဲများ ဆက် လက်ဈေးကျဆင်းလာခြင်း ဖြစ် သည်။

မန္တလေးပဲ၊ နှမ်းကုန်စည်ဒိုင် တွင် ပွဲစားကုန်သည်များ အရောင်း အဝယ် ငွေပေးချေမှု၊ တင်ပို့စရိတ် များနှင့် ရက်ကြာမြင့်မှုများကြောင့် အရောင်းအဝယ်တစ်ခုနှင့်တစ်ခု လုပ်ငန်းပြီးမြောက်မှု နှေးလာ သောကြောင့်လည်း ဈေးကွက်တစ်  ခုလုံးခပ်အေးအေး ဖြစ်နေသည်။

ဒေါ်လာငွေဈေးအကျနှင့် တည်ငြိမ်နေသလို အရောင်း အဝယ် ငွေပေးချေမှုတွေမှာလည်း  ရက်ကြာမြင့်မှုတွေရှိနေတော့ အရောင်းအဝယ်အေးသွားခြင်းဖြစ် ကြောင်း၊ လက်ရှိမှာ ပို့ကုန်ပဲတွေ ဈေးကျဆင်းတော့ အခြားပဲတွေ လည်း လိုက်ပါကျဆင်းလာခြင်း ဖြစ်ကြောင်း၊ ပဲ၊ နှမ်းကုန်စည် ဒိုင်တွင် ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံးကုလားပဲများပါ ဈေး သိပ်မပြတ်ဘဲ အရောင်းအဝယ် အေးကြောင်း မန္တလေးတိုင်းဒေသ ကြီး ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)က ပြောသည်။

 “ လက်ရှိဈေးကွက်မှာ ပို့ ကုန်ပဲတွေ ဈေးကျဆင်းနေသလို ပြည်တွင်းသုံး ကုလားပဲတွေပါ ဈေးမပြတ်ဖြစ်နေတာပါ။ရန်ကုန်- မန္တလေး အရောင်းအဝယ်တင်ပို့မှု တွေမှာရော ငွေပေး၊ ငွေချေရာမှာ ပါ နှေးနေတော့ ပွဲစားကုန်သည် တွေ အလုပ်သိပ်မဖြစ်ဘူး။ ဒီတော့ ဈေးကွက်တစ်ခုလုံးက အေးနေတဲ့ သဘော ဖြစ်နေတာပါ။ ပို့ကုန် ပဲစင်းငုံဆိုရင် တစ်အိတ် ငွေကျပ် ၅၀၀၀၀၀ အောက်ကျဆင်းသွား ပါတယ်။ ပြည်တွင်းသုံး ကုလား ပဲတွေလည်း ဈေးကျဆင်းနေပါ တယ်´´ ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၅ ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ်  ၃၈၅၀၀၀(ဟောင်း)၊ မတ်ပဲ (ရေသွင်းသစ်)ငွေကျပ် ၃၆၅၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀ ပေါက်ဈေးဖြစ်လာ သည်။ ပဲတီစိမ်းအညာ တစ်အိတ် လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက် ဈေး ဖြစ်လာသည်။  

  ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပို့ကုန်တင်ပို့မှု အဝယ် အေးသွားသောကြောင့် ဈေးနှုန်း အနည်းငယ် ဆက်လက်ဈေးကျ ဆင်းသွားရာ ကုလားပဲ ဠ၂ တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ကုလားပဲ  ဠ၇ တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ်  ၂၇၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။  

မိုးမြေပဲများ ဒေသစုံ အဝင် များလာသော်လည်း ဈေးဆက်  လက်ကျဆင်းမှုမရှိတော့ဘဲ ဈေး  တည်ငြိမ်နေရာ စက်တင်ဘာ ၅ ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ပဲပုပ်(ရှမ်း) တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေ ကျပ် ၄၂၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ ပေါက်ဈေးရှိ နေပြီး မြေပဲအနီလုံးဆန်တစ် ပိဿာလျှင် ငွေကျပ် ၈၈၀၀-၉၄၀၀ ပေါက်ဈေးရှိနေပြီး မြေပဲ ဆီတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ပေါက်ဈေးရှိနေသည်။

နှမ်းဈေးကွက်တွင် နှမ်းနက် တစ်မျိုးသာ ဈေးဆက်လက်မြင့် တက်နေပြီး အခြားနှမ်းများ ဈေး တည်ငြိမ်လျက်ရှိရာ စက်တင်ဘာ ၅ရက်တွင် နှမ်းမျိုးစုံပေါက်ဈေး အနည်းငယ်ကျဆင်းလာရာ နှမ်း နက်(စမုန်)တစ်အိတ်လျှင် ငွေ ကျပ် ၅၆၅၀၀၀၊ (အက်စစ်လွတ်) ၆၇၀၀၀၀၊ နှမ်းဖြူ(ဂျပန်)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀၊ နှမ်းဖြူရိုးရိုးတစ်အိတ် လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊  ပန်းနှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ အသီးသီးပေါက်ဈေး ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.